" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Wednesday, May 26, 2010

စင်္ကာပူရောက် မြန်မာညီအကိုမောင်နှမများထံမှ

http://www.lotusdhamma.blogspot.com/

မြန်မာနိုင်ငံဒေသအနှံအပြား၌ ယခုနှစ် မေလဆန်းမှစတင်၍ ရာသီဥတု အလွန်အမင်း ပူပြင်းခြောက်သွေ့လာမှုကြောင့် မြစ်၊ ချောင်း၊ အင်အိုင်နှင့် ရေတွင်းရေကန်များတွင် ယခင်ကထက် ရေများခမ်းခြောက်လာပြီး လူနှင့် တိရိစ္ဆာန်များ သောက်သုံးရေရှားပါးမှု ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ကြရပေသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ ဒေသအနှံအပြား၌ တွေ့ကြုံခံစားနေရသော သောက်သုံးရေရှားပါးမှု ဘေးဒုက္ခမှ ကင်းဝေးကြစေရန်နှင့် နောင်တွင် အလားတူ သဘာဝဘေးအန္တရာယ်ကြုံလာပါက ကြိုတင်ကာကွယ်သွားနိုင်ကြစေရန် ရည်သန်လျက် စင်္ကာပူနိုင်ငံရောက် မြန်မာညီအကိုမောင်နှမများနှင့် မိသားစုများထံမှ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းလာသော ရေအလှူကုသိုလ်တော်အလှူငွေများကို ၂၀၁၀ခုနှစ် မေလ (၁၂) ရက်နေ့ မှစတင်၍ ကျွန်တော်တို့ Lotus Foundation ညီအကိုမောင်နှမများမှ တာဝန်ယူ၍ ကောက်ခံပေးခဲ့ပါသည်။

Lotus Foundation မှ စင်္ကာပူရောက် မြန်မာညီအကိုမောင်နှမများထံမှ ကောက်ခံရရှိသော ရေအလှူငွေများကို

၁။ နာရေးကူညီမှုအသင်း(ရန်ကုန်) ထံသို့ S$ ၄၀၀၀.၀၀

၂။ ဦးအေးမြင့် (ပဲခူး-လမ်းပြကြယ် )ထံသို့ S$ ၃၀၀၀.၀၀

၃။ မုံရွာမြို့တာဝန်ခံတစ်ဦးထံသို့ မြန်မာငွေကျပ် သိန်း(၂၀) ကျပ်တိတိ

၎။ ပဲခူးတိုင်းအနောက်ပိုင်းအတွက် တာဝန်ခံတစ်ဦးထံသို့ မြန်မာငွေကျပ် သိန်း(၁၀)ကျပ်တိတိ


၅။ နာဂစ်မုန်းတိုင်း ခံစားခဲ့ရသော ဧရာဝတီတိုင်းရှိ ဒေသများတွင် ရေလှူဒါန်းနိုင်ရေးအတွက် သုမင်္ဂလ Foundation မှ ဆရာတော် ဦးဝိစာရ ထံသို့ မြန်မာငွေကျပ် သိန်း(၂၀) ကျပ်တိတိ


၆။ ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် လာမည့်ရက်သတ္တပတ်၌ ဆက်လက်ဆောင်ရွက်သွားမည့် ရေပေးဝေဖြန့်ဖြူးရေးအစီအစဉ်များနှင့်အတူ တွဲဖက်လုပ်ဆောင်သွားမည့် Searchers' Mobile Clinic အတွက် ရံပုံငွေအဖြစ် မြန်မာငွေကျပ် သိန်း(၂၀)ကျပ်တိတိကို Searchers-Myanmar မှ တာဝန်ခံ ထံသို့


၇။ မေတ္တာရိပ် အဖွဲ့သို့ မြန်မာငွေကျပ် သိန်း(၂၀) ကျပ်တိတိ

၈။ ပဲခူးတိုင်းအနောက်ပိုင်းအတွက် တာဝန်ခံတစ်ဦးထံသို့ (ဒုတိယအကြိမ် ) မြန်မာငွေကျပ် သိန်း(၂၀)ကျပ်
၉။ နာရေးကူညီမှုအသင်း(ရန်ကုန်) ထံသို့ ဒုတိယအကြိမ် S$ ၄၀၀၀.၀၀

၁၀။ ဦးအေးမြင့် (ပဲခူး-လမ်းပြကြယ် )ထံသို့ ဒုတိယအကြိမ် S$ ၄၀၀၀.၀၀

၁၁။ နာဂစ်မုန်းတိုင်း ခံစားခဲ့ရသော ဧရာဝတီတိုင်းရှိ ဒေသများတွင် ရေလှူဒါန်းနိုင်ရေးအတွက် သုမင်္ဂလ Foundation မှ ဆရာတော် ဦးဝိစာရ ထံသို့ဒုတိယအကြိမ် S$ ၄၀၀၀ တိတိ ထပ်မံပေးပို့လှူဒါန်းခဲ့ပါကြောင်း


ရေအလှူကုသိုလ်တော် ပါဝင်လှူဒါန်းခဲ့ကြသော စင်္ကာပူရောက်မြန်မာအလှူရှင်၊ စေတနာရှင် ညီအကိုမောင်နှမများ၊ မိသားစုများနှင့်တကွ အခြား အခြားသော နတ်၊ လူ၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့လည်း ရေအလှူကုသိုလ်တော်ကို ပတ္တိဒါန ပတ္တအနုမောဒနာပြု၍ သာဓုခေါ်နိုင်ကြစေရန် ရည်သန်လျက် ဤကုသိုလ်တော်မှတ်တမ်းကို ဖော်ပြပေးလိုက်ရပါသည်။

No comments: