" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, August 14, 2010

အမှန်တရား ၊မျှတမှုနှင့် မေတ္တာ ကို သာ

မတရားမှုအပေါ် အနိုင်ရတယ်လို့ 
ထင်တဲ့သူဟာ.ကောင်းမြတ်သောစိတ်ဓါတ် အလွန် အားနည်းသူ
ဖြစ်ပါတယ်.စိတ်ဓါတ်အားနည်းလို့လည်း ရုပ်ဝတ္ထုတွေကို မှီပြီး တဖက်သားကို
အနိုင်လိုချင်တာပါ..
ဓမ္မတရားကိုလက်ကိုင်တဲ့သူများလာရင်.အဓမ္မနည်းပါသွားပါလိမ့်မယ်

နေရာတိုင်း၊ ကိစ္စတိုင်း တွင်..သူ့ ဂုဏ်၊ကိုယ့်ဂုဏ်ဖြင့် power အာဏာပြ၍ သူပြိုင် ငါနိုင် လွှမ်းမိုးချင်သောစိတ်ကို မကျင့်သုံးဘဲ.နေရာတိုင်း၊ကိစ္စတိုင်းတွင်.
အမှန်တရား ၊မျှတမှုနှင့် မေတ္တာ ကို သာ လက်ကိုင်ထားသော ပုဂ္ဂိုလ်အဖြစ်
ဂုဏ်ယူဖြေရှင်း ရင်ဆိုင်သောစိတ်သည်.. သူတော်ကောင်း ၊သူတော်မြတ်တို့ ဧ။်
စိတ်ဓါတ်ဖြစ်သည်။

သဒ္ဒါနည်း ၍ ပညာကဲလျှင်..ကောင်းမှုအလုပ်မှာတောင် သံသယ ထားမိ၍လမ်းလွဲတတ်ပါတယ်
သဒ္ဒါများပြီး ပညာပါးရင်လည်း တဏှာသို့ လမ်းလွန်၍ ဥာဏ်မပါတဲ့ အတွက်. ထိရောက်သင့်သလောက်မထိရောက်နိုင်ပါဘူး.
ဒါကြောင့် "ပြုလုပ်ကောင်းမှု သတိပြု ညီမျှ သဒ္ဒါ နှင့်ပညာ".

ခလုတ်ထိမှ အမိတ တတ်ကြသလို
ဘေးရန်ရှိမှ လည်း ဘုရားကို သတိရကြသည်
ခလုတ် မထိခင် ဘေးရန်မရှိခင်က
သတိထားကြလျှင် ချမ်းသာလိမ့်မည်..

အမည်း ကိုသိမှ အဖြူကိုသိရသလို
အဆိုး ကိုသိမှ အကောင်း ကို ပိုမြင်လွယ်ပါတယ်၊
အမှောင်ကို သိရင်..အလင်းကို နားလည် လာသလို
ဒုက္ခအမှန်ကို သိမှလည်း သုခအမှန် နားလည် လာပါလိမ့်မယ်..

ဆင်းရဲချမ်းသာ သဘာဝတွေကို တွေ့ကြုံနေကြရတာ လူတိုင်းပါ။
အကောင်း အဆိုးနှစ်မျိုးလုံးကို တစ်လဲ စီလှည့် အမြဲကြုံနေရတာလည်း လူတိုင်းပါ၊
ကောင်းဆိုးလောကဓံတွေ ကြုံလာတိုင်း မဖြုံတမ်း မတုန်လှုပ်ပဲနဲ့
စိတ်ခိုင်အောင်နေသွားကြရအောင်။ သောကတွေကို လက်မခံဘူး၊ လိုချင်ရမ္မက်တွေကို.ရောင့်ရဲအောင်ကြိုးစားရင်း အေးငြိမ်း ချမ်းသာအောင်နေသွားကြရအောင်။

စား၊၀တ်၊နေ ရေး အဆင်ပြေလာလျှင် လူတို့ သည်.. အပိုအလုပ်တွေ လုပ်တတ်လာကြသည်။
သတိ!... "ငွေသည် ပြဿနာ အသစ်ကို ဖန်တီးတတ်သည်။"

1 comment:

phyukoko said...

သာဓု.သာဓု.သာဓု ..ဆက်လျက်၍ ကြိုးစားနေမည့်..
မေတ္တာဖြင့်