" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, April 15, 2010

ကူညီပေးနိုင်ကြပါစေ

http://savetheaged.ning.com/


တစ်နေ့က သွားနေကျလမ်းမှာ အမှတ်မထင် အဖိုးအိုတစ်ယောက်ကို သတိပြုမိခဲ့တယ်။

အဲဒီအဖိုးအိုက တောင်ဝှေးနှစ်ချောင်းကို အားပြုပြီး သွားလာနေရတာပါ။ အသက်ကတော့ ၇၀ ကျော်ပြီလို့ ခန့်မှန်းရပါတယ်။

ဖြတ်သွားဖြတ်လာတိုင်း အဲဒီအဖိုးကြီးဆီကနေ တစ်နေ့တစ်မျိုး စကားသံတွေ၊ စကားလုံးတွေ ကြားနေခဲ့ရပါတယ်။

တစ်ရက်မှာ ကြားလိုက်ရတဲ့စကားတစ်ခွန်းကတော့ ကျွန်တော် တောင်းစားနေတာပါခင်ဗျာ တဲ့။

ရင်ထဲမှာဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ရင်ထဲမှာဆို့နစ်ပြီး တော်တော်လေးခံစားလိုက်ရတယ်။ အဲဒီအသံကို အခုအချိန်ထိ နားထဲက မထွက်သေးပါဘူး။

ဒီလို အဆင်မပြေမှုတွေအများကြီးထဲမှာမှ ဒီလို သက်ကြီးရွယ်အိုတွေက အခက်အခဲဆုံးဖြစ်ပါတယ်။

ဒါကို တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ပေးတဲ့ Save the Aged အဖွဲ့လေးကို စိတ်ထဲကနေ ကျေးဇူးတင်မိပါတယ်။

Save the Aged အဖွဲ့သားများ တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ရင်း ပျော်ရွှင်နိုင်ကြပါစေ။

No comments: