" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, January 28, 2017

စိုးရိမ်စိတ်ကို ဖယ်ရှားခြင်း


"သေခါနီး ဝေဒနာ ခံစားရပုံ"

သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို့ 
အကောင်းမတွက်နဲ့ ။ အကောင်းကြီးနဲ့ တွက်ရင်တော့
မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို
ယပ်တောင်သွားမခတ်နဲ့ ၊ ဓားနဲ့ ခွဲသလိုပဲ ။
စကားသွား မပြောနဲ့ နားကို စူးနဲ့ ထိုးသလိုပဲ။
ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။

သေခါနီးအခါကျတော့ သေတဲ့ ပုဂ္ဂိုလ်
ဘယ်လိုခံစားရသလဲဆိုရင် သေတယ်ဆိုတာ
သီတတေဇော၊ ဥဏှတေဇော အပြန်အလှန် မဖလှယ်
တော့တာကို ခေါ်တာ။

ဘယ်ရောဂါနဲ့ ဘယ်လိုပဲသေသေ
ဓာတ်လေးပါး ပြိုကွဲမှ သေလို့ ရတယ်။
ဓာတ်လေးပါး ပြိုကွဲဖို့ က အပူအအေး
မဖလှယ်တော့တာကို ဆိုလိုတာ။

ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့် ၊
တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊
တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။
ပူတလှည့် အေးတလှည့် ပတ်နေတာ။
ခင်ဗျားတို့ ကျုပ်တို့ ရုပ်တွေလည်း ပူတလှည့်
အေးတလှည့် မရှိဘူးလား။

ပူတလှည့် အေးတလှည့် ၊
တင်းတလှည့် တောင့်တလှည့်၊
ထုံတလှည့် ကျင်တလှည့်၊
တွန်းတလှည့် ကန်တလှည့် ၊
ယိုတလှည့် ဖွဲ့ တလှည့်၊
အဲလို အပြန်အလှန်ဖြစ်နေမှ
ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။

အဲဒီ ဓာတ်လေးပါးမှာ ဓာတ်သုံးပါးကို
ဦးဆောင်တာက တေဇောဓာတ် က ဦးဆောင်တယ်။
သေခါနီးလူ သွားကြည့်ရင် ဘာတွေ့ လဲ၊
သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ်
သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။
သွေးဆိုတာက တေဇောဓာတ်၊
အပူဓာတ်လို့ ခေါ်တယ်၊
သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။

အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊
အေးပြီးရင် မပူတော့ဘဲနဲ့  အပူဓာတ်ဖြစ်တဲ့
သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ ခြေဖျား လက်ဖျား
ခေါင်းဖျားကနေ တဖြည်းဖြည်းနဲ့ ဗဟိုချက်
နှလုံးကို လာစုခဲပါတယ်။

အပူခဲတာ တချို့ မသေခင်
အရေပြားတွေ လောင်မနေဘူးလား။
မသေသေးဘူး၊ လောင်နေတာ၊
အပြင်ကမီးနဲ့ ခန္ဓာက မီးနဲ့ အတူတူပဲ။

အခုယောဂီတို့ က အပူအအေး ဖလှယ်မျှတနေလို့ ။
တချို့ အပူချိန် ၁၀၄ လောက်ဆို
ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။
အဲဒါ အပူ၊ မသေသေးဘူး။

အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာခေါင်းဖျား
ခြေဖျား လက်ဖျားကနေ စုလာပြီးတော့
နှလုံးအိမ်ရောက်ရော။ နှလုံးအိမ်ကို အပူတွေ
စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊
ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။

ရေနွေးအိုးကို မီးများများထိုးသလို
ဆူပွတ်မလာဘူးလား။ သေခါနီးပြီဆိုတဲ့သူဟာ
ဓာတ်လေးပါး ပြိုကွဲဖို့ ရာ အပူတေဇောက
နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။

ကဲ ခင်ဗျားတို့ စိတ်ကလေး ရေနွေးအိုးတည်သလို
အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။
ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။
နှလုံးအိမ်ထဲကို မီးခဲနဲ့ ထိုးသလို ခံရပါပြီ။
ပေါ့ပေါ့လျှော့လျှော့နဲ့ တော့ မတွက်ကြနဲ့ ။
အကောင်းဘက်နဲ့ မတွက်ကြနဲ့။

သေခါနီးတော့ အားရှိသေးလား။
အာဟာရတွေ ပြတ်ပြီ။ ခင်ဗျားတို့ ထမင်း မစားဘဲ
နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့
အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊

အားအင်တွေ ပြတ်တောက် နေတော့
တော်လှန်နိုင်သေးလား၊ ရေလည်း
မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့
အားအင်တွေ ကုန်ခမ်း ရက်စက်တဲ့ ရောဂါကလည်း
ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ
ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ့ ။

အဲတော့မှ အပူနှုတ်လိုက်တော့
အအေးကျန်တယ်တဲ့။ ပူတာနဲ့ အေးတာ
ဘယ်ဟာက ပြင်းထန်လဲ။
ပူတာက ပြင်းထန်တယ်ဆိုရင်
ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။

အေးတာရော ချမ်းသာရဲ့ လား။
ဒီဆောင်းတွင်း အေးလိုက်တာကွာ`
အရိုးကွဲမတက်ဘဲ လို့ မပြောဘူးလား။
အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။

ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့
အပြင်မှာ သီတတေဇော
အအေးဓာတ် မကျန်ဘူးလား။
အရိုးတွေကို ပလာယာနဲ့ ညှပ်နဲ
့တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။
ဦးဇင်းက ခံစားပြီး ပြောတာ။

ဒီစိတ်ရဲ့ ပါဝါ အပူအအေးကို
ဒီစိတ်နဲ့ ပြောင်းလွဲကြည့်တာ။
ပြောင်းလဲကြည့်တဲ့အခါကျတော့
စိတ်ရဲ့ ပါဝါ ဇီးရိုးထိ ကိုယ့်ဘာသာ
ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို
တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာ
စုပြီးတော့ အပြင်မှာ အေးတာ။

ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့
ချရင် သေများသေတော့မယ်။
အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ
အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ်
စိတ်နဲ့ တရားနဲ့ လုပ်ကြည့်တာ။ သီတတေဇော
အအေးဓာတ်ရဲ့ သဘောကလည်း အရိုးတွေ
အက်ကွဲမတက် ခံစားရတယ်။

ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က
တ၀ုန်းဝုန်းဆူအောင် ခံစားရတယ်။
တခါ နားထဲကပါ တ၀ူးဝူးနဲ့ ကြားနေရတယ်။
နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင်
သေသွားမလား အောက့်မေ့ရတယ်။

အဲဒီတော့မှ သီတတေဇောနဲ့ ဥဏှတေဇော
မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ့ ကန်တာ မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။

သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကိုယ်ကြီးကို အ၀တ်ရေညှစ်သလို လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ၀ါယောကလည်း
ဆက်တွန်း နေသလို ကန်တဲ့ ၀ါယောကလည်း ဆက်ကန်နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။

သေတဲ့သူ သွားစမ်းရင် တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။ အဲဒါ အညှစ်ခံထားရတာ။ အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊ အဲဒိလိုညှစ်တော့အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။

ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ
ခင်ဗျားတို့ ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊
ဟိုမှာတော့ မချိမဆန့် ခံစားနေရတယ်။
ချွေးတစ်ပေါက် ထွက်လာတာဟာ
သံချောင်းတုံးတုံးကြီးနဲ့ အသားတွေကြားထဲက
ဖြတ်ထွက်လာသလို ခံစားရတယ်။

ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို့ ဟာ
အသားတွေကို အမျှင် အမျှင် ဖြတ်ထွက်လာရတယ်။
အဲလိုထွက်လာတော့ မခံနိုင်ဘူး။
တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊
တစ်ဖက်ကလည်း နှလုံးကို
သွေးပွက်ပွက်ဆူအောင် ပူနေတယ်။

အရိုးတွေက ကွဲမတက်လည်း ဖြစ်နေ တယ်၊
အသားထဲက ဆူးနဲ့ ထိုးသလိုလည်း
ချွေးတွေ ထွက်နေတယ်။
ချွေးက တစ်ပေါက်တည်းလား၊
ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး
သံချောင်းတွေနဲ့ ထိုးနေသလိုပဲ။

အဲဒီက ချွေးပေါက်တစ်ပေါက် က
စီးလာတယ်ဆိုတာက အသားကို တုတ်နဲ့ 
တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။
သဘောပေါက်ပြီလား။

အဲဒီသေဘေးနဲ့ ကြုံလာရင်
ချမ်းသာဖို့ လိုပါသည်။
သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊
အသေတတ်ဖို့ လိုပါသည်။

အာဏာရှိကြီး နာမည်ကျော်ကြီး
မဖြစ်ရင်နေပါစေ ၊
အသေတတ်ဖို့ လိုပါသည်။
တရားစခန်းမှာ ဘာလာယူတာလဲ၊
အသေတတ်မယ့် ပညာလာယူတာ။

သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ
နှိပ်စက်တာ။ ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ
ဆောက်တည်ရာ မရအောင် ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ သေနိုင်ဖို့  တရား လိုတယ်။

(အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ
ဟောကြားသော နိဒါန်းတရား တရားတော်မှ)
Photo-တိုက်ခွဲ(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သ

မေတ္တာဖြင့်
_/\_ _/\_ _/\_
Credit to Lwin Oo Ko

သဘောသက်သက် ကိုမြင်တဲ့အခါမှာ

တရားအားထုတ်တာ အရှိန်ရသွားတဲ့လူတွေကြတော့ လက်တွေ ခြေတွေ ခေါင်တွေဆိုတာ လည်းပျောက်သွားတယ်။ ဒါကို အာရုံမပြုမိတော့ဘူနော် နာတဲ့ သဘောသက်သက၊ ညောင်းတဲ့ သဘောသက်သက်၊ ပူတဲ့ သဘောသက်သက်၊ အေးတဲ့ သဘောသက်သက်၊ ကိုက်တဲ့ သဘောသက်သက် အဲသလို သဘောသက်သက် ကိုမြင်တဲ့အခါမှာ ပုဂ္ဂိုလ်၊သတ္တဝါဆိုတာ ပျောက်သွားပြီး နာမည်လည်းတပ်လို့မရတော့ဘူး။ အဲလိုအခါမှာ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်တော့ပဲနဲ့ သူ့သဘောသက်သက်လို့ သိလိုက်ရတာ အလွန်ထူးဆန်းတယ်။ ပူတာ အေးတာ ကမထူးဆန်းဘူးနော်။

ပြောပါများရင်တော့ ကြားပါများရင် ရိုးသွားတယ်နော်။ တကယ်ကိုယ်ဟာကို သိနေရတဲ့သူ ကြတော့ ဘယ်တော့မှ မရိုးဘူး။ သိတဲ့ဉာဏ်က အမြဲတမ်းအသစ်အသစ် ဖြစ်နေတယ်။ တစ်ခါသိပုံနဲ့ နောက်တစ်ခါသိပုံ မတူဘူး။ ပိုပြီး နက်နဲလာတယ်။ ပိုပြီး သိမ်မွေ့လာတယ်။ အဲဒီလို အရှု့ခံဖြစ်တဲ့ ရုပ်ရဲ့သဘော၊ ဝေဒနာရဲ့သဘောကို ကြည့်ရင်းကနေ အဲဒီ ရုပ်တို့ ဝေဒနာတို့ကို သိနေတဲ့စိတ်ကိုပါ ပြန်ကြည့်လို့ရတယ်နော်။ တရားအားထုတ်နေတဲ့စိတ်ကိုပဲ ပြန်ရှု့မှတ်လို့ရတယ်။ ဝိပဿနာစိတ်ကို ပြန်ပြီးတော့ ဝိပဿနာ ရှု့တာပဲနော်။

ဝိပဿနာစိတ်ကို ပြန်ပြီး ဝိပဿနာ ရှု့နိုင်လို့ရှိရင် ဝိပဿနာက ပိုပြီး အားကောင်းလာတယ်။ ပိုပြီး တော့ပြည့်စုံလာတယ်။ သို့မဟုတ်ရင် တခါတရံ ဘယ်လိုထင်သလဲဆိုတော့ ဒီလို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိနေတာ ငါသိတာပဲ ဒါငါဉာဏ်ပဲလို ထင်နေတယ်။ အဲဒီ ရှု့မှတ်နေတဲ့၊ သိနေတဲ့ အဲဒီ ဝိပဿနာဉာဏ်ကိုပဲ ပြန်ကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနေတဲ့သဘောလေး ဆိုတာကို သိလာတယ်။ တခါတလေ မရှင်းတာကိုလည်း သိလာတယ်။ အာရုံတစ်ခုပေါ်လာတယ်။ အဲဒီ အာရုံကို ရှု့မှတ်တဲ့စိတ် ဖြစ်တယ်။ အဲဒီ အာရုံကိုရှု့မှတ်တဲ့စိတ်ကို ပြန်ပြီး ရှု့မှတ်တယ်။

အဆင့်ဆင့်သွားတယ် ဒီင်္လိုပြောလိုက်ရင်တော့ မလွယ်ဘူးလို့ ထင်နေမှာပဲနော်။ စိတ်ပါလက်နဲ့ ပျော်ပျော်ရွှင်ရွှင် သေချာ လေးလေးစားစား လုပ်ကြည့် ကြာကြာလုပ်ရင် သူဟာသူဖြစ်လာမှာပါနော်။ ဒီလောက်မခက် ပါဘူး။ …

(ဆရာတော် ဦးဇောတိက)

ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်း မသိ၍သာ ဆင်းရဲသည်

ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတာ" ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်း"ဘုရား
ဘုရားရှင်က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။

ဆင်းရဲသားက ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်းစရာ ဘာမှမှ မရှိတာ.....ဆိုတော့" မြတ်စွာဘုရားရှင်က သင်ပေးတာ" သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။

မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
ပါးစပ်- - သင်"သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။
-နှလုံးသား -တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ"နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။
မျက်လုံး- တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်"
ကိုယ်ခန္ဓာ-သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်
ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့် ကျဆင်းရဲခြင်းတွေက သာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။

ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါ ချစ်ခြင်းမေတ္တာတွေ ပြန်ရောက် လာမယ် သူတပါးကို ကူညီလိုက်တဲ့ အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်
ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ ပျော်ရွှင်မှုတွေကပြန်ရောက် လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ် လေလေ ရရှိလေလေပါပဲ။

သတိနဲ့နေတဲ့ အကျင့်မျိုးရလာတဲ့အခါမှာ



ကိုယ့်စိတ်ကိုယ်ကို ဆုံးမဖို့ လိုတယ်

++++++++++++++++++++

ကိုယ့်စိတ်ကိုယ်ကို ဆုံးမဖို့ လိုတယ်။ ကိုယ့်စိတ်ကိုယ်ကို ဆုံးမချင်ရင် ကိုယ့်စိတ်ကိုယ်ကို သိဖို့လိုတယ်။ စိတ်ဆိုတာ ကြမ်းတမ်းတာကနေ စပြီးသိဖို့လိုတယ်။ အင်မတန်ကြမ်းတမ်းတဲ့ လောဘစိတ်၊ ဒေါသစိတ် ဒီလိုကနေ စသိလိုက်ဖို့။ ကြမ်းတမ်းတဲ့စိတ် မရှိတဲ့အခါမှာ သိမ်မွေ့တဲ့စိတ်ကို ပြန်ကြည့်တဲ့အခါ နည်းနည်းတော့ခက်တယ်။ နည်းနည်းတော့ ခက်နေလို့ရှိရင် အဲဒီအခါမှာ စိတ်ကိုမသိနိုင်ရင် ခန္စာကိုမှာရှိနေတဲ့ sense တစ်ခုခု လှုပ်ရှားမှု့သဘောလေးတွေ၊ တုန်ခါမှု့သဘောလေးတွေ၊ ပူမှု့အေးမှု့သဘောလေးတွေ၊ ဝေဒနာသဘောလေးတွေ သိနေဖို့လို့တယ်။

စိတ်ကိုအရမ်းလွတ်ထားရင် သူတွေးချင်ရာတွေးတော့တာပဲ တွေးတာများသောအားဖြင့် ပြောရရင် အကုသိုလ်ဘက်ကိုပဲ တွေးတာများတယ်။ အကုသိုလ်ဆိုပေမဲ့လည်း ကြီးမားတဲ့ဒုစရိုက်မှုမျိုးကို မဆိုလိုဘူးနော်။ ဒုစရိုက်ပင် မဟုတ်သော်လည်း အကုသိုလ်သဘောလေးတွေက အငယ်လေးတွေအများကြီး ဖြစ်နေတယ်။ မနောကံ တွေဖြစ်နေတယ်။

တစ်ခုခုကို လိုချင်တယ်။ တစ်ခုခုကို မကျေနပ်ဘူး။ သိမ်သိမ်မွေ့မွေ့လေးတွေက တနေ့လုံးဖြစ်နေတယ်။ မသိလို့သာ သတိမထားမိရင် မသိတာနော်။ အဲဒီတော့ မသိမသာဖြစ်နေတဲ့ စိတ်လေးတွေကို မမြင်တတ်သေးဘူးဆိုရင် ရုပ် သို့မဟုတ် ဝေဒနာတစ်ခုခုကို သိအောင်သတိလေး ကပ်ထားပါ။ ဘယ်နေရာကစစ စလိုရပါတယ်။ ကိုယ့်အတွက် လွယ်ကူတာ၊ ကိုယ့်အတွက် ထင်ရှားတာကို စပြီးလုပ်ပါ။ သတိနဲ့နေတဲ့ အကျင့်မျိုးရလာတဲ့အခါမှာ ဘာမှမလုပ်ဘဲနေတဲ့အခါမှာလည်း ခန္စာမှာဖြစ်တာ စိတ်မှာဖြစ်တာတွေကို သိပြီးတော့နေတယ်။ ဒါအင်မတန် တန်ဖိုးရှိတဲ့ အလုပ်ပဲ…

(ဆရာတော် ဦးဇောတိက)

Sunday, September 11, 2016

"ဝိပဿနာဆိုတာ မခက်ပါ"

"ဝိပဿနာဆိုတာ မခက်ပါ"
••••••••••••••••••••••
ဝိပဿနာ စတင်ကျင့်ကြံအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေ တို့ အတွက် ဝိပဿနာ နဲ့ ဆိုင်တဲ့ ကျိုးစားအားထုတ်ပုံအမျိုးမျိုး တို့ အပြင် တရားအားထုတ်ကြရာ၌ ကြုံတွေ့ ရမဲ့ အခက်ခဲတွေ စသည်အားဖြင့် လက်လှမ်းမှီသလောက်ရှာဖွေ၍ ဓမ္မဒါနပြုခဲ့ပါသည်။
အမှန်တိုင်း ပြောရရင် ဓမ္မမိတ်ဆွေတို့ဟာ ဝိပဿနာ ကို စပြီး မလုပ်ကြည့်သေးလိုပါ။
တကယ်တန်းလက်တွေ့ လုပ်ကြည့်လိုက်တဲ့အခါမှာ အကျင့်ဖြစ်သွားပြီဆိုရင်ဖြင့် နေ့စဉ် တရားမထိုင်ရသေးပါက တစ်ခုခုလိုနေသလိုလို၊ အကြောင်းကိစ္စ တစ်ခုခုရှိလို့  တစ်ရက်လောက် ပျက်ကွက်လိုက်ရင်တောင်မှ အပြစ်တစ်ခုခုရှိသလိုတောင် ခံစားမိမှာပါ။
အဲဒီလို လုပ်ကြည့်တဲ့အခါ ဝိပဿနာ အားထုတ်ပုံ ဟာ အခက်ကြီး မဟုတ်ပါလားဆိုတာ သိလာကြမှာပါ။
ဓမ္မမိတ်ဆွေတို့ ဝိပဿနာအားထုတ်စေချင်တဲ့ စေတနာဖြင့် ဖတ်ရှုထားသမျှကို ပိုမိုပြီး အဓိပ္ပါယ်ရှင်းလင်း နားလည်စေရန် ထပ်မံ၍ ကုသိုလ်ပြုရာ " ကိုသိန်းနိုင်အုန်း ရဲ့  ဖေစဘုတ် စာမျက်နှာမှ ဝိပဿနာဆိုတာ မခက်ပါ ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
ဝိပဿနာ ဆိုတာ ဘာလဲလို့ ဆရာတော်ကြီးတွေက အမျိုးမျိုး ဥပမာ ပေးကြပေမဲ့ ...အလွယ်ဆုံးမှတ်ယူရရင်..
"ခန္ဓာ" ရဲ့ အရှိ ကို "ဉာဏ်" နဲ့ သိအောင် လုပ်တဲ့ အလုပ်ဟာ "ဝိပဿနာ"ပါ။
ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တဝါ တွေမှာ ရုပ် နဲ့ နာမ်ပဲ ရှိပါတယ်။
အမည်နာမတွေ ဘယ်လိုဘဲ ခေါ်ခေါ်၊ သက်မဲ့အရာဝတ္ထုတွေ မှာ ရုပ်ပဲ ရှိပါတယ်။ ဝိပဿနာတရား ရှုပွားအားထုတ်တဲ့အခါ ဘယ်နည်းနဲ့ပဲရှုရှု၊ ရှုချင်တဲ့ နည်းနဲ့ရှုပါ။ ဝိပဿနာ ရဲ့ အရှုခံ အာရုံသည် "ရုပ်ဖြစ်ရင်ဖြစ်" မဖြစ်ရင် "နာမ်ဖြစ်" ရပါမယ်။
"ရုပ်နာမ်"ကို ဖယ်ထားပြီးတော့ ဝိပဿနာ ရှုလို့ မရပါဘူး။
ဘယ်နည်းနဲ့ပဲ ရှုရှု၊ အရင် စသိမယ့် ဉာဏ်က..ပဲ ရုပ်နာမ်ပိုင်းခြားသိတဲ့ "ဉာဏ်"ဖြစ်ပါတယ်။ ပါဋ္ဌိ လို ခေါ်တော့...နာမရူပ ပရိစ္ဆေဒဉာဏ် (ရုပ် နာမ် ခွဲခြားသိသောဉာဏ်) ပါ။
အဲဒါကြောင့် ဝိပဿနာ ရှုတဲ့အခါ အရှုခံအာရုံအဖြစ် ထားရမှာက "ရုပ် သို့မဟုတ် နာမ်"ဖြစ်ရမယ်ဆိုတာ ဦးစွာသဘောပေါက်ဖို့ လိုပါတယ်။
ပုထုဇဉ်လူသားဆိုတာက လည်း နတ်တွေ ဗြဟ္မာတွေ လို မဟုတ်ပဲ၊ အဲဒီ ရုပ် နဲ့ နာမ်နှစ်ပါးမှာ နာမ်တရားထက် ရုပ်တရားက ပိုပြီးထင်ရှားနေတော့ စပြီး ရှုတဲ့အခါ ရုပ်တရားကို အရှုခံ ထားပြီး ရှုတာက ပိုကောင်းပါတယ်လို့ အကြံပေးပါတယ်။
ဝိပဿနာဆိုတာ ရုပ်နာမ်မှာ ရှုရမှာ ဖြစ်တော့ မရှုမီ ကြိုတင်ပြီးတော့ ရုပ်ဆိုတာက ဘယ်လိုလဲ။ နာမ်ဆိုတာက ဘယ်လိုလဲ သိရှိ သဘောပေါက်ထားလို့ရှိရင်တော့ အခက်အခဲ မရှိ လွယ်ကူပါလိမ့်မယ်။
တရားအားထုတ်တယ်ဆိုတာ နှလုံးသွင်းပြောင်း လိုက်တာပါ။
အယင်တုန်းကတော့ "ငါသွားတယ်၊ သူသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်၊ ယောက်ျားမိန်းမသွားတယ်” လို့ နှလုံးသွင်းပါတယ်။
အခု တရားအားထုတ်တဲ့အခါမှာ ဘယ်သူ သွားတာလဲလို့ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ သွားနေကျအတိုင်း သွားပါ၊ အသွားပြောင်းဖို့မလိုပါဘူး။ ရုပ်နာမ်ပေါ်မှာသာ သတိထားပြီးသွားခြင်း နဲ "့မိစ္ဆာသတိ"ကနေ "သမ္မာသတိ"ကို ပြောင်းသွားပါလိမ့်တယ်။
အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ထိုင်တယ်၊ အခုကျတော့ ရုပ်နာမ် က သတိနဲ့ထိုင်တယ်၊ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ ဟာ သတိနဲ့ အိပ်တယ်။ အခုက ရုပ်နာမ်သတိနဲ့အိပ်တယ်၊ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ရပ်တယ်။ အခုက ရုပ်နာမ် က သတိနဲ့ ရပ်တယ်။ ဒါပဲ ကွာတာပါ။
တရားအားထုတ်တယ်ဆိုတာ နဂိုအမူအရာထဲမှာ ရုပ်နာမ်ပေါ်ရောက်အောင် သမ္မာသတိကို သွင်းထားလိုက်ခြင်းပါ။ အဲဒီလို သတိသွင်းထားလိုက်ရင် ရုပ်သဘော နာမ်သဘောကို သိလာပါလိမ့်မယ်။
ရုပ်သဘောက ဘယ်လိုလဲလို့မေးရင် ဖောက်ပြန်တတ်တဲ့သဘောက ရုပ်ပါ။ ဖောက်ပြန်တယ်ဆိုတာက နဂိုအနေနဲ့ မတူပဲ တစ်မျိုးတစ်မျိုး ပြောင်းသွားတာကို ဖောက်ပြန်တယ်လို့ ခေါ်ခြင်းပါ၊ အဲဒါကိုပဲ ရုပ် လို့ ခေါ်ပါတယ်။
ထိုင်တာ ကြာလာတဲ့အခါ
မှာ ထိုင်စနဲ့မတူတော့ပါဘူး။ အောက်ပိုင်းကိုယ်က နာကျင်ကိုက်ခဲမှု၊ ပူမှု စသည် ဖြစ်လာတတ်ပါတယ်။ အဲဒါဘာဖြစ်တာလဲ မေးရင် ရုပ်ဖောက်ပြန်တာပါ။
ကိုယ်နှင့်စပ်သမျှ ခြေဖဝါး ကနေပြီး ငယ်ထိပ်အထိ တစ်ကိုယ်လုံးမှာ ဖြစ်နေသမျှတွေကို ပညတ်နာမည် တပ်ချင်သလို တပ်ပါ။ နာတယ်၊ ကျဉ်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ညောင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ တင်းတယ်၊ မူးတယ်၊ ဝေတယ်၊ အော်ဂလီဆန်တယ် စသည်ဖြင့် နာမည်တပ်ချင်သလို တပ်ပါ။ အဲဒါတွေသည် အမည်ပညတ်တွေသာဖြစ်ပါတယ်။
တကယ်တော့ ပရမတ်သဘောအားဖြင့် ရုပ်ဖောက်ပြန်နေကြတာပါ။
အဲဒီလို ရုပ်ဖောက်ပြန်တာကို ဘယ်သူကသိလဲ မေးရင် နာမ်က သိပါတယ်။ ပုဂ္ဂိုလ်သတ္တဝါက သိတာမဟုတ်ပါဘူး။ နာမ်ကလည်း အလိုလိုသိတာ မဟုတ်ပါဘူး။ အာရုံပြုလို့ သိတာပါ။ အလိုလိုလည်း သိတာ မဟုတ်ပါဘူး။ အမှတ်တမဲ့နေလို့ သိတာ မဟုတ်ပါဘူး။ အဲဒီညွှတ်တတ် သိတတ်တဲ့သဘောသည် နာမ်ပါ။ မသိဘဲနဲ့ အမျိုးမျိုး ဖောက်ပြန်နေတာက ရုပ်ပါ။ အဲဒီဖောက်ပြန်သမျှကို လိုက်ပြီး အာရုံပြုသိနေတာက နာမ်ပါ။
နာတယ်သိ၊ ကျဉ်တယ်သိ၊ ထုံတယ်သိ၊ ညောင်းတယ်သိ၊ တောင့်တယ်သိ၊ တင်းတယ်သိ.. စသည်ဖြင့် ကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှတွေကို လိုက်သိနေတာက နာမ်ပါ ဘဲ။
ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်တတ်တဲ့ ရုပ်တရားနဲ့ သိတတ်၊ ညွှတ်တတ်တဲ့ နာမ်တရားအပြင် ဘာမှမရှိပါဘူး။ ဒါပေမယ့် မိမိတို့ကတော့ မသိသေးပါ။ ဘာဖြစ်လို့ မသိသေးလဲမေးရင် မကြည့်လို့ မသိတာဘဲ ဖြစ်ပါတယ်။
တရားအားထုတ်တယ်ဆိုတာ အဆန်း မဟုတ်ပါ။ တကယ်တော့ မျက်လုံးပြောင်းလိုက်တာပါ။ မိမိတို့မှာ ပကတိမျက်လုံး နဲ့  ဉာဏ်မျက်လုံးရယ်လို့ မျက်လုံးနှစ်မျိုး ရှိပါတယ်။ ပကတိ မျက်လုံးက အပေါ်ယံမြင်ပါ။ ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်လို့ မြင်တဲ့ အမြင်မျိုးပါ။ ဉာဏ်မျက်လုံးက အတွင်းမြင်ပါ။ ရုပ်နာမ်မြင်တဲ့ အမြင်မျိုးပါ။ ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ရှုကြည့်ရမှာပါ။
ပကတိမျက်လုံး ကနေ ဉာဏ်မျက်လုံးကို ပြောင်းပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရုပ်နာမ်ကို မြင်အောင် ရှုကြည့်တဲ့အလုပ်ဟာ "ဝိပဿနာ"အလုပ်ပါဘဲ။
ရုပ်နှင့်နာမ် တရားနှစ်ပါးဟာ ပဋ္ဌာန်း အညမညပစ္စည်းအရ ပြောရရင် အချင်းချင်း အပြန်အလှန် မှီနေကြပါတယ်။
ဒါပေမဲ့ ရုပ်သဘော နဲ့ နာမ်သဘောက မတူကြပါဘူး။
ရုပ်က ဖောက်ပြန်တဲ့သဘောပါ။
ရုပ်အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။
နာမ်က သိတတ်ညွှတ်တတ်တဲ့သဘောပါ။ ရုပ်က ရုပ်အလုပ်လုပ်၊ ဖောက်ပြန်ပါတယ်။ နာမ်က မကူညီနိုင်ပါ။
နာမ်ကလည်း သိတဲ့ညွှတ်တဲ့ အလုပ်လုပ်ပါတယ်။
ရုပ်ကို အကူအညီမပေးနိုင်ပါ။
ဒီတော့ အလွယ်ဆုံးသိထားရရင်တော့...
ရုပ်နာမ်နှစ်ပါးတို့ဟာ အချင်းချင်းအပြန်အလှန် အကျိုးအကြောင်း သဘောတရားအရ မှီနေကြသော်လည်း အချင်းချင်းအကူအညီ မပေးနိုင်ကြပါဘူး။
ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်ပါတယ်။ နာမ်ကလည်း သိပြီး ညွှတ်ပြီး ပျက်ပါတယ်။
သွားချင်တော့ နာမ်က သွားချင်တယ်။ သွားတော့ ရုပ်က သွားပါတယ်။ ရုပ်သွားရာ နာမ်က ပါသွားရပါတယ်။ အဲဒီသဘောတွေကို သိအောင် သွားရင်း ရုပ်နာမ်ပေါ်သတိကပ်ပြီး သွားရပါတယ်။ အဲဒီလိုသွားရင် သွားတဲ့ အမူအရာ မပြောင်းရဘဲ အသွားမပျက် သွားနိုင်ပြီး အရှုမပျက် ရှုနိုင်ပါတယ်။
"သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါ မဟုတ်၊ သူ မဟုတ်၊ သွားတာ နာမ်နဲ့ရုပ်” လို့ အသိတိုးလာပါလိမ့်မယ်။"
သွားချင်တဲ့ နာမ် ကလည်း သွားချင်ပြီး ချုပ်ပျက်၊ သွားတဲ့ ရုပ်ကလည်း သွားပြီး ချုပ်ပျက်သွားတာကို တွေ့ရပါလိမ့်မယ်။
"သွားချင်တဲ့ နာမ်က အကြောင်း၊ သွားတဲ့ ရုပ်က အကျိုး" လို့ နာမ်ရုပ်နှစ်ပါးကို ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့သဘော၊ အကြောင်းချုပ်တော့ အကျိုးချုပ်တဲ့ သဘောတွေကို မြင်အောင် ရှုသွားရပါတယ်။
ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်ကို ရှုရင်ရှု မရှုရင် နာမ်ကို ရှုရမှာပါ။ ဦးစွာပထမ သိရမှာလည်း ရုပ်နာမ်ပဲ သိရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ရပြီးမှ တခြားဉာဏ်တွေ ရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ဉာဏ် မရဘဲနဲ့ တခြား ဉာဏ်တွေ မရနိုင်ပါဘူး။
ရုပ်နှင့်နာမ်က ကင်းပြီးတော့ ဖြစ်တာ မဟုတ်တဲ့အတွက် သင့်တော်တဲ့ ဣရိယာပုထ်၊ သင့်တော်တဲ့ အမူအရာနဲ့ အဆင်ပြေသလို ရှုမှတ်နေရမှာဖြစ်ပါတယ်။
ရှုတဲ့အခါ ရုပ်ကို မှီပြီး ရုပ်ဖြစ်တာလဲ မြင်အောင် ရှုရပါမယ်။ ရုပ်အကြောင်း ရုပ်အကျိုးကွဲအောင် ရှုရပါတယ်။ ရုပ်မှီပြီး နာမ်ဖြစ်တာကိုလည်း မြင်အောင်ရှုရပါတယ်။ ရုပ်အကြောင်း နာမ်အကျိုး ကွဲအောင် ရှုရပါမယ်။ နာမ်ကို မှီပြီး ရုပ်ဖြစ်တာ မြင်အောင် ရှုပါ။ နာမ်အကြောင်း ရုပ်အကျိုးကို ကွဲအောင် ရှုရပါမယ်။
အသွားအလာ အနေအထိုင် မပျက် သွားရင်း လာရင်း စားရင်း သောက်ရင်း၊ နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်းနဲ့ “ဘယ်သူအကြောင်း ဘယ်သူ့အကျိုးလဲ၊ ဘယ်သူရှေ့ဆောင်လဲ၊ ဘယ်သူနောက်လိုက်လဲ” လို့ ခန္ဓာတွင်း ဉာဏ်သွင်းပြီး သွားလာတာကို တရားအားထုတ်တယ်၊ ဝိပဿနာပွားတယ်လို့ ခေါ်တာပါ။
မိမိတို့ခန္ဓာကိုယ်မှာ ပြုပြုသမျှ၊ ပြောပြောသမျှ၊ ကြံကြံသမျှ အမူအရာတိုင်းမှာ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ ရုပ်နာမ်ကွဲပြီးတော့ နောက်ပိုင်း ကြောင်းကျိုးပိုင်းခြား သိမြင်အောင် ရှုပွားအားထုတ်ရပါတယ်။
ရုပ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံ၊ ရုပ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ် အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံတို့ကို သိမြင်အောင် ရှုဖို့လိုပါတယ်။
ကြောင်းကျိုးမပိုင်ဘဲနဲ့ ကင်္ခါယုံမှား မကွာနိုင်ပါဘူး။ ကင်္ခါယုံမှားမကွာရင် တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။အဲဒီမှာ ကင်္ခါ ဆိုတာ ယုံမှားခြင်း(ဝိစိကိစ္ဆာ) ပါ။ ရတနာမြတ်​သုံးပါး၊ ကံ ကံ၏အကျိုးနှင့် ရုပ်နာမ်ခန္ဓာတွေအပေါ် ယုံမှားသံသယဖြစ်ခြင်းပါ။
ဒါကြောင့် အလိုက်သင့် ရှုပါ။ အလုပ်လုပ်တဲ့အခါမှာ ထိုင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မထိုင်နိုင်တော့တဲ့အခါ လျောင်းရှု၊ ရပ်ရှု၊ စင်္ကြံလျှောက်ရှု နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပက်လက်ကုလားထိုင် စသည်နှင့် နေသာသလို နေပြီး ခန္ဓာတွင်းမှာ ဉာဏ်သွင်းရှုပေးပါ။ ကိုယ်နှင့် စပ်ပြီး ကိုယ်တွင်းမှာ ဖောက်ပြန်နေသမျှ၊ စိတ်နှင့်စပ်ပြီး စိတ်ထဲမှာ သိနေသမျှ ညွှတ်နေသမျှကို ရှုကြည့်ပေးရပါတယ်။
ဉာဏ်နှင့်ကြည့်နေတော့ ခန္ဓာမှာ ရုပ်နှင့် နာမ်ပဲ ရှိရာ ရုပ်ကလည်း ရုပ်အလုပ်လုပ်ရင်းက ဖောက်ပြန်နေပါတယ်။ နာမ်ကလည်း နာမ်အလုပ်လုပ်ရင်းက သိနေညွှတ်နေပါတယ်။
ရုပ်ဆိုတာ သူ့ရဲ့ အမည်ပါ။ အလုပ်ကတော့ ဖောက်ပြန်တဲ့ အလုပ်ပါ။ ရုပ်က သူ့အလုပ်ဖြစ်တဲ့ ဖောက်ပြန်တဲ့ အလုပ်ကို မရပ်ပါ။ ရပ်ရင် သေပြီ။ ရုပ်အလုပ်က နာကျင် ကိုက်ခဲ ထုံကျဉ် မူးသေ စသည်တို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ အဲဒီ သဘောမျိုးတွေ တစ်မျိုးမဟုတ် တစ်မျိုးရှိနေပါတယ်။ အဲဒီတစ်မျိုးမျိုးကို သတိကပ်ပြီး “ရုပ်” လို့ ရှုနေပါ။ ရုပ်လို့ရှုပါဆိုတော့ ရုပ်ဆိုတာကို ပါးစပ်ကလည်း မဆိုရပါ။ စိတ်ထဲကလည်း မဆိုရပါ။ ဖောက်ပြန်တဲ့ နာသဘော စသည်ကို သိနေဖို့ပါပဲ။
အဲဒီလို သိနေ ကြည့်ရှုနေတဲ့အခါမှာ ကိုယ်နေကိုယ်ထားကို အေးအေးဆေးဆေး နေသာသလို သက်သာစွာ ရှုလို့ရပါတယ်။ ပင်ပင်ပန်းပန်းလည်း မဟုတ်ပါ။ ရုပ်သဘောကို သိပြီး အနားလည်း ရပါတယ်။ အပန်းဖြေပြီး အိပ်ပျော်ချင်လည်း ပျော်သွားပါစေ။ နိုးလာရင် ပြန်ရှုပါ။ အဲဒါ အနားယူတဲ့ ဝိပဿနာအလုပ်ပါ။
အဲဒီလို ကိုယ်ကို နေသာသလိုနေပြီးတော့ ရှုနေတဲ့ ပုဂ္ဂိုလ်အတွက် ပေါ်လာသမျှ ဖောက်ပြန်သမျှသည် ရှုစရာပါ။ ရှုရမှာပါ။
တရားမရှုပွားဖူးတဲ့သူတွေမှာ တရားရှုမှတ်နေရင်း....ရင်တုန်တယ်ဆိုရင် ..
"အမလေး ငါ ဘယ်လိုဖြစ်မှန်း မသိဘူး .. "ဆိုပြီး အပူသောက ဝင်ကြမှာပါ။
ရှုနေကျပုဂ္ဂိုလ်ကျတော့ တုန်တာပဲ ဆိုပြီးရှုတော့ အပူမပါပါ။ အပူမပါပဲနဲ့ နေသာသလို နေပြီးတော့ တုန်တိုင်း တုန်တိုင်း ရုပ်လို့ ရှုနေတဲ့အခါ အပူမပါတဲ့အတွက် သက်သာပါတယ်။ အဲဒီ ဖောက်ပြန်တဲ့အထဲမှာ ငါဘယ်လိုဖြစ်မှန်း မသိဘူး။ ရောဂါများထသလား မသိဘူးလို့ စိတ်ပါသွားရင် ပူပါတယ်။ အပူပါရင် ရောဂါပိုတိုးပါတယ်။
နဂိုက ရုပ်ဖောက်ပြန်မှုထဲမှာ စိတ်ဖောက်ပြန်မှုပါ တိုးသွားတော့ ရောဂါပိုကြီးသွားပါတယ်။ ဒါကြောင့်မို့ အချို့ဆရာဝန်တွေဟာ ရောဂါသည်ကို ရောဂါအကြောင်းအမှန် မပြောကြပါ။ ပြောလို့ရှိရင် ရောဂါသည် စိတ်ဓာတ်ကျပြီး ရောဂါပိုကြီးသွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ကံကြောင့်ဖြစ်တဲ့ရုပ်၊
စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊
ဥတုကြောင့်ဖြစ်တဲ့ရုပ်၊
အာဟာရကြောင့်ဖြစ်တဲ့ရုပ်..ရယ်လို့ ရုပ်လေးပါးထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က အားအကောင်းဆုံးပါ။
ကျန်တဲ့ ရုပ်တွေ ပျက်စီးချင်သလောက် ပျက်စီး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပျက်စီးက မပျက်စီးပါ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က အားအကောင်းဆုံးပါ။
အဲဒါကြောင့် နေသာသလိုနေပြီးတော့ ရှုမယ်ဆိုရင် ကုသိုလ်လည်း ရမယ်။ ရောဂါလည်း ပျောက်သွားပါလိမ့်မယ်။ တရားရှုပွားအားထုတ်တဲ့အခါ စိတ်ကို အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်ထားပြီး ရုပ်ဖောက်ပြန်တာပဲ။ ငါဖောက်ပြန်တာ မဟုတ်ဘဲ ရုပ်ရဲ့သဘောက ဖောက်ပြန်တဲ့သဘောပဲ။ ဖောက်ပြန်တဲ့အလုပ်ပဲ။ ငါ့အလုပ်က ရှုရမယ့်အလုပ်ပဲဆိုပြီး ရှုကြည့်နေတဲ့အခါ ရောဂါတွေ ပျောက်သွားပါလိမ့်မယ်။
အဲဒီလို ရောဂါတွေ ပျောက်သွားတဲ့အခါ တန်ခိုးလို့ ယူဆတတ်ကြပါသေးတယ်။ တန်ခိုးမဟုတ်ပါ။ စိတ်ကြည်လင်လာတော့ သွေးသားကြည်လင်ပါတယ်။ သွေးသားကြည်လင်တော့ ရောဂါတွေ ပျောက်တာပါ။ အဲဒီသဘောပါဘဲ။
ကိုယ့်အလုပ်က ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နာမ်နှစ်ပါး ထင်ရှားရာကို ရှုတဲ့ အလုပ်ပါပဲ။ ရုပ်နှင့် နာမ်ကလည်း အချင်းချင်း မှီနေတော့ ရုပ်ဆွဲ နာမ်လဲ၊ နာမ်ဆွဲ ရုပ်လဲပါတယ်။ ပရမတ် သဘောက တစ်ညှာဆွဲ တစ်တွဲပါ သဘောပါ။
သတိပဋ္ဌာန်တရားလေးပါးကို သတိပြုကြည့်ပါ။
ကာယာ နုပဿနာသတိပဋ္ဌာန် ဆိုတာ ရုပ်ကို အရှုခံပြီး ရှုတာပါ။ အရှုခံက ရုပ်၊ ရှုနေတာက နာမ်ဆိုတော့ နာမ်ပါသွားပါတယ်။
ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာကို အရှုခံထားပြီး ရှုတာပါ။ ဝေဒနာက နာမ်တရား၊ ရှုတာကလည်း နာမ်တရားပါ။ အဲဒီ နာမ်ဘယ်မှာ မှီနေလဲဆိုတော့ ရုပ်မှာ မှီနေပါတယ်။ အဲဒီလို သိတဲ့အခါ ပြီးသွားပါတယ်။ ချက်ချင်းတော့ မသိသေးပါ။ သိချိန်တန်မှ သိမှာပါ။
ဝိပဿနာ ရဲ့အလုပ်က အရှိ နဲ့ သတိနဲ့ကိုက်အောင် လုပ်တဲ့ အလုပ်ပါ။ မစဉ်းစားပါနဲ့။ လိုက်မရှာပါနဲ့။ အရှိရုပ် နဲ့ အရှိနာမ် နဲ့ ကိုက်အောင် ရှုကြည့်ရပါတယ်။ မရှိတာလည်း မရှာပါနဲ့။ ရှိတာလည်း မကြိုက်ပါ မဖြစ်ပါနဲ့။ မဖြစ်ကြသေးတာကိုလည်း ဖြစ်အောင် မလုပ်ပါနဲ့။ ဖြစ်နေတာကိုလည်း ပျက်အောင် မလုပ်ပါနဲ့။ အရှိအတိုင်းမြင်အောင် ကြည့်ပါ။ ဖြစ်နေတဲ့အတိုင်း ကြည့်ပါ။
စိတ္တာနုပဿနာသတိပဋ္ဌာန် ဆိုတာ နာမ်ကမ္မဋ္ဌာန်းပါ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတာပါ။ အဲဒီစိတ်ဟာ ဘယ်မှာ မှီနေသလဲဆိုယင် ရုပ်မှာ မှီနေပါတယ်။
ဝေဒနာနုပဿနာသတိပဋ္ဌာန် နဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ဟာ နာမ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ နာမ်ကမ္မဋ္ဌာန်းပါ။
ဓမ္မနုပဿနာသတိပဋ္ဌာန်က ရုပ်နာမ်ရောတဲ့ ကမ္မဋ္ဌာန်းပါ။
ဒါတွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာချည်းပါပဲ။ ဖြစ်နိုင်လို့ ရနိုင်လို့ ဟောခဲ့တာတွေပါ။ ရှုအားကောင်းစွာနဲ့ ရှုဖို့ ပွားဖို့ပဲ လိုပါတယ်။
ရှုရမှာက ရံခါ ရုပ်၊ ရံခါ နာမ်ကို ရှုရမှာပါ။ ရှုတဲ့အခါ ရုပ်ကို မှီပြီး နာမ်ဖြစ်တာလည်း တွေ့ပါလိမ့်မယ်။ နာမ်မှီပြီး ရုပ်ဖြစ်တာလည်း သိပါလိမ့်မယ်။
ခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးအပြင် တခြားဘာမှမရှိဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီသဘောတွေကို သိအောင် သွားတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မှီပြီးဖြစ်တယ်လို့ သတိထားပြီး ရှုပွားသွားရမှာပါ။ ပြုတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြုတယ်ဆိုတာ သတိထားပြီး ပြုရမှာပါ။ ပြောတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြောနေတယ်ဆိုတာ သတိထားပြီး ရှုပွားပြောရမှာပါ။
ဝိပဿနာ အလုပ်ဆိုတာ အသိ ပြောင်းအောင် လုပ်တဲ့ အလုပ်ပါ။ တရားအားထုတ်လို့ အသိပြောင်းသွားပြီဆိုရင် နဂိုနေ၊ နဂိုစား၊ နဂိုသွားလာတာမျိုးနဲ့ ဘယ်လိုမှ မတူဘဲ အမူအရာ ပြောင်းသွားပါတယ်။ အမူအရာ မပြောင်းရင်တော့ တရားမရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အနေအထိုင် အသွားအလာ အပြောအဆိုအမူအရာမှ မပြောင်းသေးရင် အသိမပြောင်းသေးလို့ပါပဲ။ အသိမပြောင်းတာလည်း ရုပ်နာမ်ကို အမှန်မမြင်သေးတာ ဖြစ်လို့ ပါဘဲ။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကြောင်းကျိုးတရားပါ။ ပဋ္ဌာန်းတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်းပစ္စည်း အကျိုးပစ္စယုပ္ပန်အနေ ဟောခဲ့ပါတယ်။ သစ္စာတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်း သမုဒယ၊ အကျိုး ဒုက္ခပါပဲ။
ဒီလောကကြီးထဲမှာ အကြောင်းအကျိုးအပြင် ဘာမှ မရှိပါ။ ဒီခန္ဓာကိုယ်အတွင်းမှာလည်း ကြောင်းကျိုးအပြင် ဘာမှမရှိပါ။ ဒီခန္ဓာမှာ ရုပ်နာမ်ကွဲပြီးရင် အဲဒီရုပ်နာမ် အကြောင်းကို သိမ်းဆည်းသိတဲ့ ဉာဏ်ရရမှာပါ။ အဲဒီ ဉာဏ်မှမရရင် "ဝီစိကိစ္ဆာ" မကင်းနိုင်ပါ။ "သောတာပန်" မဖြစ်နိုင်ပါ။ ဒါကြောင့် ရုပ်နာမ်ကွဲအောင် ကြိုးစားရှုပွားပါ။ ရုပ်နာမ်ရဲ့ အကြောင်းကို သိမ်းဆည်းနိုင်အောင် ဝိပဿနာတရား ကြိုးစားရှုမှတ်ကြပါလို့ တိုက်တွန်းရင်း ဓမ္မဒါနပြုလိုက်ရပါတယ်။
(ခန္ဓာ-၅ပါးတစ်ဦး)
•••••••••••••••••••••••••••••••••
ကိုးကားမူယင်း-( ကိုသိန်းနိုင်အုန်း ရဲ့  ဖေစဘုတ် စာမျက်နှာ မှ "ဝိပဿနာဆိုတာ မခက်ပါ " ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်)

Sunday, July 10, 2016

ပူနေ တင်းနေ တိုးနေ လှုပ်နေ တာ တွေက ရုပ်။ သိနေတာ တွေးနေတာ ကြံနေတာ ခံစားနေတာ နာမ်

body ကို အာရုံ ပြုကြည့် ပါ။
ဘာမှ မတွေးပါနဲ့ ။
ဘာမှ မရှာ ပါနဲ့ ။
ပူနေ တင်းနေ တိုးနေ လှုပ်နေ တာ တွေ အများကြီး ပါဘဲ။
အဲဒါ ရုပ်ဘဲ ပေါ့။
ခြေတွေ လက်တွေ ခေါင်းတွေ ဘဲ တွေ့ နေ သေးရင် တော့ ရုပ် ကို တွေ့ တာ မဟုတ် ပါဘူး။
ဒီလိုဘဲ
ကိုယ့် စိတ် mind ကို သတိထားလိုက်ပါ။
သိနေတာ တွေးနေတာ ကြံနေတာ ခံစားနေတာ တွေ့ မယ်။
အဲဒါ နာမ် ဘဲ လေ။
ဒါက ဘယ်အချိန် ဖြစ်ဖြစ် ဘယ်နေရာ ဖြစ်ဖြစ် လုပ် လို့ ရ ပါတယ်။
ဘုရားရှေ့  ထိုင်ပြီး လုပ်တာ လည်း ဒါပါ ဘဲ။
သွားရင်းလာရင်း လုပ် ရမှာလည်းဒါပါဘဲ။
သေခါနီး လုပ် ရ မှာလည်း ဒါပါ ဘဲ။
ရုပ်နာမ် သိဘို့ 
ဥာဏ်ဖြစ်ဘို့ 
အေးချမ်းဘို့ 
လွတ်မြောက်ဘို့ 
ဒိအပြင်လည်း ဘာမှ အထွေအထူး မလုပ် ရပါဘူး။
တစ်ခု တော့ရှိပါတယ်။
အဆက်မပြတ် လုပ်နေဘို့ ပါဘဲ။

ပြသလောက် ဘဲ သိနေရပါမယ်။

သူ့ သဘာဝအတိုင်း ပေါ်ချင်ပေါ်မယ်။ပျောက်ချင် ပျောက် မယ်။သူ့  သဘော အတိုင်းပြနေတဲ့ အရှုခံ ကို ပေါ်ချင်ပျောက် ချင် စိတ် တွေမထားဘဲ သတိ နဲ့  အေးအေးဆေးဆေး သိနေ ရပါမယ်။
အားစိုက်ပြီး ရှာဖွေနေတာ ထက် ပြသလောက် ဘဲ သိနေရပါမယ်။
အဲဒါ သဘောထား အမှန် ပါဘဲ။
တရားအားထုတ်သူတွေ ဟာ အရှုခံ အပေါ်မှာ သဘောထား မှန် ဘို့  လို ပါတယ်။
ဆရာမ အနေ နဲ့ 
တံတွေးမျိုတာ ကို သာမာန် သဘာဝ တစ်ခု လို သဘောထားကြည့် ရင် ဒီလောက် ထပ်တလဲလဲ ပေါ် နေ မှာ မဟုတ် ပါ ဘူး၊
စိတ်ကြောင့် ထပ်ထပ် ပေါ် နေတာ ပါ။
စိတ်အေးအေး ထားလိုက် ပါ။
အဆင်ပြေသွားပါ လိမ့် မယ်။

အပျက်ကိုလိုက်မရှာပါနဲ.

မိုးကုတ်ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်မှာလမ်းမဆုံးစေနဲ့ သတိပဋ္ဌာန်ဘာဝနာဖြစ်အောင် စိတ်ကလေးတစ်ခုပေါ်လာရင် ရှိမရှိအကဲခတ်ပေးလို့ဟောထားပါတယ် ဆရာညကရေးထားတဲ့ guideline ထဲမှာကျတော့ အရှုခံရဲ့သဘာဝကိုပြရာပဲသိပေးဆိုတော့ အဲဒီနှစ်ခုကဘာကွာပါလဲဆရာ စိတ်ထဲမှာဒွိဟဖြစ်ပြီးမရှင်းလို့ပါ ဆရာရှင်းပျြပးပါနော်
ဖြေ
အရှုခံသဘာဝကို ပြရာဘဲ သိပေးနေတာဟာ
သတိပဋ္ဌာန် လည်း ဖြစ်ပါတယ်
သတိပဋ္ဌာန် ဘာဝနာလည်းဖြစ်ပါတယ်။
သတိပဋ္ဌာန်ဘာဝနာလမ်းဆုံးလည်းဖြစ်ပါတယ်။
ပြီးပြည့်စုံတဲ့ တရားအားထုတ်မှု ဖြစ်ပါတယ်။
Yehtet Win
အရမ်းကျေးဇူးတင်ပါတယ်ခုမှပဲရှင်းသွားပါပြီ အစတုန်းကဆိုကျွန်တော်ကိုယ်တိုင် အပျက်ကိုလိုက်ရှာမိပါတယ် အမှန်အတိုင်းဝန်ခံရရင်ဆန္ဒလည်းစောမိပါတယ်

လောကဓံဆိုတာကိုမကြောက်တော့ဘူး

" သကြားသည် ချိုပါ၏။ သို့သော် "
=================
ဒီကနေ့ခေတ်မှာ ဝိပဿနာ တရားထွန်းကားပါတယ်။ ဘယ်အရာမဆို အကောင်းအဆိုး၊ အတုအစစ် ဒွန်တွဲနေတတ်တဲ့ သဘာဝအတိုင်း ဝိပဿနာတရား အတုတွေလည်း ရှိပါတယ်။ တရားလိုက်စားစ ယောဂီတွေ အနေနဲ့ အတုနဲ့ အစစ်ကို ခွဲခြားပြီးသိဖို့မလွယ်ပါဘူး။ ဆရာအတု ၊ ဝိပဿနာအတု နဲ့တွေ့ရင်တော့ တစ်သံသရာ လုံး နစ်နာကြရပါလိမ့်မယ်။
ဝိပဿနာရဲ့အစဟာ နာမရူပရိစ္ဆေဒဉာဏ်ပါ။ ရုပ်နာမ် တို့ရဲ့သဘာဝကို ပိုင်းခြားသိရပါမယ်။ ကြားနာသိ၊ ကြံစည်သိ၊ ပွားများသိလို့ သုံးမျိုးရှိရာမှာ သုံးမျိုးလုံးနဲ့သိရပါမယ်။ အဲဒ်ီလိုသိလာမှ ပညတ်၊ ပရမတ်ကွဲလာမှာပါ။
သုတဉာဏ်အားကောင်းကောင်းနဲ့ ပညတ်၊ ပရမတ်ကို ခွဲခြားနားလည်ထားမယ်ဆိုရင် အာရုံပြုသမျှဟာ ဉာဏ်ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် လက်ကိုလေတိုးနေတယ်ဆိုပါတော့။ လက်ဟာပညတ်ပါ။ တဖျပ်ဖျပ်နဲ့ ရိုက်ခတ်နေတဲ့ ဖောဋ္ဌဗ္ဗဓာတ်က ပရမတ်ပါ။ ဒီရိုက်ခတ်နေမှုကိုပဲ ဝါယောလို့ ခေါ်လိုက်တာဖြစ်တယ်။ သူ့ကိုအေး အေးဆေးဆေးနဲ့ စောင့်ကြည့်ရင် တရိပ်ရိပ်နဲ့ ပျောက်ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဉာဏ်ပါ။ မျက်စိနဲ့ အားရပါးရကြီးစိုက်ကြည့်လို့ သိတဲ့အသိ မဟုတ်ပါဘူး။
ယောဂီတွေက ဝိပဿနာရဲ့ အာရုံဟာ ပရမတ်ဆိုတာကို ကြားဖူးကြပါတယ်။ ဒါပေမဲ့ ပညတ်၊ ပရမတ် အကွဲပြားကြလေတော့ ပညတ်ကိုအတင်းပယ်ဖို့ ကြိုးစားနေကြတယ်။ ပညတ်ဆိုတာက ပယ်လို့ရတဲ့တရားမျိုးမှ မဟုတ်တာ။ အဲဒီတော့ မျက်စိဖွင့်ရင်ပညတ်တွေတွေ့နေရတယ်။ ဝိပဿနာရှုရင် မျက်စိမှိတ်ပြီး ရှုရမယ်ဆိုပြီး ဖြစ်ကုန်ကြရော။
ပညတ်ဟာ ကြောက်စရာမဟုတ်ပါဘူး။ ပညတ်ကိုခွာရှုတယ်ဆိုတာ ဂရုမစိုက်တာကို ပြောတာပါ။ ပယ် နေတာလည်း မဟုတ်ပါဘူး။ စိတ်ထဲမှာ၊ ဉာဏ်ထဲမှာ ဂရုမစိုက်တော့တာပါ။
မျက်နှာကိုမှန်ကြည့်ပြီး အလှပြင်တဲ့အခါ ပထမဆုံး မှန်ထဲမှာ မိမိမျက်နှာတစ်ခုလုံးကို အာရုံပြုသတိ ထားမိပါလိမ့်မယ်။ နောက်တော့ မိမိခြယ်သလိုတဲ့ အစိတ်အပိုင်းကိုသာ ဂရုစိုက်ခြယ်သနေတဲ့အခါ မျက်နှာတစ် ခုလုံးကို ဂရုမပြုမိတော့ပါဘူး။ အဲဒ်ီလိုဂရုမပြုမိလို့ မျက်နှာကြီးကမှန်ထဲကနေပျောက်သွားတာမှမဟုတ်တာ။ စိတ်ထဲမှာသာပျောက်နေတာပါ။
ဒ်ီလိုပဲပေါ့။ လူ၊ခွေး၊ အိမ်၊ သစ်ပင် ဆိုတာတွေဟာ ပရမတ်တွေနဲ့တည်ဆောက် ထားတဲ့ ပညတ်သဏ္ဌာာန်တွေပါ။ အဲဒ်ီပညတ်တွေကို ပယ်လို့မရပါဘူး။ ပယ်လို့လည်းမရပါဘူး။ ပညတ်ဆိုတာ သိအပ်သသောတရား( ဉေယျဓမ္မ) ပါ။ ယောဂီရဲ့ဉာဏ်က အဆင်းဆိုတဲ့ ပရမတ်ကိုသာ အာရုံပြုလိုက်ရင် စိတ် ထဲမှာ လူ၊ ခွေး၊ အိမ် ဆိုတဲ့ သဏ္ဌာန်ပညတ်တွေ ဘယ်ပေါ်လာတော့မလဲ။ ဒီနည်းနဲ့ပညတ်ကိုခွါတာပါ။
စစချင်းတော့ ချက်ချင်းကြီးခွာလို့ရချင်မှရပါလိမ့်မယ်။ တဖြည်းဖြည်းလေ့ကျင့်ယူလာရင် နှလုံးသွင်း လိုက်တာနဲ့ ရပါတယ်။အချိန်အကြာကြီးခွာထားနိုင်ဖို့ကတော့ သမာဓိအထောက်အပံ့ကောင်းကောင်းလိုပါတယ်။
အာရုံဟာပညတ်ဖြစ်နေပါစေဦး၊ ဒီပညတ်ကိုသိနေတဲ့ စိတ်ဟာ ပရမတ်ပါလားလို့ နားလည်ထားရင် ဘယ်အာရုံကိုမျှမကြောက်တော့ပါဘူး။ အာရုံနဲ့စိတ် ဒီနှစ်ခုပဲရှိတာပဲ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝမှ မရှိတာ။ ဒါကို နားလည်ထားတော့ စိတ်အေးတာပေါ့။
ဝိပဿနာ သမ္မာသနဉာဏ်ပိုင်းမှာ တလောကလုံးကိုသုံးသပ်ရပါတယ်။ မိမိခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့ အခါ တပျက်ထဲပျက်နေတာကိုမြင်လိုက်၊ ပြင်ပခန္ဓာတွေကို ကြည့်လိုက်၊ သြော်….သူတို့လဲ ဒ်ီလိုပျက်နေမှာပါ လားလို့ သုံသပ်လိုက်နဲ့ ရှုမှတ်ရပါတယ်။ အဲဒီလို ရှုနိုင်မှလည်း ပြင်ပအာရုံတွေကို မစွဲလမ်းတော့မှာပေါ့။
ရုပ်ဆိုတဲ့သဘဝ၊ ခန္ဓာဆိုတဲ့ သဘာဝကိုနားလည်ထားရင် တစ်လောကလုံးကို နားလည်ပါတယ်။ဒါဟာ ဉာဏ်ပါ။ ရုပ်ဆိုတာ ခွေးရုပ်၊ နွားရုပ်၊ သစ်ပင်ရုပ်၊ အိမ်ရုပ် စတာတွေကို ပြောတာမဟုတ်ပါဘူး။ ခန္ဓာဆိုတာ လည်း၊ လူခန္ဓာ၊ ခွေးခန္ဓာ စသဖြင့် အဲဒါတွေကို ပြောတမဟုတ်ပါဘူး။
ရုပ်ဆိုတာ ဖောက်ပြန်မှုသဘောသက်သက်ကို ပြေတာပါ။ နေပူလို့ဖောက်ပြန်၊ လေတိုက်လို့ဖောက်ပြန်၊ ခြင်ကိုက်လို့ဖောက်ပြန်၊ ဗိုက်ဆာလို့ဖောက်ပြန် အမျိုးမျိုးဖောက်ပြန်နေတာဟာ ရုပ်ပါ။ အဲဒီလို ဖောက်ပြန်မှုတွေ စုဝေးနေတာကို ရုပ်လို့ခေါ်ပါတယ်။ အဲဒီလို ခြုံငုံနားလည်မှ ဝိပဿနာအရာမှာ ရုပ်ကို နားလည်မှာဖြစ်ပါတယ်။
ပူတယ်၊ အေးတယ်၊ မာတယ်၊ ပျော့တယ်၊ တောင့်တယ်၊ တင်းတယ်၊ လှုပ်ရှားတယ် ဆိုတာတွေက ရုပ် ရဲ့သဘာဝလက္ခဏာတွေပါ။ အဲဒီသဘာဝလက္ခဏာတွေကိုလည်း ပထမသိဖို့လိုပါတယ်။ အရင်ဆုံးမိမိသူတပါး စတဲ့ ခန္ဓာတွေဟာ ဒါတွေနဲ့တည်ဆောက်ထားပါလား၊ ဒါတွေဟာတွေဟာလည်း အရှိတရားတွေမဟုတ်ဘူး၊ အဖြစ်တရားတွေသာဖြစ်တယ်။ သူ့ဖြစ်စဉ်ကြီးနဲ့သူသွားနေတာပါလားလို့ သိထားရပါမယ်။ သတိလေးနဲ့စောင့် ကြည့်နေလိုက်ရင် ထင်ရှားတဲ့အာရုံတွေက ဟိုတစ်မျိုး၊ ဒီတစ်မျိုး အမျိုးမျိုးဖြစ်ပေါ်နေကြတော့ အားလုံးကိုခြုံငုံ ပြီး ရုပ်ဆိုတာ ဖောက်ပြန်မှုဖြစ်စဉ်ကြီးပဲလို့ သဘောပေါက်လာပါတယ်။ မွေးကတည်းကနေ သေသည်အထိ ဒီ လိုပဲဖြစ်နေမှာပဲ။ တစ်သံသရာလုံးလည်း ဒီလိုပဲဖြစ်ခဲ့ကြမှာပဲဆိုတဲ့ ဉာဏ်လည်းရလာပါတယ်။
ရုပ်ဟာလှုပ်ရှားနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ။ လှုပ်ရှားတယ်ဆိုတာလည်း သဘာဝတရားတွေတစ်ခုပြီးတစ် ခု ပြောင်းလဲနေလို့လှုပ်ရှားနေတာပဲ။ မလှုပ်ရှား၊ မပြောင်းလဲအောင်လို့ မိမိကဘာမှမတတ်နိုင်၊ မလုပ်နိုင်ပါလား။ အမျိုးမျိုးပြောင်းလဲနေပြီး ဘာမျှအနှစ်သာရမရှိတဲ့ သဘာဝပါလား၊ တစ်သက်လုံးငြိမ်နေတဲ့ အတုံးခဲကြီးလို့ထင် ထားတာ။ တကယ်တော့ မဟုတ်ပါလားလို့ ' အနတ္တ ' သဘာဝကို သိသွားပါတော့တယ်။
လူ၊ ခွေးစတဲ့သက်ရှိရုပ်တွေနဲ့ သစ်ပင်၊ အိမ် စတဲ့သက်မဲ့ရုပ်တွေဟာ အခြေခံရုပ်သဘာဝချင်း တူပါ တယ်။ ရုပ်ကိုဖြစ်ပေါ်ပျက်စီးစေတဲ့ နိယာမချင်းသာမတူတာပါ။ သက်ရှိက ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကြောင့် ဖြစ်လည်းဖြစ် ပျက်လည်းပျက်တယ်။ သက်မဲ့ရုပ်တွေကတော့ ဥတုကြောင့်သာ ဖြစ်ကြတာပါ။
ဒီသဘောတရားကို နားလည်ထားရပါတယ်။ အောက်ခြေသေဘာတရားကို နားမလည်ဘဲ " ဖြစ်ပျက် " ရှုချင်လို့ မရပါဘူး။ ဖြစ်ပျက် မြင်တယ်ဆိုတာ ' ဥဒယဗ္ဗယဉာဏ် ' ပါ။ အောက်ခြေဉာဏ်ပိုင်မှ အထက်ဉာဏ် တက်လို့ရမှာပါ။
အောကခြေဉာဏ်ကို ကျွမ်ကျင်ကြဖို့အတွက် ကြားလည်းကြားနာ၊ ကြံလည်းကြံစည်၊ ပွားလည်းပွားများ ရပါတယ်။ အာရုံကိုလည်း ဉာဏ်နဲ့သုံးသပ်ပေးနေရပါတယ်။ ဒါမှလည်း အမြင်ရှင်းမှာပါ။ ဥဒယဗ္ဗယဉာဏ် က တော့ ပွားရုံသက်သက်ပါ။ အာရုံက ဖြစ်ပြပျက်ပြ တဲ့အတွက် ဖြစ်ပျက် ကို အေးအေးလူလူ စောင့်ကြည့်တာဖြစ် ပါတယ်။ ဒီအဆင့်ကို အမှန်တကယ်ရောက်ပြီဆိုရင် ရိပ်သာစွဲ၊ နည်းစွဲ၊ ဆရာစွဲတွေ လွတ်ပါပြီ။ ဘယ်နည်းနဲ့ပဲ အားထုတ်ပါစေ အရှုခံက ဒီရုပ် ဒီနာမ် လေးပဲရှိတာ။ ဒါတွေမှ မရှုရင် ဘာရှုစရာရှိသေးလို့လဲလို့ ဆုံးဖြတ်ချက်ကျ သွားပါပြီ။ ဟိုဆရာကောင်းနိုး၊ ဒီဆရာမှန်နိုး စတဲ့ ' နာနာသတ္ထာရဥလ္လောကန ' ဘေးကလည်းလွတ်ပါပြီ။ ' မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ ' ဖြစ်နေပြီး ကိုယ့်ကိုယ်လည်း ယုံကြည်မှုရှိသွားပါပြီ။
ဖြစ်ပျက် ရှုတယ်ပြောပြီး ဟိုဆရာကောင်းနိုး၊ ဒီဆရာကောင်းနိုးလိုက်နေသေးရင်တော့ ကိုယ့်ကိုယ်ကိုပဲ ပြန်သုံးသပ်ကြည့်ရပါမယ်။ ဉာဏ်စဉ်တွေနဲ့ အသေးစိတ်တိုက်ကြည့်သင့်ပါတယ်။ ဒီခေတ်ကြီးမှာ ဝိပဿနာအ တုတွေကို ကြားရ၊ မြင်နေရလို့ ခုလိုသတိပေးရတာပါ။
ဝိပဿနာဆိုတာ ဉဏ်အလုပ်ပါ။ ကိုယ့်မှာဉာဏ်ဖြစ်မဖြစ်ဆိုတာကိုသာ သုံးသပ်ပါ။ ဉာဏ်အစစ်ဖြစ် တယ်ဆိုရင် ဝိပဿနာရှုရတာကိုက ပေါ့ပါးလွတ်လပ်ပါတယ်။ အဲဒီလိုပြောလို့ တချို့က " သမာဓိ " မလိုအပ်ဘူး ပြောတယ်လို့ စွပ်စွဲကြပါတယ်။ သူတို့က တရားဆိုတာထိုင်မှ၊ မျက်လုံးမှိတ် အာရုံကိုသမာဓိအားနဲ့ ဖောက်ကြည့် မှ ပညာပေါ်လာလိမ့်မယ်လို့ အယူဆရှိသူတွေပါ။
အာရုံကို သမဓိ နဲ့ဖောက်ကြည့်လို့ ပညာပေါ်မယ်ဆိုရင် ဘုရားတောင်ပွင့်စရာမလိုပါဘူး။ ဘုရားမပွင့်ခင် ကတည်းက အာရုံကို သမာဓိနဲ့ ဖောက်ကြည့်တဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ပါတယ်။ သူတို့ " ဈာန် " ပဲ ရကြတာပါ။ ဝိပဿနာဉာဏ် မဖြစ်ခဲ့ကြပါဘူး။
ဝိပဿနာဆိုတာ မဂ္ဂင်ငါးပါးစုံမှ ဖြစ်တာပါ။ တစ်ပါးပါးလိုအပ်နေရင် ဝိပဿနာဉာဏ် မဖြစ်တော့ပါဘူး။ ဒီတော့ သမာဓိလဲ လိုတာပေါ့။ အာရုံကိုသုံးသပ်ဆုံးဖြတ်နေတဲ့ဉာဏ် ပြန်ပြုတ်မကျသွားစေဖို့ သမာဓိကထိန်း ပေးထားရပါတယ်။ အာရုံကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့သုံးသပ်နေတာကဉာဏ်ရဲ့အလုပ်ပါ။ သမာဓိ ရဲ့အလုပ်မ ဟုတ်ပါဘူး။ ဒါကို ခွဲခြားသိစေချင်လို့ ပြောတာပါ။
ဝိပဿနာဆိုတာ ထင်ရှားရာအာရုံကို သိအောင်လုပ်နေတာဖြစ်ပါတယ်။ ထိတယ်၊ သိတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ သိတယ် ဆိုတာတွေဟာ သတိပဋ္ဌာန်နည်းနဲ့ ဝိပဿနာအားထုတ်နေတာပါ။ စစချင်းတော့ ဉာဏ်အပြည့်ဝမပါနိုင်ပါဘူး။ ပညတ်တွေအပေါ်မှာသာ ကျက်စားရာများခဲ့တဲ့စိတ်ဟာ ပရမတ်အာရုံကို ကြာကြာ မယူနိုင်သေးပါဘူး။ သတိ၊ သမာဓိ တွေအားကောင်းလာရင် ဉာဏ်လည်းအားရှိပြီး ပြည့်ဝလာပါလိမ့်မယ်။ သမထ လိုတော့ အာရုံတစ်ခုတည်းမှာ စိတ်ကိုထားပြီး စိတ်ငြိမ်အောင် အားထုတ်တဲ့နည်းတော့မဟုတ်ပါဘူး။
အဲဒီင်္လို သတိ၊ သမာဓိ တွေအားကောင်းလာရင် လှုပ်ရှားတော့မယ်ဆိုတဲ့အခါ လှုပ်ရှားချင်တဲ့စိတ်က လေးကိုလည်း သိလာပါတယ်။ ကြွတော့မယ်ဆိုရင်လည်း ကြွချင်တဲ့စိတ်၊ စားတော့မယ်ဆိုရင်လည်း စားချင်တဲ့ စိတ်ကလေးကို သူ့အလိုလိုသဘောမျိုးသိလာပါတယ်။ ဒါဟာသဘာဝပါ။ ရုပ်ပိုင်းမှာ ခြေကြွနေတုန်း တဖျပ်ဖျပ် တထစ်ထစ် နဲ့ ရွေ့လျားမှု သဘောရုပ်ကလေးတွေကအစ သိလာပါတယ်။ ဒီအသိတွေဟာ အာရုံကိုရှာရှု၊ စိုက်ရှု လို့ သိတဲ့မသိ မဟုတ်ပါဘူး။ စိတ်ထဲမှာ သတိ၊ သမာဓိ၊ ပညာတွေ အားကောင်းလာလို့ သိသွားတဲ့သဘောပါ။ ဒီ ပညာဟာ လုပ်ယူလို့ရတဲ့ ပညာလည်း မဟုတ်ပါဘူး။ သုတဉာဏ်ကို အခြေခံထားတဲ့ သဘာဝတရားအရ စိတ် အားရှိလာလို့ ဖြစ်လာတဲ့ ပညာသာဖြစ်ပါတယ်။
မျက်စိမှိတ် ထိုင်ပြီးရှုမှတ်တာကလည်း ကောင်းပါတယ်။ ဉာဏ်တော့ ပါဖို့လိုတာပေါ့လေ။ ဉာဏ်မပါရင် တော့ အာရုံကိုအတင်းရှာနေရလိမ့်မယ်။ ဝိပဿနာဆိုတာစောင့်ကြည့်တာသာဖြစ်တယ်။ စိုက်ကြည့်တာမဟုတ် ဘူး။ စိုက်ကြည့်တာက ပင်ပန်းတယ်။ စောင့်ကြည့်တာက သက်သာတယ်။ စိုက်ကြည့်တာကအာရုံကျဉ်းတယ်။ စောင့်ကြည့်တာ အာရုံကျယ်ပြန့်တယ်။ အာရုံအများနဲ့ဆက်ဆံရတော့ ဉာဏ်လည်းထက်တယ်။ အမြင်လည်းပို ရှင်းတယ်။ တစ်လောကလုံးအထိမြင်နိုင်ပါတယ်။ စိုက်ကြည့်တာကတော့ စိုက်ကြည့်တာမှတစ်ပါး တစ်ခြားနေ ရာတွေကို မမြင်နိုင်ပါဘူး။
ဝိပဿနာဆိုတာသက်သာတယ်။ အေးအေးလူလူစောင့်ကြည့်ရတယ်ဆိုပြီး ဝီရိယကို လျော့မချပစ်ရပါ ဘူး။ အဲဒ်ီလိုလျော့ချလိုက်ရင် ထိန၊ မိဒ္ဓဖြစ်လာနိုင်ပါတယ်။ ဘယ်အရာမှ အစွန်းမရောက်ပါစေနဲ့။ မိမိစိတ်ကြည် လင်နေလား၊ မကြည်လင်ဘူးလားဆိုတာကို သတိထားပြီးချိန်ယူရပါတယ်။ အဲဒ်ီလိုချိန်ယူတတ်ဖို့ကတော့ များ များအားထုတ်ပြီး အတွေ့ကြုံများများရှိမှ ဖြစ်နိုင်မှာပါ။
တစ်ခါတလေမှာ စိတ်ဟာအရမ်းကို ယောက်ယက်ခတ်နေတတ်ပါတယ်။ အဲဒီစိတ်ကို သမထနည်းနဲ့သိ ပြီး ထိန်းလို့ရသွားတာ ရှိသလို၊ သိလေ၊ ရုန်းလေ၊ ပိုကြွလေလည်းကြုံရတတ်ပါတယ်။ အလိုက်သင့် စိတ်လျော့ ပြီး စောင့်ကြည့်လို့ ငြိမ်သွားတာလည်း ရှိပါတယ်။ သင့်သလိုပဲ အသုံးပြုသွားရမှာပေါ့။ အမြဲတမ်းပုံသေသတ်မှတ် ထားလို့ ရချင်မှ ရမှာပါ။ မုဆိုးစိုင်သင်ဆိုသလို အလုပ်ကသင်သွားပါလိမ့်မယ်။ ဉာဏ်ကသင်သွားပါလိမ့်မယ်။
သဘောပေါက်တဲ့ ဉာဏ်၊ ပွင့်လင်းတဲ့ ဉာဏ်ရနေပြီဆိုရင်တော့ တကယ်ပေါ့ပါးလွတ်လပ်ပါပြီ။ အရိယာ ဖြစ်နေပြီ၊ ဖြစ်ရမယ့် အခြေနေလို့ ပြောတာမဟုတ်ပါဘူး။ သူ့အဆင့်နဲ့သူတော့ သဘာဝတရားကြီးကို နောကျေ အောင် နားလည်သွားလို့ပါ။ နောက်ဆုံးကိလေသာစိတ်ကိုတောင် မကြောက်တော့ပါဘူး။ လောကဓံဆိုတာကို လည်း မကြောက်တော့ဘူး။ သေမှာကိုလည်း မကြောက်တော့ပါဘူး။
ဒါဟာဝိပဿနာဉာဏ်ကြောင့် ရရှိလာတဲ့ အကျိုးတရားတွေဖြစ်တယ်။ ဒီဉာဏ်ကိုတော့ စကားလုံးနဲ့ ပုံ ဖော်ပြလို့မရနိုင်ဘူး။ သကြားမစားဖူးတဲ့လူတစ်ယောက်ကို သကြားချိုတယ်လို့ပြောရင် သူစကားလုံးကိုသာ ကြားမှာပါ။ စိတ်ထဲမှာတော့ သူစားဖူးတဲ့ ထန်းလျက်အချို၊ သစ်သီးအချိုမျိုးဖြစ်မှာပဲဆိုပြီး တွေးထင်နေနိုင်ရုံပဲ တတ်နိုင်ပါတယ်။ သကြားကို စားကြည့်မှသာ ' သြော်…ဒ်ီလိုချိုတာပါလားလို့ ' သဘောပေါက်မှာပါ။
ဒီတော့ ဝိပဿနာရှုတဲ့ယောဂီတွေ မိမိတို့ အမှန်တကယ်အောက်ခြေဉာဏ်ပိုင်ပိုင်နဲ့ ဖြစ်ပျက် ရှုနေပြီဆို ရင် လွတ်လပ်မှုအတန်သင့်ရနေရပါမယ်။ မရသေးဘူးဆိုရင်တော့ မိမိဉာဏ်ကို မိမိပြန်စစ်ပါလို့ပဲ ပြောပါရစေ တော့။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
{ ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ အတွဲ ( ၁၂ ) ၊ အမှတ် ( ၂ ) ၊ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း }

" ဝိပဿနာဆိုတာ ဘာလဲ?"

" ဝိပဿနာဆိုတာ ဘာလဲ?" စာရေးသူ=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
************************
ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။ စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။ ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို ပညတ်အပေါ်ကဖုံးပြီး မြင်နေကြ ပါတယ်။ အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ်အတိုင်း မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။ သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း ကွယ်ထားခြင်း ခံနေရပါတယ်။ အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။ ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက် အမှန်တကယ်အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။
၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။ ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ် စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။ နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင် နာမည်ကပဲ ခိုက်တယ်။ နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။ ဒါဟာ မူလ(ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊ နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။
၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု တစ်စပ်တည်းမဟုတ်ဘူး။ (အပြတ်တွေ) ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက် အောင် ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့ တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင် မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။
၃။”သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ” ကိုတော့ ဒီလိုမှတ်သားရပါမယ်။ ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။ စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။ အပေါင်းအစုရယ်လို့ မရှိပါဘူး။ ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။ အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့ ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။
၎။သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံကတော့ ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန် ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။ အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။ ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့ တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊ တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။ ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊ ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။ လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေလုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့ မြေမှုန့်အစစ်သာ ဖြစ်တယ်။ ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင် ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။ အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။ ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။ သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်း တန်းမိနေတာက ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။ ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။
“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့ ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်းဖြစ်တယ်လို့ပြောရပါမယ်။ ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။ ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။ (တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။ ဝိပဿနာဟူသည် ဝိ= အထူး၊ ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည် (ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊ အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊ “ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန ဝိဝိဒံပဿတီတိ ဝိပဿနာ” (မဟာသတိပဋ္ဌာနသုတ်)
ဟူ၍ပြဆိုထားရာ၊ (ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက် (ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏ (အနိစ္စ) မမြဲခြင်း၊ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။
ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့ ညွတ်တတ်သော သဘောကတစ်မျိုး၊ မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက် (နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့် ဖြစ်တယ်လို့ စသည်ဖြင့် အကြောင်းနှင့်တကွ ပိုင်းခြာသိတဲ့ဥာဏ်ကိုတော့ (ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။ ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။ ဒီဥာဏ်နှစ်ပါးကိုရရင် စူဠသောတာပန်လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ သောတာပန်အငယ်စားလို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
၁။ သမ္မသနဥာဏ်။ (၂)။ ဥဒယဗ္ဗယဥာဏ်။ (၃)။ဘင်္ဂဥာဏ်။ (၄)။ဘယဥာဏ်။ (၅)။ အာဒီနဝဥာဏ်။ (၆)။နိဗ္ဗိဒါဥာဏ်။ (၇)။ မုဉ္စိတုကမျတာဥာဏ်။ (၈)။ ပဋိသင်္ခါဥာဏ်။ (၉)။ သင်္ခါရုပေက္ခဥာစ်။ (၁၀)။ အနုလောမဥာဏ် ဆိုပြီး ဝိပဿနာဥာဏ် ဆယ်ပါးရှိပါတယ်။ ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က (၁၀) ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့ မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။ ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။ လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။
မဂ်ဥာဏ်သို့ကူးပုံ
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။ အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို အဘိဓမ္မသင်္ဂဟကျမ်းမှာ ပြထားတာရှိပါတယ်။ ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင် ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဂေါတြဘူစိတ်ဖြစ်ပါတယ်။ ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။ ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။ အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင် နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။ လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။ သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။ ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။ အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။ (၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
Credit=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Sunday, April 10, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - C)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - C)
☆☆☆☆☆☆☆☆☆☆☆☆
(စိတ်တောရိုင်းတိရိစ္ဆာန်)
🔯 mindful compassion ဆိုတာ
mindful က "သတိပဋ္ဌာန်"
compassion က "ကရုဏာ" သတိပဋ္ဌာန်အခြေခံတဲ့ ကရုဏာ။
ဒီဟာကို အသုံးပြုပြီးတော့ negative emotion ကို manage လုပ်တာ။ ဒါက ကိုယ့်ဟာကိုယ် ကြည့်ပြီးတော့ ပြန်သနားတတ်ဖို့ပါ။
★ ကိုယ်မကြိုက်တဲ့ဟာတွေ ကြားရတယ်ဆိုရင် သဘာဝ တုံ့ပြန်မှုကတော့ survival instinct ဆိုတာရှိတယ်။ ဒါကတော့ သိပ္ပံပညာရှင်တွေ ပြောတာ။ survival instinct (အသက်လွတ်အောင် သူ့သဘာဝအရ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှု chemical ဓာတ်တွေ)။
★ ခန္ဓာကိုယ်ထဲမှာရှိတဲ့ survival instinct က ဘယ်လိုဖြစ်ပေါ်လာတုန်းဆိုရင် fight or flightပဲ။
Fight က ရင်ဆိုင်ပြီးတော့ ရန်ဖြစ်တယ်ပေါ့။ တိုက်ခိုက်တယ်။
Flight က ထွက်ပြေးတာ။
ဒီနှစ်ခုကိုပဲ survival instinct ဆိုပြီးတော့ သိပံ္ပပညာရှင်တွေက ပြောကြတာ။
★ ဥပမာ လူတစ်ယောက်က ကိုယ့်အိမ်ရဲ့ မှန်တံခါးကို လာခွဲတယ်ဆိုရင် ၊ ကျောက်ခဲနဲ့လာပစ်တယ်ဆိုရင် survival instinct reaction (အသက်လွတ်အောင် သဘာဝအရ ခုခံ တုံ့ပြန်မှု) ရှိမှာပဲ။ တုံ့ပြန်မှုရှိမှာပဲ။
★ ဒီ တုံ့ပြန်တဲ့နေရာမှာ အများစုကတော့ လိုအပ်တာထက် ပိုပြီးတော့ တုံ့ပြန်တယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် survivial instinct ဆိုတာကို သတိပဋ္ဌာန်နဲ့ကြည့်ရင် ဒီ instinct - (လူတွေမှာ သဘာဝရှိတဲ့ တုံ့ပြန်မှု သဘောတရားလေး)က emergency (အရေးပေါ်အခြေအနေ) မှာပဲ သုံးတာ။
★ Negative emotion က ဘာနဲ့ တူတုန်းဆိုတော့ တောရိုင်းတိရိစ္ဆာန်နဲ့တူတယ်။ တောထဲကို ဘာမှ ပြင်ဆင်မထားဘဲနဲ့ ဒီအတိုင်းဝင်သွားတယ်။ ဒီတောထဲမှာ ဘာတိရိစ္ဆာန်တွေရှိတယ်ဆိုတာ ကြိုတင်ပြီးတော့ လေ့လာမထားဘူး။ မြေပုံကြည့်မထားဘူး။ အကာအကွယ်ယူမသွားဘူး။ ဒီအတိုင်းဝင်သွားတယ်။ ၀င်သွားပြီးတော့ ဒီသစ်ပင်တွေ တောတောင်တွေ လှလိုက်တာ။ ဒီပန်းတွေ လှလိုက်တာ၊ ရေကန်တွေ လှလိုက်တာဆိုပြီးတော့ ထိုင်ပြီးတော့ သဘာဝကို enjoy လုပ်ဖို့ (ကြည့်ရှုခံစားဖို့),လုပ်နေတုန်း ဘယ်ကနေလာမှန်းမသိဘူး။ တောရိုင်းတိရိစ္ဆာန်တစ်ကောင်က ထွက်လာတယ်။
★ အဲ့ဒီအချိန်မှာ ဘာလုပ်မှာတုန်းဆိုတော့ survival instinct က ချက်ချင်း ထွက်လာတယ်။ တကယ်လို့ အကောင်က သေးတယ်ဆိုရင် ဒီလူက ချက်ချင်း အဲ့ဒီ သားကောင်ကို သတ်ပစ်မယ်။ ဒါ သူ့ရဲ့ survival instinct ။ အကောင်က နည်းနည်းကြီးတယ်။ ဘယ်လိုလုပ်ရမယ်မသိဘူးဆိုရင် သူကထွက်ပြေးမယ်။ ဒါက Fight or Flight။
★ ဒီ ခန္ဓာကိုယ်ထဲမှာရှိတဲ့ negative emotion တွေလည်းပဲ သူက တောရိုင်းတိရိစ္ဆာန်လိုပဲ ဘယ်ကနေ ပေါ်လာမှန်း မသိဘူး။ အစည်းအဝေးထိုင်နေရင်းနဲ့ လာတာ။
★ ကိုယ်က ကျကျနန ပြင်ဆင်ပြီးတော့လာတယ်။ အ၀တ်အစားကျကျနန ပြင်ဆင်လာတယ်။ အစည်းအဝေးတက်ဖို့ ပြင်ဆင်လာတယ်။
လူတွေ ကြားထဲမှာ တစ်ယောက်ယောက်က ကိုယ်ပြောတဲ့ဟာလက်မခံဘူး။
ဒါမှမဟုတ် သူပြောတာ ကိုယ် မကြားချင်ဘူး။ လက်မခံဘူးဆိုရင် ဒါက တောရိုင်းတိရိစ္ဆာန် ဘယ်ကနေထွက်ပေါ်လာမှန်းမသိဘူး။ ထွက်ပေါ်လာတယ်။
★ ဒါ့ကြောင့် ဒီ negative reaction ရှိတဲ့ ပုထုဇဉ်လူသားများဟာ တောထဲမှာ တောရိုင်းတိရိစ္ဆာန်နဲ့ အတူတူနေရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ wild animal.
(ဘုန်းကြီးရေးတဲ့ စာအုပ်တစ်အုပ်။ Different aspect of mindfulness ဆိုတာ စာအုပ်ကတော့ ကုန်သွားပြီ။ ဒါပေမယ့် အင်တာနက်ပေါ်မှာရှိတယ်။
ဒီအကြောင်းလေး နည်းနည်းရေးထားတယ်။ Survival instinct နဲ့ ဒီ တောရိုင်းတိရိစ္ဆာန် နဲ့ negative emotion အကြောင်း။ ပြီးခဲ့တဲ့ (၁၇) နှစ်လောက်က ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။)
★ Survival instinct ကြောင့် ထွက်ပြေးလိုက်တာ။ လွတ်သွားတယ်။ လွတ်သွားပြီးတော့ တစ်နေရာမှာ အနားယူတယ်။ ပြန်ပြီးတော့ recharge လုပ်တယ်။ အနားယူတယ်။ ဟာ.. လှလိုက်တာ။ ဒီနေရာလေး။ တော်သေးတယ်ဟေ့ ..
★ ပထမအကြိမ် ပြေးတယ်ဆိုတော့ ခပ်မြန်မြန်ပြေးနိုင်တယ်။ နောက်ပြီးတော့ အနားယူတာလည်းပဲ ခပ်မြန်မြန်ပြန်ပြီးတော့ အားတွေ ပြန်ပြည့်လာတယ်။
★ ဒါပေမယ့် ဘေးနားမှာ တောရိုင်းတိရိစ္ဆာန်တွေ ရှိတယ်ဆိုတာ သတိမထားမိဘူး။ ထိုင်ပြီးတော့ enjoy လုပ်နေတုန်း တောရိုင်းတိရိစ္ဆာန် ထပ်ပေါ်လာတယ်။
★ ဒီလိုပဲ အိမ်ကနေ အလုပ်သွားနေတယ်။ စိတ်က အလုပ်မှာ ရောက်နေတယ်။ အလုပ်ပဲ ရောက်နေတယ်။ ကားကြပ်တယ်။ (traffic ဖြစ်တယ်။) အဲ့ဒါကို သတိမထားမိဘူး။ သတိမထားမိတော့ negative reaction က သူ့ဟာသူ ဖြစ်ပေါ်လာတယ်။ ဒါ တောရိုင်းတိရိစ္ဆာန်။
သတိမထားမိလို့ သူ့ဟာသူ ဖြစ်လာတယ်။
★ သတိထားမိတယ်ဆိုရင် အဲ့ဒီ negative reaction က မလိုအပ်ဘူးတဲ့။ choice ရှိတယ်။ (ရွေးချယ်စရာရှိတယ်။)
သတိရှိတဲ့ ပုဂ္ဂိုလ်မှာ ရွေးချယ်စရာရှိတယ်။ သတိမရှိတဲ့ပုဂ္ဂိုလ်မှာ ရွေးချယ်စရာမရှိဘူး။
★ သတိရှိရင်တော့ ဒီ negative reaction ဘယ်လောက်အထိပဲ ဖြစ်မယ်။ နောက် မဖြစ်ရင်လည်း ရတယ်။ ဖြစ်မယ်ဆိုရင်လည်း ဘယ်လို manage လုပ်မယ်။ အဲ့ဒါတွေလည်း choice တွေ အများကြီးရှိတယ်။ သတိမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလိုပဲ ဒရွတ်တိုက် ပါသွားပါတယ်တဲ့။ ဒီ negative reaction ဆွဲခေါ်ရာနောက်ကို ပါသွားတယ်။
★ ကားပေါ်မှာ ကားကြပ်လို့ သားရိုင်းတစ်ကောင် တိုက်ခိုက်တာ ခံရပြီ။
• တယ်လီဖုန်းမြည်တယ်။ ဟိုက လှမ်းခေါ်တယ်။ မရောက်သေးဘူးလား။ pressure နောက်တစ်မျိုးဆိုတော့ တောရိုင်းတိရိစ္ဆာန် နောက်တစ်ကောင် ၀င်လာတယ်။
● နောက် .. မရောက်သေးဘူးလား.. တယ်လီဖုန်း ခဏ ခဏလာတယ်။
● မနေ့ကအလုပ်တွေ
● မနက်ဖန် အလုပ်တွေ
အဲ့ဒီလို ဟာတွေနဲ့ စုပြုံပြီး ၀င်လာရင်
တောရိုင်း တိရိစ္ဆာန် များတယ်ဆိုရင်လေ
You get overwhelm အဲ့လို ဖြစ်သွားတယ်။
★ ဥပမာတစ်ခု ထပ်ပေးဦးမယ်။ မိလိန္ဒပညာထဲမှာ ပါတယ်။ Spider (ပင့်ကူကောင်)။ သတိရှိတဲ့ ပင့်ကူကောင်ဆိုရင် သူ့အိမ်ဆောက်ပြီးရင် သူ အလယ်တည့်တည့်မှာ နေတယ်။ အလယ်တည့်တည့်မှာနေလို့ ဒီ တောရိုင်း တိရိစ္ဆာန်ပဲ ဆိုပါတော့ ပိုးမွှားလေးတွေ တစ်ကောင်ကျလာပြီဆိုရင် သူက သွားစားလိုက်ပြီးတော့ အလယ်မှာ ပြန်နေတယ်။ ချက်ချင်း manage လုပ်နိုင်တယ်။ သူ့အိမ်ကို သူ manage လုပ်နိုင်တယ်။
★ အဲ့လိုမဟုတ်ဘဲနဲ့ သူက လျှောက်သွားနေတယ်ဆိုရင် သူကိုယ်တိုင်၊ သူ ဖန်တီးထားတဲ့ vibration တွေနဲ့ ဘယ်ဘက်က အကောင်သေးတွေ ကျတယ်ဆိုတာ သူ မသိနိုင်တော့ဘူး။ မသိနိုင်တော့ ဟိုဘက်ထောင့်ကလည်း တစ်ကောင်ကျ၊ ဒီဘက်ထောင့်ကလည်း တစ်ကောင်ကျ။ နောက်ပိုင်း အကောင်တွေများလွန်းတဲ့အခါကျတော့ သူ deal လုပ်လို့ မရတော့ဘူး။ ကိုင်တွယ်လို့ မရတော့ဘူး။ ဒီလိုနဲ့ overwhelm ဖြစ်သွားတာ။
★ ဒီလိုပဲ မျက်စိဆိုတဲ့ channel ကနေ Stress (စိတ်ဖိစီးမှု) လေး နည်းနည်း စုထားတယ်။ နားဆိုတဲ့ Channel ကနေ Stress ( စိတ်ဖိစီးမှု) နည်းနည်း စုထားတယ်။
နောက် စိတ်ညစ်ညစ်နဲ့ အစားအသောက်စားတယ်။ အစားအသောက် မကြိုက်လို့၊ ကိုယ့်အရသာအတိုင်း ရာနှုန်းပြည့်မရလို့၊ ၆၀% ပဲရတယ်။ ၅၀% ပဲရတယ်။
★ အဲ့ဒါ ပိုးမွှားလေး တစ်ကောင်၊ မဟုတ်ရင်လည်း သားရိုင်းတစ်ကောင် ထပ်ပြီးတော့ ပေါ်လာ။ အဲ့ဒါမျိုးတွေ အများကြီးပေါ်လာတယ်ဆိုရင် နောက်ပိုင်းကျတော့ depression (စိတ်ဓာတ်ကျတာ) ဖြစ်သွားတာပဲ။
★ ဘယ်ကနေ စလို့ စရမှန်း မသိတော့ဘူး။ ဒါ့ကြောင့် အိမ် ရှိရတယ်တဲ့။ စိတ်ရဲ့ အိမ်၊ emotion ရဲ့ အိမ်။ ထွက်သက် ၀င်သက်မှာ စိတ်ကို ထားတယ်ဆိုရင် စိတ်က ထောက်တည်ရာရှိတယ်။ center ရှိတယ်။ Spider ပင့်ကူက အလယ်ခေါင်မှာ နေပြီးတော့ သူ့အိမ် တစ်ခုလုံးကို သူက အုပ်ချုပ်နေတာ။ ဘယ်ဘယ်ကနေပဲ ကျလာကျလာ။ သူက vibrate message လေးရပြီးတော့ အဲ့ဒါကို သွားပြီးတော့ ကိုင်တွယ်လိုက်တယ်။
★ ဒီအတိုင်းပါပဲ။ မိမိရဲ့ ထွက်သက်ဝင်သက်ကို မိမိ ပြန်ပြီးတော့ connect လုပ်နိုင်တဲ့ ပုဂ္ဂိုလ်၊ (ပြန်ပြီးတော့ ဆက်သွယ်နိုင်တဲ့ ပုဂ္ဂိုလ်)။ အဲ့ဒီပုဂ္ဂိုလ်ကလည်း ဒီ negative emotion တွေ ဘယ်လိုပဲ ပေါ်လာပေါ်လာ။ ပေါ်လာတိုင်း manage လုပ်နိုင်တဲ့ အနေအထားရှိပါတယ်တဲ့။ ဒါကတော့ အာနာပါနသတိကမ္မဋ္ဌာန်းကို ကြော်ငြာတာ။ ဖောင်းတာ ပိန်တာ မှတ်လည်း ရပါတယ်။
ဆက်ရန်...

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - B)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - B)
☆☆☆☆☆☆☆☆☆☆☆☆
(ကိုယ် စိတ်နှစ်ပါး အပန်းဖြေနည်း)
🔯 Your body is exhausted because you tired. The muscles are tense and heavy because over the weeks, over the months, over the years, you have been accumulation a lot of stress. Don't fight with exhaustion. Just accepted and take the celebration for the tired body.
★ ကြွက်သားတွေတင်းနေတာ။
ခေါင်းမှာလည်းပဲ ခေါင်းပေါ်က ကြွက်သားတွေ၊
နဖူးက ကြွက်သားတွေ။
ပခုံးက ကြွက်သားတွေ၊
ကျောရိုးက ကြွက်သားတွေ၊
ခန္ဓာကိုယ် အောက်ပိုင်းက ကြွက်သားတွေ တင်းနေတာ။
အဲ့ဒါ ဒီအတိုင်းပဲ လက်ခံလိုက်ပါ။
အရှိကို အရှိအတိုင်းလက်ခံလိုက်။ ပြုပြင်ဖို့ မကြိုးစားနဲ့။
သူ့အရှိကို အရှိအတိုင်းလက်ခံလိုက်ပါ။
🔯 Don't interfere with the physical process. Just accepted totally with the interfering with the process. Then the body will heal itself. ခန္ဓာကိုယ်က သူ့ဟာသူ healing ရလာလိမ့်မယ်။ အဓိကကတော့ သူ့ကို register (အသိအမှတ်ပြု)လုပ်ပေးရမယ်။ ပင်ပန်းနေတယ်ဆိုတာ register လုပ်ပေး။ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ deep and slow breath. Deep, slow and gentle breath.
★ အစာအိမ်ကို စိတ်ပို့လိုက်ပါ။
အစာချေချက်နေတဲ့ အစာအိမ်။ စားလိုက်တဲ့အစာတွေနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ ။
ဝယ်တုန်းကလည်း ရွေးလို့ရတယ်။
ချက်တော့လည်း ရွေးပြီးတော့ ချက်လို့ရတယ်။
ဝါးတော့လည်း ရွေးပြီးတော့ ၀ါးလို့ရတယ်။
ဒါပေမယ့် အစာအိမ်က ရွေးခွင့်မရှိပါဘူး။
အစောပိုင်းက ၀ါးထားသမျှ၊ မြိုထားသမျှ၊ အစာအိမ်က ချက်ရတယ်။
★★ ဒါ့ကြောင့် ဒီလောက်အထိ ပင်ပင်ပန်းပန်းနဲ့ အရေးပါလှတဲ့ အလုပ်ကို လုပ်နေတဲ့ အစာအိမ်ကို ကျေးဇူးတင်တဲ့အနေနဲ့ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပါ။
အစာအိမ်နားမှာ ရှိတဲ့ ကြွက်သားတွေ တင်းနေတာ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပြီးတော့ ကြွက်သားတွေ လျော့ပေး ။ (relax) လုပ်ပေး။
★ အခုတစ်ခါ ဦးခေါင်းကို စိတ်ပို့လိုက်ပါ။
ဦးခေါင်းတစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေ တင်းနေတာ ပင်ပန်းလို့။ စာရေးလို့လည်း ဖြစ်နိုင်တယ်။
စာကြည့်လို့လည်း ဖြစ်နိုင်တယ်။
Facebook တွေ အကြည့်များလို့လည်း ဖြစ်နိုင်တယ်။
ကားမောင်းလို့လည်း ဖြစ်နိုင်တယ်။
အလုပ်ကိစ္စနဲ့ စကားပြောတာများလွန်းလို့လည်း ဖြစ်နိုင်တယ်။ အလုပ်လုပ်လွန်းလို့လည်း ဖြစ်နိုင်တယ်။
မဟုတ်ရင်လည်းပဲ အရက်ရက် အလလက စုထားတဲ့ stress တွေ ကြောင့်လည်း ဖြစ်နိုင်တယ်။
Stress Chemical (စိတ်ဖိစီးမှုဓာတ်) တွေ စုနေတာ။
★★ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ ညင်ညင်သာသာ ရှုရှိုက်ပေး။
ဦးခေါင်းက ကြွက်သားတွေမှာ ရှိတဲ့ တင်းမာမှုတွေ လျှော့ပေးပါ။
Let go လုပ်ပါ။ release လုပ်ပါ။ အတင်းတော့ မလုပ်နဲ့။
ညင်ညင်သာသာပဲ အသက်ရှု။ ညင်ညင်သာသာပဲ Register လုပ်ပါ။
ဒါ ခန္ဓာကိုယ်ကို မေတ္တာလက်တွေ့ပွားနေတာပါ။
ဒီ တင်းမာမှုတွေ ပျောက်သွားပါစေ ဆိုပြီးတော့ အတင်း Force လုပ်တဲ့ ပုံစံမျိုး မလုပ်ပါနဲ့။ အဲ့ဒီလို လုပ်ရင် negative reaction ရတတ်ပါတယ်။
★ အခုတစ်ခါ နဖူးရယ်၊ မျက်လုံးနှစ်ဖက် ၀န်းကျင်မှာရှိတဲ့ ကြွက်သားတွေရယ်၊ မျက်နှာတစ်ပြင်လုံးရယ်။ ကြွက်သားတွေတင်းနေတာကို သတိကပ်ထားလိုက်။ ကြွက်သားတွေ တင်းနေတယ်။ လျော့ပေး။ relax လုပ်ပေး။ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ လျှာကို ကိုက်မထားနဲ့။ လျှာကို relax လုပ်ထားပါ။
The muscles around your forehead, around your eyes, your cheek both left and right, your chin all the muscles are tense because you are tired. Relax . Place your tongue on the flow of your mouth and breath in and out slowly , gently.
★ ပုခုံး၊ လက်မောင်း၊ တံတောင်ဆစ်၊ လက်နှစ်ဖက်။ နောက် လက်ဖ၀ါး၊ လက်ဖမိုး၊ လက်ချောင်းတွေ။ သူတို့မှာလည်း ကြွက်သားတွေ တင်းနေတာ။ ပင်ပန်းလို့။ လျော့ပေး အနားပေးလိုက်။ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ Deep and Slow breath in , deep and slow breath out.
★ အခုတစ်ခါ ကျောရိုးကို အာရုံပို့လိုက်ပါ။ စိတ်ပို့လိုက်ပါ။
ကျောရိုးတစ်လျှောက်မှာ ရှိတဲ့ ကြွက်သားတွေ။ သူတို့လည်း ပင်ပန်းနေတယ်။
နောက် ခါး တစ်လျှောက်လုံးမှာရှိတဲ့ ကြွက်သားလည်း ပင်ပန်းနေတယ်။ ထိုင်တဲ့အခါလည်းပဲ ခန္ဓာကိုယ်တစ်ခုလုံးကို support (ထောက်ပံ့) ပေးရတဲ့ အလုပ်လုပ်ရတယ်။ ရပ်တဲ့အခါလည်း ဒီအတိုင်း၊ လမ်းလျှောက်တဲ့အခါလည်း ဒီအတိုင်း။ အဲ့ဒီတော့ ဒီ ကျောရိုးမှာ ရှိတဲ့ ကြွက်သားတွေ stress တွေကို စုထားတာ။ accumulate လုပ်ထားတာ ပင်ပန်းနေတယ်။ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ အနားပေးပါ။ စိတ်လည်းလျှော့။ ခန္ဓာကိုယ်က ကြွက်သားတွေလည်းလျှော့။
★ အခုတခါ ခန္ဓာကိုယ်အောက်ပိုင်း၊
ပေါင်နှစ်ဖက်၊ဒူးနှစ်ဖက်၊ ခြေသလုံး။ ခြေမျက်စိ၊ ခြေဖနောင့်၊ ခြေဖ၀ါး၊ ခြေဖမိုး၊ ခြေချောင်းလေး။ မနားတမ်း အလုပ်လုပ်ရပါတယ်။ break time မရှိဘူး။ လမ်းလျှောက်ရင်လည်းပါတယ်။ ထိုင်ရင်လည်း ပါတယ်။ ရပ်ရင်လည်းပါတယ်။ ခြေသလုံးနဲ့ ပေါင်ကို ဒူးက coordinate လုပ်ပေးရတယ်။ အဲ့ဒီ coordination လုပ်ရတာလည်း နားချိန်မရှိဘူးတဲ့။ အကုန်လုံး ပင်ပန်းနေတာကိုး။ တကိုယ်လုံး ပင်ပန်းနေတယ်။ ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။
★ အခုတစ်ခါ ၀င်လေထွက်လေကို စိတ်မှာ ပြန်ပို့လိုက်ပါ။ ၀င်လေထွက်လေမှာ အသိလေး ကပ်ထားလိုက်။ ညင်ညင်သာသာ အေးအေးဆေးဆေး ၀င်လေထွက်လေရှုရှိုက်ပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ကရုဏာနဲ့ကြည့်ပြီးတော့ ၀င်လေထွက်လေ၊ ရှုရှိုက်ပေးပါ။ ဒီကြားထဲမှာ စိတ်သောကတွေ၊ (anxiety) တွေ ၀င်လာတယ်ဆိုရင်လည်း သူ့ကို register လုပ်လိုက်။ (အသိအမှတ်ပြုလိုက်)။ ပြီးရင် ၀င်လေထွက်လေ ဆက်ပြီးတော့ ရှူ၊ ကျကျနန အားရပါးရ အသက်ရှူရှိုက်တယ်ဆိုရင် အဆုတ်ထဲကို အောက်ဆီဂျင် လုံလုံလောက်လောက်ရောက်သွားမယ်။
★ နှလုံးထဲကနေ ရောက်လာတဲ့ သွေးတွေ၊ အဆုတ်ထဲရောက်တဲ့အခါမှာအောက်ဆီဂျင်အပြည့်အ၀နဲ့ ပြန်ထွက်သွား။ တစ်ကိုယ်လုံးရောက်။ ဒီလိုနဲ့ တစ်ကိုယ်လုံး healing တွေ၊ သူ့ဟာနဲ့သူ ဖြစ်လာပါလိမ့်မယ်။ ၀င်လေထွက်လေ ကျကျနန ရှူရှိုက်ပေး။ ခန္ဓာကိုယ်ပင်ပန်းတာ၊ စိတ်ပင်ပန်းတာကို လက်ခံ။ unconscious reaction ဆိုတာ မသိစိတ်က တုံ့ပြန်တာမျိုး၊ လက်မခံတာမျိုး၊ ထွက်ပြေးတာမျိုး၊ ရှိတတ်တယ်။ ဒါ့ကြောင့် ကိုယ့်ဟာကိုယ်သတိပေးရတယ်။ ခန္ဓာကိုယ် ပင်ပန်းနေတယ်။ စိတ်ပင်ပန်းနေတယ်။ ကိုယ့်ဟာကိုယ် သတိပေး၊ သတိပေးပြီးတော့ ၀င်လေထွက်လေ ကျကျနန ရှူရှိုက်။
★ အခုတစ်ခါ ခေါင်းကနေပြီးတော့ ခြေဖ၀ါးအထိ တံမြက်စည်းလှဲသလို စုပြီး သတိကို တကိုယ်လုံး ခေါင်းကနေပြီး ခြေဖ၀ါးအထိ သတိလေးနဲ့ ကြည့်ပေးပါ။ တင်းနေတဲ့နေရာလေးရှိရင် အဲ့ဒီတင်းနေတဲ့နေရာ လက်ခံလိုက်။ ပင်ပန်းနေတယ်။ တင်းနေတယ်။ ခန္ဓာကိုယ်က ပေးတဲ့ message ကို အသိဥာဏ်လေးနဲ့ ဖတ်ကြည့်။ ၀င်လေ ထွက်လေ။ ကျကျနန ရှူရှိုက်ပေး။ ဒီ relaxation exercise ၊ ကိုယ် စိတ် နှစ်ပါး အပန်းဖြေတဲ့နည်းပဲ။ နေရာတိုင်းမှာ လုပ်လို့ရတယ်။ ရုံးခန်းမှာလည်း လုပ်လို့ရတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း လုပ်လို့ရတယ်။ ထမင်းစားပြီး ငါးမိနစ်၊ ဆယ်မိနစ်လောက် စားတဲ့နေရာမှာတင် လုပ်လို့ရတယ်။
ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုကို အသိနဲ့ coordinate လုပ်ပေးတယ်။ ကြားဝင်ပြီးတော့ ညှိနှိုင်းပေးတယ်။ စိတ်နဲ့ ခန္ဓာကိုယ်နဲ့ အချင်းချင်း နားလည်မှုရှိအောင် ညှိပြီးတော့ တစ်ပြိုင်နက် အနားယူတာ။
ဒီလောက်ဆို အဆင်ပြေပါပြီ။ မျက်လုံး ဖွင့်လို့ရပါပြီ။ ဒါ သုံးပတ်လောက် လုပ်ရမယ့် လေ့ကျင့်ခန်း ပါ။ ။ ပြောချင်တာကတော့ negative emotion ကို အကောင်းအဆိုး မဝေဖန်နဲ့။ သတိတရား၊ သတိပဋ္ဌာန်၊ mindfulness လို့ခေါ်တယ်။ non-judgmental mindfulness။ ဒီဟာနဲ့ manage လုပ်ပါတယ်။ ဒါ မနက်ပိုင်း ပြောခဲ့တဲ့ အရာတွေကို summarize လုပ်တာ။
ဆက်ရန်...

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - A)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 6 - A)
☆☆☆☆☆☆☆☆☆☆☆☆
(စိတ်အပန်းဖြေနည်း)
🔯 မိနစ် နှစ်ဆယ်၊ နာရီဝက်လောက် relaxation meditation လုပ်ရအောင်။ ကိုယ့်စိတ်ကို အပန်းဖြေတာ။
★ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်၊ ပင်ပန်းနေတဲ့စိတ် coordinate (ဆက်စပ်မှုရှိအောင်) လုပ်ပေးတာ။
☆ Coordinate မလုပ်ရင် ခန္ဓာကိုယ် နားချင်တဲ့အချိန်မှာ စိတ်က မနားနိုင်ဘူး။ အဲ့ဒီလို ဆိုရင်လည်းပဲ အနားမရဘူး။ စိတ်က နားချင်တယ်။ ခန္ဓာကိုယ်က restless ဖြစ်နေတယ် (မနားရဘူး) ဆိုရင်လည်းပဲ နားလို့မရဘူး။
★ အခု တရားထိုင်တဲ့နည်းက ရုံးမှာလည်း ထိုင်လို့ရတယ်။ ကားပေါ်မှာ ကိုယ်က ကားမောင်းတာ မဟုတ်ဘူးဆိုရင် ကားပေါ်မှာ အနားယူလို့ရတယ်။ ကားစောင့်ရင်းနဲ့၊ လေယာဉ်ပျံစောင့်ရင်းနဲ့ အနားယူလို့ရတယ်။
★ ကုလားထိုင်ပေါ် ထိုင်တဲ့သူတွေ၊
● ကျောမှီထားလိုက်။ ကျောမှီထိုင်။
● ခန္ဓာကိုယ်ကို တင်းမထားနဲ့။
ခန္ဓာကိုယ်ကို relax လုပ်ထား။ လျော့ထား။
● လက်ကို ပေါင်ပေါ်တင်ထားရင်လည်း ရတယ်။ ဘေးနားချထားရင်လည်း ရတယ်။
● လက်ဖ၀ါးကို လှန်ထားလိုက်။
● ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပေး။ (Slow & Deep breathing) ။
★ ခန္ဓာကိုယ် ပင်ပန်းနေတယ်။
အရက်ရက် အလလ အလုပ်လုပ်ခဲ့တာတွေ Stress Chemical (စိတ်ဖိစီးမှု) တွေ စုထားတယ်။
★ အဲ့ဒါတွေ တစ်နေ့ကို နည်းနည်း နည်းနည်းနဲ့ အရင် ရက်က ပင်ပန်းမှု၊ ဒီနေ့အထိ ပါလာတယ်။
အရင်အပတ်က ပင်ပန်းမှု၊ ဒီတစ်ပတ်အထိ ပါလာတယ်။
အရင်လက ပင်ပန်းမှု ဒီလအထိ ပါလာတယ်။
★ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို Register လုပ်လိုက်။ ခန္ဓာကိုယ် ပင်ပန်းနေတယ်။
☆ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို သွားပြီး အပြစ်မတင်နဲ့။ ပြီးတော့ resist (ခုခံတာမျိုး) မလုပ်နဲ့တဲ့။
Don't fight with the exhausted body. Just accepted. Look at it with compassion.
★ ကရုဏာနဲ့ကြည့်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို ကရုဏာနဲ့ ကြည့်ပေး။
• ငိုနေတဲ့ ကလေးငယ်လေးကို မိခင်က ကရုဏာစိတ်နဲ့ ကရုဏာမျက်စိနဲ့ ကရုဏာနှလုံးသားနဲ့ကြည့်တယ်။
ပွေ့ပိုက်တယ်။ နှစ်သိမ့်တယ်။
★ ဒီအတိုင်းပါပဲ။ ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို ကရုဏာနဲ့ ကြည့်ပေး။ ကရုဏာဆိုတဲ့ သဘောထား။ compassionate attitude ။ ဒီအသိနဲ့ ဒီအတွေးနဲ့ ကြည့်ပြီးတော့ ၀င်လေထွက်လေ ကျကျနနရှုရှိုက်ပါ။
• အိပ်ယာအစောကြီးထရလို့ ပင်ပန်းတာ ဖြစ်ရင်ဖြစ်မယ်။
• ည ကောင်းကောင်း အိပ်မပျော်လို့ ပင်ပန်းတာ ဖြစ်ရင် ဖြစ်မယ်။
• အလုပ်ပင်ပန်းလို့ ပင်ပန်းတာ ဖြစ်ရင်ဖြစ်မယ်။
• စိတ်ပင်ပန်းလို့ exhausted (ပင်ပန်းမှု) ဖြစ်ရင် ဖြစ်မယ်။
• ထမင်းစားပြီးကာစ ခန္ဓာကိုယ်က အစာတွေ ချေချက်နေရလို့၊ အင်အားတွေ အများကြီးသုံးရလို့ ပင်ပန်းနေတာ ဖြစ်ရင်ဖြစ်မယ်။
★ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါ အမြဲတမ်းတွေ့နေရတဲ့ အနေအထားတွေပါ။ ဒါ အမြဲတမ်းတွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။
★ Acceptance (လက်ခံတာ) စိတ်ပင်ပန်းတာကို လက်ခံတာ။
ခန္ဓာကိုယ် ပင်ပန်းတာကို လက်ခံတာ။
မိခင်က ငိုနေတဲ့သားလေးကို ကြည့်တဲ့ပုံစံမျိုးနဲ့ အခုအခါ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ဟာ ငိုနေတဲ့ ကလေးလေးလိုပဲ။ mindfulness ခေါ်တဲ့ သတိနဲ့ အသိ။ သတိတရား။
★ ဒီ အချိန်မှာ တစ်ဦးတည်းသော သားရှိတဲ့မိခင်လို၊ တခြား ဘာမှ ဂရုစိုက်စရာမရှိဘူး။ ဂရုစိုက်ဖို့ မလိုဘူး။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို Priority ထားလိုက်။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်မှာပဲ စိတ်ထား။ ၀င်လေ ထွက်လေ ကျကျနန ရှုရှိုက်ပေး။
★ ပင်ပန်းနေတာကို မပင်ပန်းအောင်ဆိုပြီး သွားမလုပ်နဲ့။ ပင်ပန်းနေတာလေးကိုပဲ လက်ခံလိုက်။ ငိုနေတဲ့ ကလေးကို ပွေ့ချီလိုက်၊ နှစ်သိမ့်လိုက်၊ အားပေးလိုက်။ နွေးထွေးမှုပေးလိုက်။
"မငိုနဲ့" ဆိုပြီးတော့ သွားပြီးတော့ မပိတ်နဲ့။ အားပေးရုံ အားပေး။ ကလေးက သူ့ဟာသူ အငိုတိတ်သွားလိမ့်မယ်။ မငိုနဲ့လို့ ပြောရင် ကလေး သူ့ဟာသူ ကြောက်ပြီးတော့ survival instinct ပုံစံမျိုးနဲ့ သူ react (တုံ့ပြန်) လိမ့်မယ်။ ဒါ့ကြောင့် ဒီခန္ဓာကိုယ် ပင်ပန်းတာကို နားလည်ပေးလိုက်။ ခန္ဓာကိုယ်ပင်ပန်းနေတာကို လက်ခံပေးလိုက်။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ် အတွက် ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပါ။
ဆက်ရန်...

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - E)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - E)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
(သူ့ဒေါသနှင့် ကိုယ့်ကရုဏာ)
မေး။ ။ဆရာတော်ဘုရား.. (၁) positive emotion (၂) negative emotion (၃) not positive & negative emotion သုံးခုမှာ positive emotion ကို အမြဲ expand (ချဲ့) ပေးရမယ်ဆိုလိုတာလားဘုရား။ သို့မဟုတ် ၄င်းတို့ ကိုယ်၌ ဖြစ်ဖြစ်နေတာတွေကို အသိအမှတ်ပြုပေးနေရမှာလား။
★ ဖြေ။ ။ positive emotion ကို expand (ချဲ့) တာ demonstrate (ထင်ရှားအောင်) လုပ်ပြထားတယ်။ ဒါက အနည်းငယ်ပဲ ရှိသေးတယ်။
(၁) မိမိ
(၂) မိသားစု
(၃) သူငယ်ချင်းမိတ်ဆွေ
(၄) အလယ်အလတ်ပုဂ္ဂိုလ် (သူစိမ်း)
(၅) ကိုယ်မချစ်မနှစ်သက်တဲ့သူ
(က) ပြိုင်ဘက်
(ခ) ဆန့်ကျင်ဘက်
(ဂ) ရန်သူ
(၆) တလောကလုံး ကို မုဒိတာဖြစ်ရမယ်။
ဒီ emotional habit (စိတ်ခံစားမှုဆိုင်ရာ အလေ့အကျင့်) ကို ပြောင်းလဲလာအောင်ဆိုရင် သုံးပတ်အချိန်လိုတယ်။
ဒါက လန်ဒန်တက္ကသိုလ် ကောလိပ်က Psychologist ပညာရှင်တွေ သုတေသနလုပ်ထားတာ။
သုံးပတ်လိုတယ်။ လူတစ်ယောက်ရဲ့ အကျင့်ကို နည်းမှန်လမ်းမှန်နဲ့ ပြောင်းလဲဖို့ဆိုရင် သုံးပတ်လိုတယ်။
★ သတိပဋ္ဌာနသုတ်ထဲမှာတော့ တစ်ပတ် (ခုနစ်ရက်) ကနေပြီးတော့ ခုနစ်နှစ်အထိ၊ ပုဂ္ဂိုလ်အလိုက် ပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ ဒီ habit တွေကို ပြောင်းလဲနိုင်တယ်။ (အကျင့်ကို ပြောင်းလဲနိုင်တယ်)။
★ စာအုပ်တစ်အုပ်ထဲမှာတော့ အင်္ဂလန်နိုင်ငံမှာတဲ့ အရင်တုန်းက လူတွေ ကားစီးတယ်ဆိုရင် seat belt (ခါးပတ်ကြိုး)မတပ်ဘူး။
အဲ့ဒီတော့ တပ်အောင် သူတို့ ကြော်ငြာတွေ ကြော်ငြာတယ်။ ကျောင်းတွေမှာ သင်တယ်။ အချိန်ဘယ်လောက်သုံးရလဲဆိုရင် သုံးပတ်သုံးရတယ်။ အဲ့ဒါနဲ့ တစ်နိုင်ငံလုံး အကျင့်တွေ ပြောင်းလဲသွားတယ်။ ကားပေါ်တက်ပြီး ထိုင်ပြီဆိုရင် ချက်ချင်း ခါးပတ်တပ်တယ်။
★ ဒီနေရာမှာ Positve emotion ကို in touch (ရင်းနှီး) အောင်လုပ်တာ တစ်ချို့ ပုဂ္ဂိုလ်တွေ in touch လုပ်လို့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီလို လုပ်လို့ ရတယ်ဆိုတာ သိသွားတယ်။ Expand(ချဲ့) တယ်။
★ negative emotion လည်း ဒီအတိုင်းပဲ တစ်ကနေ၊ ခြောက်အထိ၊ မိမိရဲ့ စိတ်မကျေနပ်မှုတွေ၊ စိတ်ပျက်မှုတွေ၊ အဲ့ဒီ negative emotion အားလုံးကို…
ပထမဆုံး မိမိကိုယ်ကို၊ စပြီးတော့ နံပါတ် တစ်ကနေ ခြောက်အထိ အဲ့လို exercise တွေ လုပ်မယ်။ အဲ့လို exercise တွေ လုပ်ရင် positive နဲ့ negative emotion နှစ်ခုစလုံးက positive ဖြစ်လာတယ်။
★ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်
ဒေါသကိုကြည့်ပြီးတော့ ကုသိုလ်ဖြစ်အောင် လုပ်တတ်တယ်။
★ လူတစ်ယောက်က ကိုယ့်ကို လာပြီးတော့ ဆဲတယ်ဆိုရင် ...
"သြော်.. သူဒုက္ခရောက်နေတယ်။ စိတ်ထဲမှာ ဒုက္ခရောက်နေတယ်"။
အဲ့လိုတွေးလိုက်ရင် သူ့ ဒေါသက ကိုယ့်ဒေါသ ဖြစ်မလာဘူး။ ဖြစ်မလာရုံတင်မကဘူး။ သူ့ ဒေါသကို အကြောင်းပြုပြီး ကိုယ်က ကရုဏာဖြစ်လိုက်တော့ ကိုယ့် ကရုဏာက ကုသိုလ်ဖြစ်သွားတယ်။
★ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ဒီမှာ ကုသိုလ်ဖြစ်တာ။ အဲ့ဒီလိုဟာမျိုး။
ဒါက negative emotion ကို transform လုပ်တယ် (ပြောင်းလဲ) လိုက်တယ်ပေါ့။ အဲ့ဒီလိုလုပ်တယ်ဆိုရင် ဒီ positive emotion နဲ့ negative emotion က balance ဖြစ်သွားတယ်။ (ညီသွားတယ်)။ အဲ့ဒါကို balance emotion ဥပေက္ခာလို့ ခေါ်တယ်။
မြန်မာစကားသုံးတဲ့ ဥပေက္ခာတော့ မဟုတ်ဘူး။ မြန်မာစကားသုံးတဲ့ ဥပေက္ခာကတော့ လျစ်လျူရှုတာကို ပြောတာ။
★ ဒီ emotion management မှာ သုံးတဲ့ ဥပေက္ခာကတော့ positive emotion ကလည်း မိမိကို တုန်လှုပ်အောင် မလုပ်နိုင်တော့ဘူး။ Negative emotion တွေကလည်း တုန်လှုပ်အောင် မလုပ်နိုင်တော့ဘူး။ အဲ့ဒီလို stable ဖြစ်နေ (ငြိမ်နေ) တာ။ Balance ဖြစ်နေတာ။
● ၀မ်းသာတဲ့နေရာမျိုးမှာ ၀မ်းသာတယ်။
● ကရုဏာဖြစ်ရမယ့်နေရာတွေမှာ ကရုဏာဖြစ်တယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ၀မ်းသာတဲ့နေရာမျိုးမှာ သူ့ရဲ့ အန္တရာယ်ဖြစ်တဲ့ လောဘ မ၀င်နိုင်တော့ဘူး။
သနားရမယ့် နေရာမျိုးမှာ ဒေါသ မဖြစ်တော့ဘူး။ Negative reaction မရှိတော့ဘူး။ Negative emotion နဲ့ negative reaction က တခြားစီပဲ။ အဲ့ဒီလို balance ဖြစ်သွားတာ၊ stable ဖြစ်သွားတာကိုပဲ ဥပေက္ခာလို့ နားလည်ပါ။
မဟာဗောဓိရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော
အောက်စဖိုဒ့်ဆရာတော်
ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ,
(Ven. Dr. Dhammasami, Oxford)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - D)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - D)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
(ဒုက္ခကို ရင်ဆိုင်ခြင်း)
မေး။ ။ဘ၀မှာ ဂိုးတိုင် ခဏခဏပြောင်းတဲ့ဟာကို ပြောတာ နားလည်ပါတယ်။ ဘ၀ရဲ့ တကယ့်မှန်ကန်တဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲဆိုတာ မသိနိုင်ဘဲဖြစ်နေပါတယ်။ ကိုယ့်ဘ၀ကိုယ် ကိုယ်ကြိုက်တဲ့ပုံစံမျိုးနဲ့ နေတာလား။ ဘေးက နေစေချင်တဲ့ ပုံစံမျိုးနဲ့ နေနေတာလား။ ဒါကို ဆုံးဖြတ်လို့မရပါဘူး။ မေးချင်တာကတော့ အဓိပ္ပာယ်ရှိတဲ့ ဘ၀ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိပါရစေဘုရား။
ဖြေ။ ။ ဗုဒ္ဓက ဘ၀ရဲ့ ရည်ရွယ်ချက် တွေ့ အောင်ဆိုရင် "ဒုက္ခကို ရင်ဆိုင်ရမယ်"။ ဒုက္ခကို နားလည်ရမယ်။ ဒုက္ခကိုနားလည်ရင် ဘယ်လောက်ပဲ ဘ၀ရဲ့ ရည်ရွယ်ချက်လို့ ယူဆ၊ ယူဆ၊ အကုန်လုံး အဓိပ္ပာယ်ရှိတယ်။
★ အခုဟာက ဘ၀ရဲ့ ရည်ရွယ်ချက်က "ဒုက္ခမဖြစ်အောင်"ဆိုရင် ဒါက ဒုက္ခကို ထွက်ပြေးတာ။ လူအများစုရဲ့ ဘ၀ရည်ရွယ်ချက်က အဲ့ဒါ။
ဘွဲ့ရအောင်လုပ်တယ်။ ဒါ "ဒုက္ခမဖြစ်အောင်" လုပ်တာ။ ဒီလို ဒုက္ခမဖြစ်အောင် အလုပ်ကြိုးစားလုပ်တာမျိုး ဖြစ်နေတယ်။
★ ဗုဒ္ဓက လောကြီးထဲမှာ ဒုက္ခရှိတယ်။ ဒုက္ခကို ရင်ဆိုင်ပါ။ ကာယဒုက္ခ ဖြစ်ရင်ဖြစ်မယ်။ စိတ္တဒုက္ခ ဖြစ်ရင်ဖြစ်မယ်။ ဒါကို ရင်ဆိုင်ပါ။ ဒုက္ခရှိတယ်။
• ဆင်းရဲသားလည်း ဆင်းရဲသားအလျောက်၊
• သူဌေးလည်း သူဌေးအလျောက်၊
• လူလည်း လူအလျောက်၊
• ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ ဒုက္ခတွေရှိတယ်။
ဓမ္မစကြာသုတ်မှာ သင်ပေးခဲ့တယ်။ သစ္စာလေးပါးထဲမှာ.. ဒုက္ခကို ဘာလုပ်ရမလဲ။
★ ဒုက္ခကို ရင်ဆိုင်ရမယ်။
ဒုက္ခကို ရင်ဆိုင်မှပဲ ဒုက္ခကိုနားလည်မှပဲ ဒီဒုက္ခက ကိုယ့်ကို အန္တရာယ်မပေးနိုင်ဘူး။
★ အဲ့လိုမဟုတ်ဘဲနဲ့ ဒီဒုက္ခကို ထွက်ပြေးမယ်ဆိုရင် ထွက်ပြေးရမယ့် နေရာမရှိဘူးတဲ့။
ဒီကနေပြီးတော့ စင်္ကာပူကို ထွက်ပြေး။ ဟိုကနေပြီးတော့ ဒုက္ခက စောင့်နေတယ်။ စင်္ကာပူကနေ အင်္ဂလန်ကို ထွက်ပြေးဦး။
ဟိုကနေ ဒုက္ခစောင့်နေတယ်။ ရန်ကုန်ပြန်လာတော့ ဒီက ဒုက္ခတွေ စောင့်နေတယ်။
★ ဒါ့ကြောင့် ဒုက္ခကိုနားလည်မှပဲ ဒုက္ခကိုထွက်ပြေးစရာ မလိုတော့ဘူး။ အဲ့ဒီလို ဖြစ်လာရင် ဘ၀ရဲ့ Desitination (ပန်းတိုင်) ကတော့ ဘုန်းဘုန်းအနေနဲ့ ဟောခဲ့တဲ့ တရားတစ်ပုဒ်ထဲမှာ our time is limited ဆိုတာ (အချိန်တွေက အကန့်အသတ်ရှိတယ်)။
★ ဒီ ကန့်သတ်တဲ့ထဲမှာ ဒီအချိန်ကို အသုံးပြုတာသည် ဒီစီးပွားရေးသမားတွေလို နည်းနည်းရင်းရင် များများအမြတ်ရချင်တယ်။
ဘုန်းကြီးလည်း ဒီအတိုင်းပဲ ။ များများ အမြတ်ရချင်တယ်။
★ အဲ့ဒီတော့ များများအမြတ်ရချင်တယ်ဆိုရင် အများနဲ့ လုပ်တဲ့အခါမှာ စိတ်ဆင်းရဲစရာတွေရှိရင် စိတ်မဆင်းရဲအောင် နေရမယ်။
★ စိတ်ဆင်းရဲတယ်ဆိုရင် ကိုယ်က အများကြီးရင်းနှီးသလို ဖြစ်နေတယ်။ တစ်ရာတန်ကို တစ်ထောင်နဲ့ ၀ယ်ယူသလို ဖြစ်နေတယ်။
★ အလှူသွားတယ်ဆိုပါတော့။ အ၀တ်အစား ကောင်းကောင်းဝတ်သွားတယ်။ ဟိုက .. ဘယ်သူကမှ ကိုယ်ဝတ်စားထားတာကို လှတယ်လို့ မပြောဘူး။ အဲ့ဒါနဲ့ အိမ်ပြန်လာပြီးတော့ “ဘယ်သူမှ ငါ့လည်း မပြောဘူး” ဆိုတော့..
အလှူသွားတာလေ အများကြီး အရင်းအနှီးစိုက်ပြီးတော့ သွားတာ။ မင်္ဂလာဆောင်တစ်ခုလိုပဲ အ၀တ်အစားအသစ်တွေ မထပ်အောင် တစ်စုံချုပ်သွားပေမယ့် ဘယ်သူမှ ကိုယ့်ကို လှတယ်လို့ မပြောဘူး။
★ ပိုက်ဆံတွေ အများကြီးရင်းနှီးမြှုပ်နှံထားတာ။ အချိန်တွေ အများကြီး ရင်းနှီးမြှုပ်နှံထားတာ။ အဲ့ဒီဟာ တစ်ခုလေး .. လှတယ်အပြောခံရတဲ့ စိတ်ချမ်းသာမှုလေးကို ရှာတာ။ တစ်ရာတန်ကို တစ်ထောင်ရင်းပြီးတော့ ရယူချင်တဲ့သူတွေ အများကြီးပဲ။
★ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘုန်းဘုန်းက တစ်ရာတန်ကို တစ်ထောင်နဲ့ ရချင်တယ်။စီးပွားရေးသမား .. စီးပွားရေးကောင်းတယ်ဆိုရင် နည်းနည်းလေးရင်းနှီးပြီး အများကြီးတိုးတယ်။
★ အဲ့ဒီတော့ သွားတဲ့နေရာတိုင်းမှာ ကုသိုလ်ဖြစ်အောင်၊
ခရီးသွားတယ်ဆိုလည်း တွေ့တဲ့နေရာတိုင်းမှာ မုဒိတာဖြစ်အောင်၊ ကရုဏာဖြစ်အောင် ဒီနှစ်ခု ဘုန်းဘုန်းလက်ကိုင်ထားတယ်။ ဒီနှစ်ခု လက်ကိုင်ထားတော့ အဆင်မပြေတာ တွေ့ရင်လည်းပဲ ကရုဏာဖြစ်တယ်။
★ ပြီးခဲ့တဲ့ နှစ်ရက်က ဘုန်းဘုန်း စာအုပ်တစ်ခု တည်းဖြတ်နေတယ်။ (edit လုပ်နေတယ်)။ အဲ့ဒါ assistant တပည့် ဦးဇင်းတစ်ပါး ဓမ္မာစရိယပေါ့။ Ph.D ပြီးခါနီးပြီ။ အရေးအသားမှာ အလွယ်တကူ သိရမယ့်ဟာလေးကို သူမသိဘူး။ မမှားသင့်တာလေးတွေ မှားတယ်။ အဲ့ဒါ ဘုန်းဘုန်းက Disappointed ဖြစ် (စိတ်ပျက်) သွားပြီးတော့ စိတ်ထဲမှာ ဒုက္ခဖြစ်တယ်။ စိတ်ဆင်းရဲတယ်ပေါ့။
★ နောက် သူတို့ ကို ဆူမိတယ်။ နောက် တရားပြန်ထိုင်တဲ့အခါကျတော့ ကိုယ့်ကိုယ်ပြန်ပြီးတော့ ကရုဏာပွားတယ်။
စိတ်က ထိလွယ်ရှလွယ်ရှိသေးတယ်။ နောက် သူတို့ ကိုလည်းပဲ ကရုဏာပွားတယ်။ ပွားလိုက်တဲ့အခါကျတော့ အစောပိုင်းက ဖြစ်ခဲ့တဲ့ဒေါသကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်သွားတယ်။
★ ပဌာန်းမှာတော့ အကုသလောဓမ္မော ကုသလသ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်လာအောင် လုပ်တဲ့နည်းပေါ့။ ဗုဒ္ဓသင်ပေးတာ။
★ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ skillful Reflection ဆိုတာ အဲ့ဒီ ဒုက္ခကိုပြန်ပြီးကြည့်တာ။ အဲ့ဒီ ဒုက္ခကို ပြန်ပြီး exmine လုပ်တာ။ ပြန်ဆန်းစစ်တယ်။ သတိနဲ့ ဆန်းစစ်တယ်။ ယောနိသော မနသိကာရနဲ့ ဆန်းစစ်တယ်။ ဆန်းစစ်တော့ ဘာထွက်လာတုန်းဆိုတော့ ကိုယ့်ကိုယ့် ကရုဏာဖြစ်တယ်။ ကိုယ့်ကိုယ် ခွင့်လွှတ်တယ်။ ငါ ဒီ အဆင့်ပဲ ရှိသေးတယ်။ ဒေါသတွေ ပေါက်ကွဲနိုင်သေးတယ်။
★ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ စာအုပ် သတိပဋ္ဌာနသုတ် အနှစ်ချုပ်စာအုပ်ကို ဘုန်းကြီးရဲ့ တပည့်တွေကို အင်္ဂလိပ်ဘာသာ ပြန်ခိုင်းတယ်။ အဲ့ဒီ ငါးပုဒ်ထဲက တစ်ပုဒ်ကို နောက်လ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲမှာ ဝေနိုင်အောင်ဆိုပြီးတော့ edit လုပ်တယ်။ ခက်ခဲတဲ့ဟာတွေကို ဘုန်းဘုန်းက လုပ်ထားတယ်။ ကျန်တဲ့ဟာတွေကို တပည့်တွေကို Training ပေးရအောင်ဆိုပြီး လုပ်ခိုင်းတာ စိတ်တိုင်းမကျဘူး။
★ အလုပ်ရှင်တွေလည်း ဒီလိုပဲပေါ့။ လူတိုင်းဒီလိုပဲ။ အဲ့ဒီတော့ Frustrated ဖြစ်တယ်။ ဆူမိတယ်။
★ အဲ့ဒီလို ဖြစ်တယ်ဆိုရင် ကိုယ်က အချိန်တွေ ဒီလောက်အများကြီး စာသင်တဲ့နေရာတွေရော၊ နောက် ဒါကို translate ဘာသာပြန်တဲ့ နေရာတွေရော၊ အများကြီး ရင်းနှီးမြှုပ်နှံထားပြီးမှ
ဒီ negative point လေးကို positive ဖြစ်အောင် ထိန်းပြီးမလုပ်နိုင်ဘူး။ မပြောင်းလဲနိုင်ဘူး Transform မလုပ်နိုင်ဘူးဆိုရင် တစ်ထောင်တန် ရင်းပြီးတော့ တစ်ရာတန်ပဲ ရမယ်။
★ အဲ့ဒီ ဟာလေးကို ချက်ချင်း Transform လုပ်နိုင်တယ်ဆိုရင် တစ်ရာတန်ရင်းပြီးတော့ တစ်ထောင်တန်ရတယ်။
တစ်ထောင်တန်ရင်းပြီးတော့ တစ်သိန်းတန် ရတယ်ပေါ့။ နေနိုင်လား။
★ ဒီလိုဖြစ်တယ်ဆိုရင်တော့ တစ်ချို့လူက ငါးနှစ်လုပ်မှ ရတဲ့ကုသိုလ်ကို ကိုယ်က ငါးရက်နဲ့ ရတယ်။ တစ်ချို့လူတွေ တစ်သက်လုံးလုပ်မှ စုနိုင်တဲ့ပိုက်ဆံ၊ တခြားသူတွေက တစ်ပတ်နဲ့ လုပ်နိုင်စွမ်းရှိတယ်။
★ ဒီလိုပဲ ပါရမီ လုပ်တဲ့နေရာမျိုးမှာလည်း တစ်ချို့ဆရာတော်ကြီးတွေကို ကြည့်ပြီး "သြော်.. အဲ့ဒီ ဆရာတော်ကြီးတွေ စိတ်ထားတတ်တယ်။ လောကဓံဒဏ်ကို ကိုင်တွယ်နိုင်တယ်ပေါ့။"
★ အထူးသဖြင့်တော့ ဘုန်းဘုန်းရဲ့ မျက်စိအမြင်နဲ့ ကြည့်တယ်ဆိုရင်တော့ emotion ကို ကောင်းကောင်းကိုင်တွယ်နေတာ။
emotion ကို ကိုင်တွယ်တယ်ဆိုတဲ့ နေရာမှာလည်း သတိပဋ္ဌာန်ဆိုတဲ့ Non-judgmental awareness၊ အကောင်းအဆိုးမဝေဖန်တာ။ မုဒိတာ၊ ကရုဏာ ဒီသုံးခုကို ကိုင်ပြီးတော့ emotion ကို manage လုပ်တာ။
★ ဒီလို manage လုပ်နိုင်တယ်ဆိုရင် မိနစ်တိုင်း မိနစ်တိုင်း၊ စက္ကန့်တိုင်း စက္ကန့် တိုင်း၊ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေဟာ ပါရမီဖြည့်ဖို့အတွက်ပဲ ဖြစ်လာတယ်။
ဆက်ရန်...

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - C)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - C)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
🔯 မေး။ ။ မသိစိတ်နဲ့ သိစိတ်၊ တစ်ထပ်ထဲကျအောင် လေ့ကျင့်တဲ့နည်း သိချင်ပါတယ်ဘုရား။
ဖြေ။ ။ အခုဟာက မသိစိတ်ကို သိအောင်၊ သူ့ရဲ့ reaction (တုံ့ပြန်မှု) ကို ကြည့်တယ်။
★ သဘောအားဖြင့် ကိုယ်မကျေနပ်ဖူးတဲ့ လူတစ်ယောက်အကြောင်းကို ကြည့်လိုက်တယ်။ တွေးတယ်။ သူ့ ကောင်းကွက်တွေကို တွေးရမယ်ဆိုရင် ဒါ အရမ်း Challenging (စိန်ခေါ်မှု) ဖြစ်တယ်။
★ မကျေနပ်တဲ့စိတ်တွေ၊ တစ်ချို့ emotion တွေက စိတ်ထဲ တော်တော် နက်ရှိုင်းတဲ့ နေရာမှာ ရှိနေတယ်ဆိုရင်၊ မသိစိတ်ထဲမှာ ရှိနေတယ်ဆိုရင် ဒီလို exercise (လေ့ကျင့်မှု) တွေ လုပ်လိုက်တဲ့အခါမှာ reaction (တုံ့ပြန်မှု) တွေ ပေါ်လာတယ်။
★ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် မသိစိတ်ကို သိစိတ်ထဲရောက်အောင် ဆွဲခေါ်လာတာ။ ဒီလိုလုပ်တယ်ဆိုရင် သတိတရား၊ (awareness) ဆိုတဲ့ သိစိတ်က ပိုပိုအားကောင်းလာပြီးတော့ မသိစိတ်ကိုလည်း သူက လွှမ်းမိုးနိုင်တဲ့ အနေအထားတွေရှိတယ်။
★ တစ်ချို့ကျတော့ သူတို့ရဲ့ Negative emotion (မကောင်းတဲ့ စိတ်ခံစားမှု) တွေ ဖြစ်တဲ့ မလုံခြုံတဲ့ စိတ်တို့ ကြောက်တဲ့စိတ်တို့၊ အဲ့ဒီစိတ်တွေဟာ မသိစိတ်ထဲမှာရှိနေတယ်။ အဲ့ဒီမသိစိတ်က သိစိတ်ကို လာပြီးတော့ လွှမ်းမိုးတယ်။
★ ဒါ့ကြောင့် သိသိနဲ့ သူတို့ ဆုံးဖြတ်လိုက်ရတာတွေကလည်း နောက်ကွယ်မှာ ကြောက်စိတ်တွေ ရှိနေတယ်ဆိုတာ သိတယ်။ ဒါဆို မသိစိတ်ထဲမှာ ကြောက်စိတ်တွေ အများကြီးရှိနေတယ်။
★ အိပ်မက်ထဲမှာ မကြာခဏ ကြောက်စရာကောင်းတဲ့ ရုပ်ပုံတွေ မြင်တယ်။ အဲ့လိုအိပ်မက်ဆိုးတွေ မက်တယ်ဆိုရင် ဒါ မသိစိတ်ထဲမှာ ကြောက်စိတ်တွေများတယ်။ အဲ့ဒီ ကြောက်စိတ်များတဲ့ပုဂ္ဂိုလ်ဟာ ဒီစိတ်နဲ့ သူလုပ်တဲ့ လုပ်ငန်းတွေမှာလည်း ကြောက်စိတ်တွေ ထင်ထင်ရှားရှားရှိနေတယ်။
★ ဒီအတိုင်းပါပဲ (positive) ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်လည်း သိစိတ်ထဲမှာရှိတဲ့ ဒေါသတွေကို သတိနဲ့ကြည့်၊ နောက်ပြီးတော့ ရှိတဲ့ positive emotion (ကောင်းတဲ့စိတ်ခံစားမှု) တွေကို ထပ်ပြီးတော့ မြှင့်တင်ပေး။
★ အဲ့ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်နောက်ပိုင်း အိပ်မက် မက်မယ်ဆိုရင် ကောင်းတာတွေပဲ မက်မယ်။ ပျော်စရာကောင်းတာတွေပဲ မက်မယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ သိစိတ်က မသိစိတ်ကို သွားပြီးတော့ လွှမ်းမိုးတာ။

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - B)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - B)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
🔯 မေး။ ။အနည်ထိုင်တဲ့ emotion ကို ဆင်ခြင်ဥာဏ်ဖြင့် မည်ကဲ့သို့ manage လုပ်ရပါမည်နည်းဘုရား၊ အသိဥာဏ်ကို တစ်ချို့က knowledge လို့သုံးပြီး တစ်ချို့က wisdom လို့ သုံးပါသည်။ တစ်ချို့က knowledge နဲ့ wisdom မတူဘူးလို့ ပြောကြပါတယ်ဘုရား။ အဖြေမှန်ကို တပည့်တော်လျှောက်ထားတောင်းခံပါသည်ဘုရား။
ဖြေ။ ။ အနည်ထိုင်တယ်ဆိုတာ ကိုယ်က ဘယ်လောက် အနည်ထိုင်လဲဆိုတာ မသိဘူး။
★ မြတ်စွာဘုရားခေတ်တုန်းက ဝေဒေဟိကာ ဆိုတဲ့သူဌေးကတော်ကြီးတစ်ဦးရှိတယ်။ သူက အရမ်းသဘောကောင်းတာ။ သူများတွေနဲ့ မတူဘူးလို့ သူ့ကို ချီးမွမ်းတာ။ အရမ်းသဘောကောင်းတာပဲ။ အလှူတွေဘာတွေသွားရင်လည်း ပြောတာ ဆိုတာ အရမ်းယဉ်ကျေးတယ်။ အိမ်မှာလည်း ယဉ်ကျေးတယ်တဲ့။
★ အဲ့ဒါနဲ့ သူ့ရဲ့ အိမ်ဖော်က "တို့သူဌေးက တကယ်ပဲ သဘောကောင်းလို့လား။" ဒါမှ မဟုတ် "ငါက လုပ်ပေးတာ အကုန်လုံး ပြည့်စုံလို့ သူ့မှာ ပူစရာမရှိလို့ သဘောကောင်းနေတာလား" အဲ့ဒါသိချင်တယ်။
● နောက်တစ်နေ့ကျတော့ နောက်ကျပြီးတော့ အိပ်ယာထတယ်။ ဟိုက ချက်ချင်း မျက်နှာပျက်တယ်။
ဘာ့ကြောင့်နောက်ကျတာလဲ။ နေမကောင်းဘူးလား မေးတယ်။
နေကောင်းပါတယ်ဆိုတော့ ..ဘာမှတော့ မဆဲဘူး။ မျက်နှာပျက်သွားတယ်။
★ တို့သူဌေး မျက်နှာတော့ ပျက်သွားပြီ။ မျက်နှာပဲ ပျက်သေးတာဆိုတော့ ဒါတော်တော် သည်းခံနိုင်သေးတာပဲ။ တော်တော် တရားရှိတာပဲ။ နောက်တစ်နေ့ ဆက်ပြီးတော့ အိပ်ယာထ နောက်ကျတယ်။ သူဌေးက မနေနိုင်တော့ဘူး။
နေမကောင်းဘူးလား။
နေကောင်းပါတယ် လို့ဖြေတော့ သူက ဆဲတယ်။ အပျင်းထူတယ်။ ဘာညာနဲ့ အဲ့လိုဆဲလိုက်တာ။
အဲ့ဒီ အိမ်ဖော်ကလည်း limit ကို push လုပ်ချင်တယ်။ စမ်းကြည့်တယ်။
★ တတိယနေ့ အိပ်ယာထ နောက်ကျတယ်။ တုတ်နဲ့ရိုက်တယ်။ ဟိုးလေးတကျော်ဖြစ်သွားတယ်။
★ မသိဘူးဆိုရင်တော့ ဒါ အနည်ထိုင်နေတာ။ သဘောကောင်းနေတာ။ တကယ် လှိုင်းလုံးနဲ့ တွေ့တဲ့အခါမှာ အဲ့ဒီအခါကျမှ ဒီလှေက တကယ်ခိုင်မာတယ်၊ မခိုင်မာဘူးဆိုတာ သိရတာ။
★ အဲ့ဒီတော့ တစ်ချို့အနည်ထိုင်တဲ့ဟာတွေကျတော့ အနည်ထိုင်အောင်ဆိုပြီးတော့ အာရုံလွှဲလိုက်တာ။ ကားတစ်စီးမောင်းနေလိုက်တယ်။ အဝေးကြီး သွားနေလိုက်တယ်။ အလုပ်တစ်ခုကို စွန့်ပြီးတော့ နောက်တခြား အလုပ်သစ်တစ်ခုကို လုပ်လိုက်တယ်။ ကိုယ့်ကိုယ် occupy လုပ်ထားတယ်ပေါ့။ အမြဲတမ်း အလုပ်တွေ များအောင်နေတယ်။ အဲ့ဒီလိုနဲ့ အနည်ထိုင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲ့ဒါကတော့ super visual ။ အနည်ထိုင်တာ မတူဘူး။
★ တကယ်အနည်ထိုင်တာကတော့.. အနုသယ ဆိုတာ.. အခွင့်မကြုံသေးလို့၊ မဖြစ်ပေါ်သေးတဲ့ဟာ၊ အဲ့ဒါမျိုးကို အနည်ထိုင်တယ်လို့ တစ်ချို့ဆိုချင်ဆိုမယ်။ ဗုဒ္ဓတရားတော်က သင်ပေးတာကတော့ ရှောင်ထွက်မယ့်အစား၊ သူ့ကို တိုက်ရိုက်တွေ့၊ အဲ့ဒီ ဒုက္ခပေးနေတဲ့ emotion တွေကို ရင်ဆိုင်ရမယ်။ အခုလိုဟာမျိုး ရင်ဆိုင်တာ။
★ ကိုယ့်ပြိုင်ဘက်တွေရဲ့ ကောင်းတဲ့ဟာတွေကို ကိုယ်က သွားပြီးတော့ တွေးကြည့်တာ။ ဒါ ရင်ဆိုင်တာ။ ရင်ဆိုင်တဲ့အခါကျတော့ ဒီထဲမှာ emotional reaction က ဘာတွေရှိလဲဆိုတာ သူတို့ထွက်လာတယ်။ ဒါ သူများကိုသာ မပြောပြနိုင်တာ။ ကိုယ့်ကိုယ်ကိုယ်တော့ သိနေတယ်။ ကိုယ့်အိမ်နီးနားချင်းရဲ့ အိမ်ကောင်း၊ ကားကောင်း၊ တိုးတက်တဲ့ စီးပွားရေး၊ အဲ့ဒါတွေကို ကြည့်ပြီးတော့ ကိုယ့်မှာ ပီတိဖြစ်မဖြစ်...
★ ဒါ့ကြောင့် မြတ်စွာဘုရား မေတ္တသုတ်မှာ သက္ကော၊ ဥဇူစ၊ သုဟူဇူစ၊
● သက္ကော - စွမ်းနိုင်တယ်ဆိုတာ၊ ပီတိဖြစ်နိုင်စွမ်း ရှိလား၊ မရှိဘူးလား၊ ကရုဏာဖြစ်နိုင်စွမ်းရှိလား၊ မရှိဘူးလား ချက်ချင်းသိတယ်တဲ့။ ဒါ မေတ္တာရဲ့ လုပ်ငန်းပဲ။
● ဥဇူစ - Honest ပေါ့။ မေတ္တာက သူက ရိုးသားတယ်။ အဖြူဆိုရင် အဖြူ၊ အနီဆိုရင် အနီ၊ အနက်ဆိုရင် အနက် ချက်ချင်းထင်းတယ်။ အဲ့ဒီတော့ .. လူတစ်ယောက်ရဲ့ ဂုဏ်သိရ်၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာန၊နာမည်ကြီးတာတွေကိုကြည့်ပြီး ကိုယ့်မှာ ပီတိ ဖြစ်၊ မဖြစ်၊ ချက်ချင်းသိတယ်။ ပါးစပ်နဲ့ ပြောနိုင်၊ မပြောနိုင် ချက်ချင်းသိတယ်။ ကာယကံမေတ္တာပြနိုင်၊ မပြနိုင် ချက်ချင်းသိတယ်။
● သုဟူဇူစ- စိတ်ထဲမှာ တကယ်ရှိမရှိ၊ သိတယ်။ ဒါတွေက မေတ္တာရဲ့ သဘောတရားတွေပဲ။ သူ့ရဲ့ characteristic တွေပဲ။ ဗုဒ္ဓတရားတော်တွေက emotion ကို purify - သန့် စင်အောင် စင်ကြယ်အောင်လုပ်တဲ့ဟာ။ အခုလုပ်တဲ့ဟာတွေက စင်ကြယ်အောင် လုပ်နေတာ။ လုပ်ကြည့်လို့ ဒီ negative reaction တွေ ပေါ်လာတယ်ဆိုရင် ဒါ .. ရောဂါရှာတာ တွေ့ သွားတာပဲ။ Diagnose လုပ်မိသွားပြီ။ emotion နဲ့ ပတ်သက်ပြီးတော့ Diagnose လုပ်လိုက်တယ်။ ပြဿနာရှိတယ်ဆိုရင် ကိုယ်က သိလိုက်တယ်။ CT Scan ဖတ်တာ ပြဿနာတစ်ခုထွက်လာပြီ။ တွေ့လိုက်ပြီ။ ဘာဆက်လုပ်ရမလဲဆိုတော့ treatment ပဲလိုတယ်။
မနက်ကပြောသွားတဲ့ Non-judgmental awareness ဆိုတဲ့ Treatment တစ်ခု၊ (အကောင်းအဆိုး မဝေဖန်တဲ့နည်း)၊ နောက်တစ်ခုက ဒီနေ့ နေ့ခင်းပိုင်းမှာ လုပ်တဲ့ မုဒိတာ။ ဒီ treatment နှစ်ခုပေးရင် ဒီ emotion က purify ဖြစ်တယ်။ စင်ကြယ်တယ်။
မနက်ဖန်ကျရင် ကရုဏာပြောမယ်။ ဒီသုံးခုဆိုရင် လုံးဝစင်ကြယ်တယ်။
★ အသိဥာဏ်ကို knowledge ၊ တစ်ချို့က wisdom လို့ သုံးတယ်။ ဒါကတော့ စကားလုံးနဲ့ ပတ်သက်ပြီး ငြင်းနေကြတယ်။ အဲဒါကြောင့်လားမသိဘူး။ မြတ်စွာဘုရားက ဓမ္မစကြာသုတ်ထဲမှာ ways (နည်းလမ်း) က ပညာ၊ ဥာဏံ အဲ့ဒါတွေ အကုန်လုံးသုံးထားတယ်။ ဘုန်းဘုန်းမြင်တာကတော့ အင်္ဂလိပ်စကားအနေနဲ့ knowledge က ဗဟုသုတများတာ။ Wisdom က အကျိုးရှိ၊ မရှိဆုံးဖြတ်နိုင်တဲ့ ဥာဏ်။ ဗဟုသုတ များတိုင်းလည်း မဆုံးဖြတ်နိုင်ဘူး။ အကျိုးရှိ၊ မရှိ၊ မှန်၊ မမှန် ဒါတွေကို ဆုံးဖြတ်တတ်တာ Wisdom လို့ခေါ်တယ်။ ဒါကတော့ အင်္ဂလိပ်စကား၊ သူတို့ သုံးတဲ့ဟာမျိုးပေါ့။
knowledge ရှိတိုင်းတော့ Wisdom မရှိဘူး။ တစ်ချို့ဆရာတော်ကြီးတွေ အများကြီး ဗဟုသုတမရှိဘူး။ နိုင်ငံရပ်ခြားတွေ မကြွဖူးဘူး။ တောကျောင်းတွေမှာပဲ နေတယ်။ သူ့သီလ၊ သမာဓိနဲ့ နေတယ်။ ဗုဒ္ဓကျမ်းစာတွေ ဖတ်တယ်။ အကောင်းအဆုံးဝေဖန်တာ တခါထဲ အတိအကျပဲ။ Knowledge ကတော့ ဒီလောက် မများဘူး။ ဒါပေမယ့် Wisdom က အရမ်း sharp ဖြစ်တယ်။ အဲ့လို ဆရာတော်တွေ အများကြီးရှိတယ်။
ဆက်ရန်...

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - A)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 4 - A)
☆☆☆☆☆☆☆☆☆☆☆☆
အမေးအဖြေကဏ္ဍ
🔯 မေး။ ။ ကောင်းတဲ့အုတ် ၉၉၉ချပ်ကို မစဉ်းစားဘဲ၊ လစ်လပ်ခဲ့တဲ့ အုတ်တစ်ချပ်ကိုပဲ စဉ်းစားခဲ့တဲ့ စိတ်နဲ့ ပတ်သက်ပြီး မေးမြန်းလိုပါတယ်ဘုရား။ အိမ်တစ်အိမ်မှာ ကောင်းတဲ့အုတ် ကိုးရာကိုးဆယ့်ကိုးချပ်၊ အိမ်ရဲ့ အတွင်းခန်းတွေမှာ ထည့်သွင်းအသုံးပြုထားပြီး တကယ့်အရေးပါတဲ့ ဘုရားခန်းလို နေရာမျိုးမှာ ထည့်သွင်းခဲ့တဲ့ အုတ်ဟာ အရည်အသွေး ညံ့ဖျင်းပြီး အက်ကွဲကြောင်းပေါ်နေခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ အပေါ်က plastering & painting လုပ်သည်ဖြစ်စေ၊ ဒါကို မြင်မှာပဲ။ ဒါက negative thinking ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုလည်း လက်ခံပေးသင့်တယ်ထင်ပါတယ်။ သို့သော်အချိန် အတိုင်းအတာတစ်ခုမှာတော့ ဒီ negative ဟာ မှေးမှိန်သွားမှာပါဘုရား။ ဒီလို စိတ်ဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီး ကုသိုလ်၊ အကုသိုလ် စိတ်၊ အပြစ်ရှိ၊ မရှိ သိပါရစေဘုရား။

ဖြေ။ ။negative emotion တွေ အားလုံးကို ဗုဒ္ဓဘာသာ စိတ္တဗေဒ Buddhist Psychology မှာ အကုသိုလ်လို့ ခေါ်တယ်။ အဲ့ဒီအကုသိုလ်ကိုပဲ မဂ္ဂင်ရှစ်ပါးက Transform လုပ်တယ်။ (ပြောင်းလဲပစ်တယ်)။
★ အဲ့ဒီ အုတ်တစ်ချပ်ကို ကြည့်ပြီးတော့ နောင်တရတယ်ဆိုရင် အဲ့ဒီ နောင်တစိတ်ကို အကောင်းအဆိုး၊ မဝေဖန်တဲ့စိတ်နဲ့ လက်ခံပြီးတော့ ကြည့်လိုက်တယ်ဆိုရင် mindful (သတိ) ဖြစ်တယ်။
★ အဲ့လိုလုပ်တယ်ဆိုရင် အဲ့ဒီ အကုသိုလ်စိတ်တွေက ကုသိုလ် ဖြစ်သွားတယ်။ သတိက ကုသိုလ်၊ ရှုတာက ကုသိုလ်။
★ ဒေါသဖြစ်တဲ့စိတ်ကို သတိနဲ့ရှုရင် သတိပဋ္ဌာန်ဖြစ်သွားတယ်။ အဲ့ဒါကို စိတ္တာနုပဿနာခေါ်တယ်။
★ စိတ္တာနုပဿနာဆိုတာ ကုသိုလ်ကို ရှုမှ ကုသိုလ် ဖြစ်တာမဟုတ်ဘူး။ အကုသိုလ်ကိုလည်း ကြည့်တတ်ရင် အဲ့ဒီ အကုသိုလ်က သူ့ရဲ့ ပူလောင်စွမ်းက ငြိမ်းသွားပြီးတော့ သူ့ရဲ့ သင်ခန်းစာပေးနိုင်တဲ့ အစွမ်းသတ္တိတွေပဲ ကျန်ခဲ့တယ်။
★ အဲ့ဒီလို ဖြစ်တဲ့အခါကျတော့ အဲ့ဒီအဆင်မပြေတဲ့ အုတ်တစ်ချပ်နဲ့ ပတ်သတ်ပြီးတော့ ဒီနေရာမှာ အဲ့ဒီဟာလေးကို ပြန်ပြီးတော့ စီနိုင်ရင် စီမှာပဲ။
★ ဒါပေမယ့် အဲ့ဒီလို ပြန်စီပြီးတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီ အဆင်မသင့်တဲ့ အုတ်တစ်ချပ်အတွက် သူ .. စိတ်ထဲမှာ တမြေ့မြေ့ ခံစားနေမိတယ်။ အကြာကြီးခံစားတယ်။ အဲ့ဒီလို ခံစားတိုင်းခံစားတိုင်း ကြာလာရင် အကျင့်ပါတယ်။ နောက်ပိုင်း ဘာမှ မဟုတ်တာလေးနဲ့ ...
ဥပမာ ဒီ ပန်းကို ဒီမှာထားတယ်။
ဒီပန်းကို ဒီမှာထားမလား။ ဘေးမှာထားမလား၊ ဒီထောင့်မှာ ထားမလား။ ဒါတွေ အမှားအမှန်မရှိဘူး။ အကြိုက်ပဲ။ preference ပဲ။ (မိမိကြိုက်ရာပဲ။)ဒါတွေက ကုသိုလ်၊ အကုသိုလ်တွေနဲ့ ဘာမှ မပတ်သက်ဘူး။
★ ဒီလို ကုသိုလ်၊ အကုသိုလ်တွေနဲ့ မပတ်သက်တဲ့ အဆုံးအဖြတ်တွေတောင်မှပဲ စိတ်ထဲမှာ အများကြီး နောင်တရတတ်တယ်။ ဒီလို အကျင့်ပါနေတယ်။
★ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အဲ့ဒီ အုတ်တစ်ချပ်အတွက် နောင်တရတယ်ဆိုရင် နောင်တ ၀င်လာတာနဲ့ သတိဖြစ်ပြီးတော့ အဲ့ဒီ သတိနဲ့ သွားကြည့်လိုက်တာနဲ့ အဲ့ဒီ အကုသိုလ်က ကုသိုလ်ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ်။ ဒါ ကြည့်တတ်လို့။ ဒါကိုပဲ ယောနိသောမနသိကာရလို့ ခေါ်ပါတယ်။ skillful reflection ပေါ့။ ကြည့်တဲ့နေရာမှာ skillful ဖြစ်တယ်။ အရေးပါတာ၊ မပါတာတော့ argument (အငြင်းအခုံ)တစ်ခုပဲ။
အရေးကြီးတဲ့နေရာမှာ သွားပြီးတော့ လွဲနေတယ်။ အရေးမကြီးတဲ့နေရာမှာ သွားပြီးတော့ မှန်နေတယ်ပေါ့။ မေးခွန်းလေးက ဒီလိုဆိုလိုတာ။
အဲ့ဒီလို ဖြစ်ခဲ့တာတောင်မှ ကိုယ့်ရဲ့ emotion လေးက response (တုံ့ပြန်မှု) က ဒီနေရာမှာ ကိုယ်က ဒီအုတ်တစ်ချပ်ကို ဘာလုပ်နိုင်တုန်း။
★ ဘာမှ မလုပ်နိုင်ဘူးဆိုရင် လက်ခံရမယ်။
လုပ်နိုင်တယ်ဆိုရင် ..
တစ်ဖက်က အဲ့ဒါကို ပြန်ပြုပြင်နေတဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ရဲ့ emotion ကို positive ဖြစ်အောင် reconstruct လုပ်ရမယ်။
★ အုတ်တစ်ချပ်က demage (ပျက်စီး) ဖြစ်သွားတာကိုး။ အုတ်တစ်ချပ်နဲ့ မတန်အောင် emotion က အဆပေါင်း မြောက်မြားစွာ demage ဖြစ်သွားတယ် (ပျက်စီးသွားတယ်) ဆိုရင် ကိုယ့်ရဲ့ ယောနိသောမနသိကာရ၊ (skillful reflection သင့်တင့်အောင် နှလုံးသွင်းမှု) မရှိဘူးပေါ့။
ဆက်ရန်...

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - F)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - F)
☆☆☆☆☆☆☆☆☆☆☆☆
(ပျော်ရွှင်မှု Happiness ကို ရှာခြင်း)
🔯 နေရာတိုင်းမှာ Emotion တွေနဲ့ ဆုံးဖြတ်ကြတယ်၊ Emotion တွေနဲ့ လှုပ်ရှားကြတယ်။ ဒီလိုလှုပ်ရှားတဲ့နေရာမှာ မိမိဘဝက ကျဉ်းနေလား၊ ကျယ်နေလားဆိုတာကို ဒီအချက် (၆)ချက်နဲ့ စစ်ဆေးကြည့်ရမယ်။
★ လူတစ်ယောက်ရဲ့ Emotional Capacity Building လို့ခေါ်တဲ့ ပျော်ရွှင်မှုကို တည်ဆောက်တဲ့နေရာမှာ နံပါတ် (၁)လောက်မှာပဲ ရပ်ထားရင် သူ့ရဲ့ပျော်ရွှင်မှုဟာ ခဏလေး၊ မိနစ်၊ စက္ကန့် အတွင်းလေးပဲခံမယ်။ သူ့ကို ဘယ်လောက်ပဲ ချီးမွမ်းချီးမွမ်း အကြာကြီးမခံဘူး။ သူ့ကို ဆဲတယ်ဆိုရင်တော့ အကြာကြီးခံမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ capacity building က အရမ်းကျဉ်းနေလို့။
★ သူတင်မကဘူး သူ့မိသားစုအတွက်ပါ ဂရုစိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သူရဲ့ နာမှု၊သာမှု အဲ့ဒါတွေ အားလုံးကိုပါ မျှဝေခံစားပေးနိုင်သူဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ ပျော်ရွှင်မှုဟာ ပိုကြီးကြာရှည်ခံတယ်။ သူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုကိုပါ ကိုယ်က မျှဝေပြီးတော့ ခံစားတတ်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့ ပျော်ရွှင်မှုဟာ အများကြီးကျယ်သွားပြီ။
★ ဒါကြောင့် သူငယ်ချင်းတွေနဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ တော်ရုံတန်ရုံ depression (စိတ်ဓာတ်ကျ) မဖြစ်ဘူး။ အနောက်နိုင်ငံမှာ depress ဖြစ်တယ်ဆိုတာ တစ်လောကလုံးမှာ သူက တစ်ယောက် နှစ်ယောက်ပဲ ကြိုက်တာ။ မိဘဆီ တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ် အလည်သွားတယ်ဆိုရင်ပဲ အရမ်းကို တာဝန်ကျေတယ်ထင်နေတာ။ အဲလိုဖြစ်တဲ့အခါကျတော့ လူ ၆၀% က စိတ်ဓာတ်ကျရောဂါဖြစ်တယ်။ anti-depressant တစ်ကြိမ်မဟုတ်ရင် တစ်ကြိမ်ဖြစ်တယ်။
★ တနည်းအားဖြင့်ပြောမယ်ဆိုရင် လေယာဉ်ကွင်းတွေကောင်းတယ်၊ ဆေးရုံတွေကောင်းတယ်။ လမ်းတွေကောင်းတယ်။ အိမ်တွေကောင်းတယ်။ တက္ကသိုလ်တွေကောင်းတယ်၊ စူပါမားကတ်တွေကောင်းတယ်၊ အစားအသောက်တွေက secure ဖြစ်တယ်။ (စိတ်ချရတယ်)။ ဒါပေမဲ့ သူတို့မှာ happiness (ပျော်ရွှင်မှု) ရှာလို့မတွေ့ဘူး။
★ ဒါကြောင့် ဒီနေရာမှာ ပျော်ရွှင်မှု happiness ကို
✔ပထမဆုံး မိမိရဲ့အောင်မြင်မှု ထဲမှာရှာ။
✔နောက်ပြီးရင် မိသားစု၊
✔ နောက် သူငယ်ချင်း၊
✔ နံပါတ် (၄)ကျတော့ ကိုယ်နဲ့မဆိုင်တဲ့သူရဲ့ happiness (ပျော်ရွှင်မှု) ကိုရှာပြီး relate လုပ်ရမယ်။(ဆက်သွယ်ရမယ်)။
✔ နံပါတ် (၅) က ကိုယ့်နဲ့ တိုက်ရိုက်ပြိုင်ဘက် ပုဂ္ဂိုလ်
✔ နံပါတ် (၆)က တလောကလုံး
☆ ခင်ရာဆွေမျိုးတဲ့..ခင်တယ်ဆိုတာ ဘာနဲ့ခင်တာလဲ - Emotion နဲ့ခင်တာ။ လူတစ်ယောက် ကံဆိုးတယ်ဆိုရင် ဂရုဏာဖြစ်ရမယ်၊ ကံကောင်းတယ် အောင်မြင်တယ် ဆိုရင် မုဒိတာ ဖြစ်ရမယ်။ ဒါကိုဘဲ ခင်တယ်ခေါ်တယ်။ ဒါကို relate လုပ်လို့ရတယ်။ (ဆက်သွယ်လို့ရတယ်)။ အဲဒါကိုပဲ Relation တဲ့။
☆ Emotionally Relate (ခံစားချက်ချင်း ဆက်သွယ်မှု) မလုပ်နိုင်ဘူးဆိုရင် ဒါဟာ relation မဟုတ်ဘူး။ အဲဒီလို သူစိမ်းတွေရဲ့ emotion နဲ့ ဆက်စပ်နိုင်တဲ့အခါကျမှ ကိုယ့်ပြိုင်ဘက်ပုဂ္ဂိုလ်တွေရဲ့ emotion နဲ့ ကိုယ်က ဆက်နွယ်လို့ရမယ်၊ ခံစားလို့ရမယ်။ သူတို့ တက်တယ်/ကျတယ်၊ stress ရှိတယ်၊ pressure ရှိတယ်။ အောင်မြင်တယ်ဆိုရင် သူတို့ဝမ်းသာတယ်။ အဲဒါမျိုး ကိုယ်ချင်းစာနိုင်တယ်။
☆ အဲဒီလို မိမိရဲ့ပြိုင်ဘက်၊ ဒါမှမဟုတ် ဆန့်ကျင်ဘက် ဒါမှမဟုတ် ရန်သူရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ကျမှ သူ့ဆီမှာ positive emotion၊ ပျော်ရွှင်မှု Happiness က အခြေခိုင်ပါ တယ်။
အဲဒီလိုဖြစ်တယ်ဆိုရင် ကိုယ့်လို ကားကောင်းဝယ်စီးတာ မပြောနဲ့။ ကိုယ့်ထက်ကားကောင်းဝယ်စီးနိုင်ရင်တောင် ကိုယ့်ကားရဲ့တန်ဖိုးက မကျသွားဘူး။
=========
ဘုန်းကြီးတစ်ပါးက သူ့ဒကာကို မေးတယ်။ “ဒကာကြီးတို့ဝယ်တဲ့ကားက ဘယ်အချိန်မှာ ဟောင်းသွားတုန်း၊ ဘယ်လိုဖြစ်မှဟောင်းတယ်ခေါ်တုန်း”။ “အရှင်ဘုရား တစ်နှစ်လောက် မောင်းလိုက်တာ ဟောင်းသွားတာပဲ ဘုရား၊ တစ်ချို့က (၆)လလောက်ဆိုရင်ပဲ တပည့်တော်တို့က ပြောင်းပစ်လိုက်တယ်။” တချို့ကျတော့ မိုင် နဲ့ ပြောတယ်။ "မိုင်ပေါင်း ဘယ်လောက်မောင်းပြီးရင် ဟောင်းသွားတာပဲ။"
ဘုန်းကြီးက မဟုတ်ဘူး။ “ကျုပ်က technical ပိုင်းဆိုင်ရာကို ပြောတာမဟုတ်ဘူး၊ sentimental aspect ကနေပြောတာ။ ဘယ်အချိန်မှာ ဟောင်းသွားလဲဆိုတော့ အိမ်နီးနားချင်းက ကားဝယ်တဲ့အချိန်မှာ ခင်ဗျားတို့ကား ချက်ချင်းဟောင်းသွားတယ်”လေ။
အသစ်ကြီးရှိသေးတယ် ဟောင်းသွားပြီ။ အဲဒီလိုမဖြစ်အောင် ကိုယ့်ကားတန်ဖိုးကို ဘေးအိမ်က မသတ်မှတ်နိုင်အောင်၊ သူတို့ လက်ထဲမှာ မရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ - သူတို့ကားဝယ်ရင် ကိုယ်ကဝမ်းသာနိုင်အောင် ကိုယ်ကလေ့ကျင့်ထားရမယ်။
ဒါကြောင့် အခု တရားပြန်ထိုင်မယ်။
=========
★ ပထမဆုံး မိမိကိုယ်ကိုယ်ကို မုဒိတာပွားမယ်။ မိမိဘဝထဲက ကောင်းတာလေးတွေ ပြန်တွေးပြီးတော့ မုဒိတာဖြစ်။
★ အဲဒါပြီးရင် မိသားစုထဲကတစ်ယောက်၊ သူ့အောင်မြင်မှု၊ သူ့ရဲ့ကောင်းကွက်လေးတွေ ကြည့်ပြီး ဝမ်းသာဂုဏ်ယူ။
★ ပြီးတော့ မိတ်ဆွေထဲကတစ်ယောက်၊ သူ့ကောင်းကွက်၊ သူအောင်မြင်မှုကို positive aspect ကနေကြည့်ပြီး ပီတိဖြစ်၊ မုဒိတာဖြစ်။
★ နောက် နံပါတ် (၄) ပုဂ္ဂိုလ်က.. အဲဒါကတော့ တွေ့တော့တွေ့ဖူးတယ်၊ ဒါပေမဲ့ မခင်ဘူး။ လမ်းဘေးမှာ သတင်းစာရောင်းတဲ့သူ ဖြစ်ချင်ဖြစ်မယ်။ စူပါမားကတ်မှာ ဈေးရောင်းတဲ့သူဖြစ်ရင်ဖြစ်မယ်၊ တွေ့တော့တွေ့နေမယ်။ ဒါပေမယ့် မခင်ဘူး။ သူရဲ့ စိတ်ချမ်းသာမှု၊ သူ့ရဲ့ ကောင်းကွက်ကို ကိုယ့်ရဲ့ရှုထောင့်ကနေ မြင်အောင် တွေးကြည့်ပါ။
★ နံပါတ် (၅)ကျတော့ နည်းနည်းခက်သွားပြီ - ခက်ပေမဲ့ စမ်းကြည့်ကြမယ်။ ကိုယ်နဲ့ တိုက်ရိုက်ပြိုင်ဘက်ပုဂ္ဂိုလ် -
ပညာရေးဖြစ်ရင်ဖြစ်မယ်။ အလုပ်ပိုင်းဆိုင်ရာ ဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရုံးက ဖြစ်ရင်ဖြစ်မယ်။ ကိုယ့်စီးပွားရေး လုပ်ရမယ့်ဟာ တစ်ခုခု ဖြစ်ရင်ဖြစ်မယ်။ နိုင်ငံရေးအလုပ်အရ၊ စီးပွားရေးအရ၊ နိုင်ငံရေးလောက ဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ရဲ့ Good Contribution၊ Valuable Contribution တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက်အကြောင်းကိုတွေးပြီးတော့ စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ။ ပီတိဖြစ်သလား၊
ဒါမှမဟုတ် ပီတိလည်းမဖြစ်ဘူး၊ Jealous (မနာလို) လည်း မဖြစ်ဘူး။ ဒါမှမဟုတ် စိတ်ထဲမှာ ချက်ချင်း insecure (မလုံမခြုံ စိုးရိမ်စိတ်) ဖြစ်လာသလား။
★☆ အဲ့ဒါတွေ သိတယ်ဆိုရင် Insecure ဖြစ်လာတယ်ဆိုရင်
ကိုယ့်ကိုယ် ပြန်ပြီးတော့ အကောင်းအဆိုး မဝေဖန်နဲ့၊ ကိုယ့်ကိုယ် Criticize (ဝေဖန်) လုပ်နဲ့။
✔ ဒီလို ဖြစ်နေတယ်ဆိုရင် အဲ့ဒါလေးကို register (အသိအမှတ်ပြု) လိုက်။ Insecure ဖြစ်တယ်ဆိုရင်insecure ဖြစ်ပါတယ်ဆိုပြီး register လုပ်လိုက်။
✔ ပြီးရင် release လုပ်လိုက်။ (လွှတ်လိုက်ပါ)
✔နောက်ပြီးရင် မုဒိတာဆီပြန်သွား။
positive feeling.. ဒီနေ့ positive emotion ဆိုတာ မုဒိတာကိုပြောတာ။ အဲဒီထဲမှာ အကုန်လုံးပါတယ်။
တကယ်လုပ်ရမှာက နံပါတ် (၁)ကနေ (၅)အထိပဲ။ (၁)ကနေ (၅)အထိလုပ်နိုင်ရင် နံပါတ် (၆)က သူ့အလိုလိုဖြစ်လာတယ်။ “ရန်ကုန်မြို့ တစ်မြို့လုံးမှာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဆိုတာ နံပါတ် (၆)။ Unspecify လို့ ခေါ်တယ်။ (ဘယ်သူဆိုပြီးတော့ မသတ်မှတ်ထားဘူး) - အဲ့ဒါကို ပါဠိလို အနောတမမေတ္တာလို့ ခေါ်တယ်။ Unspecify။
★ (၁)ကနေ (၅)အထိကတော့ သူတို့ကို specify လုပ်ထားတယ်။ ဘာနဲ့လုပ်ထားလဲ ဆိုတော့ emotional relationship နဲ့ specify လုပ်ထားတယ်။ မိနစ် ၂၀ လောက်တရားထိုင်မယ်။

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - E)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - E)
☆☆☆☆☆☆☆☆☆☆☆☆
Emotional Shake (စိတ်ခံစားမှုပိုင်းဆိုင်ရာ တုန်လှုပ်ခြင်း)
‪#‎အထူးသဖြင့်‬... ကိုယ်မကြိုက်တဲ့သူ.. (ကိုယ်သဘောမကျတဲ့သူ.. ကိုယ်နဲ့အဆင်မပြေ ဖြစ်တဲ့သူ) သူ့ရဲ့ပစ္စည်းကို ကိုယ်က တန်ဖိုးထားတတ်တယ်ဆိုရင် တန်ဖိုးထားလိုက်ပါ။
★ ဘုန်းဘုန်းတို့ ပဲခူးသာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်မှာ နေတုန်းက အစိုးရ ပထမကြီးတန်းရောက်တော့ လူ့လောကမှာလိုပဲ စာတွေ ပြိုင်ကြတယ်။ ဘုန်းဘုန်းနဲ့ပြိုင်ဘက်တစ်ပါးက ရေစကြိုဘက်က။ ကျောင်းထဲမှာဆို နှစ်ပါးပြိုင်တာပေါ့။ နောက်လည်းရှိသေးတယ်။ အဓိကကတော့ ဒီနှစ်ပါးပဲ ပြိုင်တာပေါ့။ ကျောင်းထဲမှာ ပြိုင်တယ်။
☆ ပြိုင်တယ်ဆိုတော့ ကိုယ့်ရဲ့ Emotion ကို သတိမထားမိတဲ့အချိန်၊ သိပ်ပြီး mature မဖြစ်သေးတဲ့အချိန်၊ (မရင့်ကျင့်သေးတဲ့အချိန်) ဆိုရင် သူ့ရဲ့ကောင်းကွက်၊ သူ့ရဲ့ Contribution တွေကို သတိမရဘူး။ သူနဲ့ တွေ့ရင် စိတ်ထဲမှာ tend ဖြစ်တယ်။ (တင်းမာတယ်) ။ သူကလည်း tend ဖြစ်တယ်။ ဟုတ်တယ်မလား။
★ အပတ်စဉ် စာမေးပွဲဖြေရတယ်။ အောင်စာရင်းသွားကြည့်တိုင်း စိတ်ထဲမှာ tend ဖြစ်တယ်။ အဲ့ဒါမျိုးတွေ။
★ လူ့လောကမှာတော့ စီးပွားရေးလုပ်ငန်း။ စီးပွားရေးသမားတွေဟာ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေပဲ။ တိုင်းပြည်မှာ လိုအပ်တဲ့ပုဂ္ဂိုလ်တွေ။ ဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေပဲ။
☆ သူတို့ ဒီ stress (စိတ်ဖိစီးမှု) ဒဏ် ခံနိုင်အောင်ဆိုရင် ပထမဆုံး သူတို့ရဲ့အောင်မြင်မှုကို သူတို့ ပီတိဖြစ်ရမယ်။ မကြာမကြာ ပြန်တွေးရမယ်။ သူတို့ပြန်တွေးရင် သူတို့က Secure mind ရှိတယ်။ secure feeling ရှိတယ်။ (ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ လုံခြုံတယ်လို့ ခံစားရတယ်) ။
★ အဲဒီလို သူတို့ရဲ့ ပီတိကို မခံစားနိုင်ဘူး၊ သူတို့ရဲ့အောင်မြင်မှုကို ပီတိမဖြစ်ဘူးဆိုရင် ပြိုင်ဘက်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း သူတို့ဟာ လူးလိမ့်နေအောင်ခံစားရမယ်။ Emotional Shake တွေ ဖြစ်နေတယ်။ (စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာ အများကြီးတုန်လှုပ်တယ်)။
☆ တုန်လှုပ်တိုင်း မိမိရဲ့ကောင်းကွက်ကို မိမိမခံစားနိုင်ဘူး။ ခံစားလို့မရတိုင်း ပိုတုန်လှုပ်တယ်။ တုန်လှုပ်တိုင်း ပိုပြီးတော့မခံစားနိုင်။ ဒီလိုနဲ့ အဆိုးသံသရာ လည်နေတယ်။ ကိုယ်ကလည်း ကိုယ့်ဟာနဲ့ ကိုယ်အောင်မြင်နေတာ။
★ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းကအကြောင်းကို ပြန်စဉ်းစားမယ်ဆိုရင် - ဒီစာဟာ ကိုယ်ကျက်မှ ကိုယ်ရတာ၊ ကိုယ်လုပ်မှကိုယ်ရတာ ဟုတ်တယ်မို့လား။
★ ကိုယ်ပင်ပင်ပန်းပန်းလုပ်တာကို ကိုယ့်ကိုယ်ကို Appreciate (အသိအမှတ်ပြု) တတ်တယ်.. မှန်မှန်ကန်ကန် appreciate လုပ်တတ်တယ်ဆိုရင်ပေါ့လေ.. အတ္တပုံစံနဲ့မဟုတ်ပဲ ပီတိပုံစံနဲ့ appreciate လုပ်တတ်တယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ရဲ့ ကောင်းကွက်ကို ကိုယ်က appreciate လုပ်နိုင်တယ်၊ congratulate (ဂုဏ်ပြု) နိုင်တယ်ပေါ့။
★ ဒါကြောင့် တချို့ ဘောလုံးသမားတွေ ကတော့ ရှုံးသွားပြီဆိုရင် သူများလက်ကို ဆွဲမနှုတ်ဆက်ဘဲ၊ congratulate မလုပ်တာနိုင်တာတွေ ရှိတယ်။ ခရစ်ကတ် အားကစား ကတော့ congratulate မလုပ်ရင် ပြစ်ဒဏ်ထိတယ်။
★ ဒါကြောင့် အင်္ဂလန်မှာ သူတို့ရဲ့ society မှာလေ cricketကို အထက်တန်းလွှာတွေရဲ့ အားကစား၊ ဘောလုံးကိုတော့ အလုပ်သမား လူတန်းစားတွေရဲ့ အားကစားဆိုပြီး အဲဒီလိုခွဲတယ်။
★ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ်တွေမှာ အရင်တုန်းက ဘောလုံးကွင်းတွေမရှိဘူး။ cricket ကွင်းတွေပဲ ရှိတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် လူတန်းစားခွဲခြားတယ်ပေါ့။
☆ ဟိုရောက်တဲ့အခါ အကြာကြီးနေမှ အဲဒါတွေ နားလည်တာ။ အဲ့ဒါကြောင့်Oxford Professor တစ်ယောက်က ဘောလုံးကြိုက်တယ်၊ ဘောလုံးအကြောင်းပြောတယ်ဆိုရင် ဒါဟာ အရမ်းထူးဆန်းသွားပြီ။
ဘာလို့ထူးဆန်းလဲဆိုရင် ဒါဟာ သူ့ရဲ့အလွှာနဲ့၊ လူတန်းစားအလွှာနဲ့ မတန်တဲ့အားကစားကို သူကလုပ်တယ်။
★ ဒါကြောင့် ဘောလုံးအားကစား အားကောင်းတာက အလုပ်သမား လူတန်းစားတွေနေတဲ့ Liverpool တို့ Manchester တို့ အဲလိုဒေသမျိုးတွေမှာ ဘောလုံးက အားကောင်းတယ်။ အဲ့လိုမျိုး။
ဒီက မြန်မာပြည်မှာတော့ အဲဒီလို concept (အယူအဆ) တွေ မရှိဘူး။ မရှိတဲ့အခါကျတော့ ဘောလုံးကိုလည်းပဲ အားကစားသမားတစ်ယောက်အနေနဲ့၊ ပရိတ်တစ်ယောက်အနေနဲ့ လူမှုရေး အမြင်တွေမပါဘဲနဲ့ enjoy (ကြည့်ရှုခံစား) နိုင်တယ်။
★ အင်္ဂလိပ်လိုဆိုရင်တော့ restriction တွေရှိတယ်။ (ကန့်သတ်ချက်) တွေရှိတယ်။ နောက်တစ်ခု ရှိသေးတယ်။ ကစားတာကတော့ Golf လိုကစားတယ်၊ ဒါပေမဲ့ တုတ်တံက သစ်သား။ နောက်ပြီးတော့ ၀င်းက သေးသေးလေး၊ ဒါပေမယ့် မြက်ကအရမ်းနူးညံ့ပြီး အရမ်းညီတယ်။ မြက်ခင်းက အရမ်း အဆင့်မြင့်တယ်ပေါ့။ အဲဒါကျတော့ တကယ့် Top University တွေမှာပဲရှိတယ်။ သူ့ကိုကစားတဲ့လူတွေကျတော့ Cricket ထက်တောင် အဆင့်မြင့်တယ်။ ဒါဟာ လူတွေရဲ့ ပညတ်ကိုပြောတာပါ။
★ အခု ဒီနေရာမှာပြောလိုတာက အဆင့်မြင့်တယ်ဆိုတဲ့ဟာကို မကောင်းတဲ့ဘက်ကကြည့်ရင်... လူမျိုးရေးခွဲခြားတယ်။
★ ကောင်းတဲ့ဘက်က ကြည့်ရင် ကိုယ့်ရဲ့ပြိုင်ဘက်ကို congratulate (ဂုဏ်ပြု) မလုပ်ဘဲနဲ့ ဒီလူဘယ်လိုမှ ဒီအားကစားကို ကစားလို့မရဘူး။ ဒဏ်ထိတယ်။ ပွဲပြီးရင်တောင် မပြီးသေးဘူး။ Emotional conclusion ပေါ့။ Emotion နဲ့ အဆုံးသတ်တယ်။
ဒါကြောင့် ဆိုလိုချင်တာကတော့ နေရာတိုင်းမှာ Emotion တွေနဲ့ ဆုံးဖြတ်ကြတယ်၊ Emotion တွေနဲ့ လှုပ်ရှားကြတယ်။ ဒီလိုလှုပ်ရှားတဲ့နေရာမှာ မိမိဘဝက ကျဉ်းနေလား၊ ကျယ်နေလားဆိုတာကို ဒီအချက် (၆)ချက်နဲ့ စစ်ဆေးကြည့်ရမယ်။

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - D)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - D)
☆☆☆☆☆☆☆☆☆☆☆☆
(ကိုယ်ပိုင်ပစ္စည်းများ တန်ဖိုးတက်ခြင်း နှင့်ကျခြင်း)
🔯 ဒီကနေ အိမ်ပြန်သွားရင် လမ်းမှာ ကိုယ်မသိတဲ့သူတွေရဲ့ အိမ်ကောင်းတွေ အများကြီးတွေ့မယ်။ သူတို့အတွက် ဝမ်းသာဖို့ ကြိုးစားရမယ်။ ပြည်လမ်းမကြီးပေါ်မှာ၊ ကမ္ဘာအေးလမ်းမကြီး တွေပေါ်မှာ၊ နောက်ပြီးတော့ လမ်းမအသီးသီးပေါ်မှာ လမ်းပေါ်ထွက်တိုင်း ကားကောင်းတွေအများကြီးတွေ့မယ်။
★ အဲ့ဒီကားကောင်းတွေနဲ့ အဲဒီကိုယ်မသိတဲ့သူတွေက၊ သူတို့လိုချင်ရာ ခရီးကို လိုတဲ့အချိန်မှာ အဲ့ဒီကားနဲ့သွားနေတာ.. အဲ့ဒါလေးကို ကိုယ်က ဝမ်းသာနိုင်တယ်ဆိုရင် "ကိုယ့်ရဲ့ကားတန်ဖိုး"က ချက်ချင်းတက်သွားတယ်။
★ သူတို့က “ငါနဲ့ ဘာမှမဆိုင်ဘူး သူ့ကားနဲ့ ငါ့ကားဘာဆိုင်တုန်း၊ ငါ့ကားငါဝယ်စီးတာ။ ဒီလိုစိတ် .. I don't care ဆိုတဲ့ attitude ပေါ့။ I don't care attitude (ငါဂရုမစိုက်ဘူး) ဆိုတဲ့ အမြင် ၀င်လိုက်တာနဲ့ ကိုယ့်ကားတန်ဖိုးက ချက်ချင်း ကျသွားတယ်။
ဒါလည်း emotion value ပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် sentimental value လို့ခေါ်တယ်။
ပစ္စည်းတစ်ခုဟာ တန်ဖိုး ဘယ်လောက်ရှိလဲဆိုရင်.. အင်္ဂလိပ်လိုပြောရင် This is in the eyes of beholder. အသုံးပြုတဲ့သူရဲ့ မျက်စိပေါ်မှာ မူတည်တာပေါ့။
★ သင်္ကန်းကောင်းကောင်းတွေ ဒကာတစ်ယောက်က လှူတယ်တဲ့။ ထိုင်းက ဆရတော်ကြီးကိုလှူတာ။ အခုတော့ ဆရာတော်ကြီးက ပျံလွန်တော်မူသွားပြီ။ ဘုရင်က ကိုးကွယ်တယ်။ ဆရာတော်ကြီးက တရားရှိတဲ့ ပုဂ္ဂိုလ်။ ဈာပနကိစ္စက ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြီးသွားတာ။ ဓာတ်တော်ပါကျတယ်။ မြန်မာပြည်က ဆရာတော်တွေလည်း ဒီဈာပနကို ကြွတယ်။ သီတဂူဆရာတော်လည်း ကြွတယ်။ ဘုန်းဘုန်းလည်း ကြွတယ်။
★ အဲ့ဒီဆရာတော်ကြီးက သူ အမြဲတမ်းထိုင်ပြီးတော့ ဧည့်ခံတဲ့နေရာမှာ သင်္ကန်းဟောင်းလေးတစ်ထည်ကို ခင်းထားတယ်။ တစ်နေ့ကျတော့ ဆရာတော်မရှိတဲ့အချိန်မှာ သူ့ဝေယျာဝစ္စလုပ်ပေးတဲ့ ဦးဇင်းက အဲ့ဒါကို ဖယ်ပြီးတော့ အသစ်ဆုံး အကောင်းဆုံး ခင်းထားလိုက်တယ်။
★ ဆရာတော်ကြီး ပြန်လာတဲ့အခါကျတော့ “ဒီမှာခင်းထားတဲ့ သင်္ကန်းဟောင်းလေး ဘယ်ရောက်နေတုန်း။” “ဟောင်းလွန်းလို့ တပည့်တော် သိမ်းလိုက်ပြီတဲ့။ ပစ်လိုက်ပြီ။ တပည့်တော် အသစ်နဲ့လဲထားတာ။" လို့လျှောက်တော့..
အဲ့ဒါ ပြန်ယူခဲ့တဲ့။ မယ်တော်ကြီး လှူထားတာတဲ့။ မယ်တော်ကြီးလှူထားတာဆိုတော့ sentimental value အရမ်းတန်ဖိုးရှိတယ်။
★ မယ်တော်ကြီး ကုသိုလ်ရအောင်ဆိုပြီး ဆရာတော်ကြီးက နေ့တိုင်း အသုံးပြုပေးနေတာ။ အဲဒီသင်္ကန်း ဘယ်လောက်တန်သလဲဆိုတာ ဆရာတော်ကြီးကိုသွားမေးရင် ဘယ်ပြောနိုင်မလဲ။ Commercial value က တစ်မျိုး၊ Sentimental value က တစ်မျိုး။
★ ဒါကြောင့် ဘုန်းဘုန်းတို့အသုံးပြုနေတဲ့ ပစ္စည်းတွေအားလုံးဟာ sentimental value ရှိတဲ့ဟာတွေ ချည်းပဲ။ ဘုန်းဘုန်းက oxford တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့ ဘောလ်ပင်လေးကိုင်တယ်။
★ အခု ဒီဘောလ်ပင်ကတော့ ဟန်ဂေရီက။ ဟန်ဂေရီကို သွားတာ ဆယ်နှစ်ရှိပြီ။ နှစ်တိုင်းသွားတယ်။ တခါတခါ တစ်နှစ်ကို နှစ်ခေါက်သွားတယ်။ ဟိုမှာ အများကြီး ပင်ပင်ပန်းပန်းသွားလုပ်ထားတဲ့ အလုပ်တွေပေါ့နော်၊ အဲ့ဒါကို ကြည့်ပြီးမုဒိတာဖြစ်ဖို့ ဒီဘောလ်ပင်လေးသုံးတာ။
★ တစ်ခါ Ph.D လုပ်တုန်းက စာသွားဖတ်တယ်။ ဟားဗတ်ရောက်သွားတဲ့အခါကျတော့ ဟားဗတ်တက္ကသိုလ်ရဲ့ ဘောလ်ပင်လေး ၀ယ်ထားတယ်။ နောက်ပိုင်း မှင်ကုန်သွားတယ်။ လွှင့်မပစ်ဘူး။ အဲ့ဒါလေးမှာ သူ့ sentimental value ရှိတယ်။ အဲ့ဒါ တပည့်ဦးဇင်းတွေ လာပြောတဲ့အခါကျတော့ တစ်ဖက်ကကြည့်မယ်ဆိုရင် သံယောဇဉ်ရှိတာ။ Attachment ကြီးတယ်။ ဥပါဒါန်ရှိတယ်လို့ ဆိုတယ်။
★ ဒီ ဥပါဒါန်ကို ယူပုံယူနည်းက ဒါက ကိုယ်ကြိုက်တဲ့ပစ္စည်း၊ ဒါလေးကိုကြည့်ပြီးတော့ စိတ်ချမ်းသာတယ်။ ဒါလောက်ပဲဆိုရင် ဥပါဒါန်ဖြစ်နေပြီ။ ဒါကို expand လုပ်လိုက်တယ်။ ကိုယ့်မိသားစုကြိုက်တဲ့ပစ္စည်း၊ ပြီးရင် ကိုယ့်သူငယ်ချင်းကြိုက်တဲ့ပစ္စည်း၊ အဲ့လို ချဲ့လိုက်တယ်။ နောက် တခြားသူ ကြိုက်တဲ့ပစ္စည်းလေးတွေ။ ကိုယ်နဲ့ မသိတဲ့သူတွေ သူတို့ ကြိုက်တဲ့ ပစ္စည်းလေးတွေ။
★ လူတွေ တော်တော်များများ အ၀တ်အစားရွေးတာ၊ အရောင်ရွေးတာတို့၊ ပန်းအရောင်ရွေးတာတို့၊ ကားအရောင်ရွေးတာတို့၊ အိမ်ဆေးသုတ်ရင်လည်း အိမ်ဆေးအရောင်ရွေးတာတို့ ဒါမျိုးတွေ။ ကိုယ်ကြိုက်တဲ့အခါကို လွှင့်ပစ်ဖို့မလိုဘူး၊ ရှက်ဖို့လည်း မလိုဘူး။
★ ဒါပေမဲ့ positive emotion ရှုထောင့်ကနေကြည့်မယ်ဆိုရင် သူများကြိုက်တဲ့ဟာကို ကိုယ်က appreciate လေး လုပ်ပေးဖို့ပဲ။ Appreciate လုပ်တတ်အောင်၊ တန်ဖိုးထားတတ်အောင် လေ့ကျင့်ယူဖို့ပဲ။ လေ့ကျင့်တယ်ဆိုရင် ကိုယ်ကြိုက်ရာ ကိုယ်သုံးနိုင်တယ်။ အသုံးပြုနိုင်တယ်။
★ ဒါဟာ သူ့ရဲ့ positive အကျိုးကိုပဲ ကိုယ်ကရစေတယ်။ Negative အကျိုးဖြစ်တဲ့ တမ်းတမ်းစွဲမှုဆိုတဲ့ဟာက နည်းသွားတယ

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - C)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - C)
☆☆☆☆☆☆☆☆☆☆☆☆
🔯 Good Feeling လိုပီတိမျိုး၊ မုဒိတာမျိုး ရှိတယ်ဆိုရင်…
★ အနာထပိဏ်သူဌေးကြီးဟာ သာဝတ္တိပြည်ကနေ ရာဇဂြိုလ်မြို့ကို ညကြီးလာတာ။ ဘယ်အချိန်ရောက်လို့ ရောက်မှန်းမသိဘူး။ “ဗုဒ္ဓ”ဆိုတဲ့ အသံကိုကြားပြီးတော့ လာလိုက်တာ၊ Energy တွေလည်း ပြည့်၊ အားအင်တွေလည်းပြည့်လို့။
★ “ဗုဒ္ဓ”ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ သူ့မှာ ပီတိတွေဖြစ်လာတာ။ ဘာမှကို မကြောက်တော့ဘူး။ 'ငါသူဌေး၊ ငါကုန်သည်၊ ဘယ်သူများ ငါ့ကိုတစ်ခုခုလုပ်မလား"ဆိုတဲ့ အဲ့ဒါမျိုးတွေ မကြောက်တော့ဘူး။ ကြောက်စိတ်မရှိတော့ဘူး။ အဲဒီလို energy (အင်အားတွေ) ရှိလာတယ်။
★ အဲဒီအင်အားက ဒီမှာပြထားတဲ့ နံပါတ် (၁)ကနေ (၃) မှာပဲ limit လုပ်ထားတယ်ဆိုရင်.. (နံပါတ် (၁)က မိမိ၊ နံပါတ် (၂) မိသားစု၊ နံပါတ် (၃) သူငယ်ချင်းမိတ်ဆွေ၊) ဒီမှာပဲ ရပ်ထားတယ်ဆိုရင် ဒါဟာ အခြေမခိုင်သေးဘူး။
★ဘာလို့မခိုင်သေးတာတုန်း -
ကိုယ်ကားကောင်းစီးနိုင်အောင် ပိုက်ဆံတွေအများကြီးကြိုးစားပြီး ရှာထားတယ်။ ကားကောင်းလည်းစီးနိုင်တယ်။
★ ကိုယ့်အိမ်ဘေးနားကလူက ကိုယ့်လိုကားကောင်းစီးတာကို ဝမ်းမသာနိုင်လို့၊ သူ ဒီလိုကားကောင်းစီးတာကို ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ် မလုံမခြုံဖြစ်တယ်။
★ ဒီလိုကားကောင်းစီးနိုင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ သူလည်း စီးနိုင်ပါလားဆိုပြီး ကိုယ့်စိတ်ထဲမှာ မလုံမခြုံဖြစ်လာတယ်။ အဲဒီလို မလုံမခြုံဖြစ်တဲ့စိတ် (insecure feeling) က သူကားကောင်းစီးနိုင်တဲ့အတွက် မုဒိတာမဖြစ်ရုံတင်မကဘူး ကားကို enjoy လုပ်နိုင်တဲ့ Capacity အရည်အသွေး နည်းသွားတယ်။ ထိခိုက်သွားတယ်။
★ သူများတွေ အိမ်ကောင်းမှာ နေတာကို ကိုယ်က ဝမ်းမသာနိုင်ဘူး၊
ဒါမှမဟုတ် လျစ်လျူရှုတာမျိုး၊
ဒါမှမဟုတ် ငါနဲ့ဘာမှမဆိုင်ဘူးလို့ လုပ်ထားတယ်ဆိုရင် ကိုယ် အိမ်ကောင်းကြီးအပေါ်မှာ နေနေပေမယ့် ...
ဘာမှမဟုတ်တဲ့ စိုးရိမ်စရာလေးတွေနဲ့ပဲ အချိန်ကုန်နေတယ်။
ဒီအိမ်ကြီးက ကိုယ့်ကိုယ်ကို Security (လုံခြုံမှု) မပေးနိုင်ဘူး။ Secure mind (လုံခြုံတဲ့စိတ်၊ ချမ်းသာတဲ့စိတ်) မပေးနိုင်ဘူး။
ဘာကြောင့်မပေးနိုင်လဲဆိုတော့ ဒီ positive (အကောင်းမြင်တတ်တဲ့) ဧရိယာက ကျဉ်းနေသေးလို့။
ဒါကြောင့် အပြင်ကို Expand (ချဲ့) မယ်။
ဘယ်ထဲကို ချဲ့ရမလဲဆိုရင် နံပါတ် (၄)ကိုချဲ့ရမယ်။ ဒါဟာ challenging ဖြစ်တယ်။ (နံပါတ် (၄)က အလယ်အလတ်ပုဂ္ဂိုလ်/သူစိမ်း)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - B)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 3 - B)
☆☆☆☆☆☆☆☆☆☆☆☆
🔯 အမေရိကားက ဝိပဿနာ ပြတဲ့ဆရာမကြီးတစ်ယောက် -
★ သူ့စာအုပ်ထဲမှာ မေတ္တာကမ္မဋ္ဌာန်းအကြောင်း သူရေးထားတာရှိတယ်။ သူက ကျေးဇူးရှင် ရွှေဥသြဆရာတော်ကြီးရဲ့တပည့်ပါ။ ဆရာတော်ကြီး သူ့ကိုသင်ထားတဲ့ဟာကို ပြန်ပြောပြတာ။
သူဘာပြောတုန်းဆိုတော့-
“လူ (၄)ယောက်ရှိတယ် -
• မိမိကိုယ်တိုင်ကတစ်ယောက်၊
• မိသားစုဝင်က တစ်ယောက်၊
• သူငယ်ချင်း တစ်ယောက်၊
• ပြီးတော့ ရန်သူတစ်ယောက်”။
★ အဲ့ဒီလေးယောက်ကို ဓားပြ ခေါင်းဆောင်တစ်ယောက်ကလာပြီးတော့ တစ်ယောက်တောင်းတယ်။
အဲဒီ တစ်ယောက်ကို သတ်ပစ်မယ်။
★ မဟုတ်ရင် အကုန်လုံးကို သတ်ပစ်မယ်လို့ပြောတယ်။
★ အဲဒီနေရာမှာ တစ်ယောက်ပေးဖို့ ကိုယ့်ကိုရွေးခိုင်းရင် မေတ္တာရှိတဲ့ (မေတ္တာအားကြီးတဲ့) ပုဂ္ဂိုလ်က....
• ရန်သူကိုလည်းမပေးနိုင်ဘူး၊
• မိသားစုဝင်လည်းမပေးဘူး၊
• သူငယ်ချင်းလည်းမပေးဘူး၊
• ကိုယ့်ကိုယ်တိုင်ကိုလည်းမပေးနိုင်ပါဘူး။
★ တစ်ခြားနည်းလမ်းရှာမယ်။
Give in လုပ်မယ့်အစား၊ အလျှော့ပေးမဲ့အစား တစ်ခြားနည်းလမ်း ရှာမယ်။
★ အဲဒီအခါကျမှ “ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ” မြင်ဘူးတဲ့ပုဂ္ဂိုလ်၊ မမြင်ဘူးတဲ့ပုဂ္ဂိုလ်၊ သိကျွမ်းတဲ့ပုဂ္ဂိုလ်၊ မသိကျွမ်းတဲ့ပုဂ္ဂိုလ်၊
"ဒူရေ ၀သန္တိ အ၀ိဒူရေ"
အနီးမှာနေတဲ့ပုဂ္ဂိုလ်၊ အဝေးမှာနေတဲ့ပုဂ္ဂိုလ်။
★ တချို့ကျတော့ အနီးမှာနေရင် မေတ္တာရှိတယ်၊ အဝေးမှာနေရင် မေ့သွားတယ်။
★ Time and Space (အချိန်နဲ့ နေရာဒေသ အကွာအဝေး) က ဒီ Emotion (စိတ်ခံစားမှု) ကို effect (အကျိုးသက်ရောက်မှု) ဖြစ်တယ်။
Space ဆိုတာ နေရာခြားသွားတာ၊ Time အချိန်ကြာသွားတာ။ အဲ့ဒါတွေက emotion ကို impact ရှိတယ်။ Emotion အပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။
★ ဒါကြောင့် “မေတ္တာသုတ်”မှာ “ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ” ဆိုတာ မြင်ပြီးသားဖြစ်ဖြစ်၊ မမြင်ရသေးတာဖြစ်စေ၊ မြင်နိုင်တဲ့ပုဂ္ဂိုလ်၊ မမြင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်၊
“ဒူရေ ၀သန္တိ အ၀ိဒူရေ” နီးနီး ဝေးဝေး၊ ကြီးကြီးသေးသေး အမျိုးမျိုးခွဲပြထားတယ်။
*************
★ တနည်းအားဖြင့်ပြောရရင်..
• ဒါကငါ၊
• ဒါကငါ့မိသားစု၊
• ဒါက ငါ့သူငယ်ချင်း၊ ငါ့မိတ်ဆွေ၊
• နံပါတ် (၄)က ဒါက ဘာမှမဆိုင်တဲ့ သူ၊
• နံပါတ် (၅)ကျတော့ ဆိုင်ပြန်ရော - ရန်သူ
သူကျတော့ ဒေါသနဲ့ဆိုင်တာ။ သူဆိုင်တာက တစ်မျိုး၊ ဒေါသနဲ့ ဆိုင်တာ။
• နောက်ဆုံး နံပါတ် (၆)ကကျတော့ တစ်လောကလုံးနဲ့ဆိုင်တာ။
ဒီလို ခွဲခြားမှုတွေရှိနေတယ်ဆိုတာ ဘာ့ကြောင့်လဲ ဆိုတော့ Emotion (စိတ်ခံစားမှု) အပေါ်မှာ Manage (စီမံမှု) မလုပ်နိုင်လို့ဘဲ။
★ Emotion ကို Manage လုပ်နိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာကျတော့ လူတွေကို Emotional Block နဲ့ ခွဲခြားတာမျိုး (Classify လုပ်တာမျိုး) မလုပ်တော့ဘူး။
★☆ ဘယ်လိုပဲမြင်သလဲဆိုတော့ လူတွေအားလုံးက ဒုက္ခတွေပဲ။
ဒါကြောင့် လူတိုင်းအပေါ်မှာ ကရုဏာရှိတယ်၊ သူတို့ကောင်းတာ လုပ်တယ်ဆိုရင် မုဒိတာဖြစ်တယ်။
★ ဒီနေ့ Positive Emotion ဆိုတာ မုဒိတာကို ပြောတာ။ ဗြဟ္မစိုရ်တရားလေးပါးထဲက မုဒိတာကိုပြောတာ။
ခုနက မိနစ် (၃၀) တရားထိုင်ခဲ့တယ်။ ဒါက ကိုယ်လုပ်ထားတာကို ကိုယ်ပြန်ပြီး မုဒိတာဖြစ်ဖို့၊ To rejoy things …. something that you can be proud. Good Feeling ဆိုတာ အရေးကြီးတယ်။