တရားအားထုတ်တာ အရှိန်ရသွားတဲ့လူတွေကြတော့ လက်တွေ ခြေတွေ ခေါင်တွေဆိုတာ
လည်းပျောက်သွားတယ်။ ဒါကို အာရုံမပြုမိတော့ဘူနော် နာတဲ့ သဘောသက်သက၊
ညောင်းတဲ့ သဘောသက်သက်၊ ပူတဲ့ သဘောသက်သက်၊ အေးတဲ့ သဘောသက်သက်၊ ကိုက်တဲ့
သဘောသက်သက် အဲသလို သဘောသက်သက် ကိုမြင်တဲ့အခါမှာ ပုဂ္ဂိုလ်၊သတ္တဝါဆိုတာ
ပျောက်သွားပြီး နာမည်လည်းတပ်လို့မရတော့ဘူး။ အဲလိုအခါမှာ ပုဂ္ဂိုလ်၊ သတ္တဝါ
မဟုတ်တော့ပဲနဲ့ သူ့သဘောသက်သက်လို့ သိလိုက်ရတာ အလွန်ထူးဆန်းတယ်။ ပူတာ အေးတာ ကမထူးဆန်းဘူးနော်။
ပြောပါများရင်တော့ ကြားပါများရင် ရိုးသွားတယ်နော်။ တကယ်ကိုယ်ဟာကို
သိနေရတဲ့သူ ကြတော့ ဘယ်တော့မှ မရိုးဘူး။ သိတဲ့ဉာဏ်က အမြဲတမ်းအသစ်အသစ်
ဖြစ်နေတယ်။ တစ်ခါသိပုံနဲ့ နောက်တစ်ခါသိပုံ မတူဘူး။ ပိုပြီး နက်နဲလာတယ်။
ပိုပြီး သိမ်မွေ့လာတယ်။ အဲဒီလို အရှု့ခံဖြစ်တဲ့ ရုပ်ရဲ့သဘော၊
ဝေဒနာရဲ့သဘောကို ကြည့်ရင်းကနေ အဲဒီ ရုပ်တို့ ဝေဒနာတို့ကို သိနေတဲ့စိတ်ကိုပါ
ပြန်ကြည့်လို့ရတယ်နော်။ တရားအားထုတ်နေတဲ့စိတ်ကိုပဲ ပြန်ရှု့မှတ်လို့ရတယ်။
ဝိပဿနာစိတ်ကို ပြန်ပြီးတော့ ဝိပဿနာ ရှု့တာပဲနော်။
ဝိပဿနာစိတ်ကို
ပြန်ပြီး ဝိပဿနာ ရှု့နိုင်လို့ရှိရင် ဝိပဿနာက ပိုပြီး အားကောင်းလာတယ်။
ပိုပြီး တော့ပြည့်စုံလာတယ်။ သို့မဟုတ်ရင် တခါတရံ ဘယ်လိုထင်သလဲဆိုတော့ ဒီလို
ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိနေတာ ငါသိတာပဲ ဒါငါဉာဏ်ပဲလို
ထင်နေတယ်။ အဲဒီ ရှု့မှတ်နေတဲ့၊ သိနေတဲ့ အဲဒီ ဝိပဿနာဉာဏ်ကိုပဲ
ပြန်ကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနေတဲ့သဘောလေး ဆိုတာကို သိလာတယ်။
တခါတလေ မရှင်းတာကိုလည်း သိလာတယ်။ အာရုံတစ်ခုပေါ်လာတယ်။ အဲဒီ အာရုံကို
ရှု့မှတ်တဲ့စိတ် ဖြစ်တယ်။ အဲဒီ အာရုံကိုရှု့မှတ်တဲ့စိတ်ကို ပြန်ပြီး
ရှု့မှတ်တယ်။
အဆင့်ဆင့်သွားတယ် ဒီင်္လိုပြောလိုက်ရင်တော့
မလွယ်ဘူးလို့ ထင်နေမှာပဲနော်။ စိတ်ပါလက်နဲ့ ပျော်ပျော်ရွှင်ရွှင် သေချာ
လေးလေးစားစား လုပ်ကြည့် ကြာကြာလုပ်ရင် သူဟာသူဖြစ်လာမှာပါနော်။ ဒီလောက်မခက်
ပါဘူး။ …
(ဆရာတော် ဦးဇောတိက)
No comments:
Post a Comment