" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, August 5, 2010

Deposit

ဟိုတနေ့ က ကျွန်တော့ ဝေဒနာတစ်ခု ခံစားလိုက်ရလို့  ဆေးရုံရောက်တဲ့အထိ ဖြစ်သွားပါတယ်။
အယင်ကတည်းကကြားဖူးထားတာ ရှိပါတယ်။ စလုံးမှာ အရေးပေါ်ကိစ္စနဲ့ ဆေးရုံရောက်ရင်တောင်
နိုင်ငံခြားသားဆိုရင် Deposit အနည်းဆုံး $ ၃၀၀၀ တင်ခိုင်းပါတယ်။
S'porenan နဲ့ PR ကလွဲရင်
ပေါ့။ သူတို့ မှာ CPF ရှိတာကိုး။

အသိတယောက်ဆိုရင် ဘောလုံးကန်ရင်း ခြေကျိုးသွားတာ ဆေးရုံရောက်သွားတော့ အရင်ဆေးမကု
ပဲ Deposit အရင်တင်ခိုင်းတာပါ။ မတင်ရင်မကုပေးတဲ့ ပုံစံပါ။
ဒီအတိုင်းပစ်ထားတာပါ။ Deposit
တင်ပြီးမှသာ လုပ်စရာရှိတာဆက်လုပ်ပေးတာပါ။ ကျွန်တော့ကိစ္စမှာဆိုရင်လဲ
amount ကနည်းတော့
တော်သေးတယ်ပြောရမယ်။ဒါပေမယ့် အရင်ဆုံး ပိုက်ဆံ ဘယ်လောက်ကျမယ် ခန့်မှန်းခြေပြောပါ
တယ်။ ပထမနေ့ မှာပေါ့။ ပြီးမှ ဆက်ကုပါတယ်။
ဒါကတော့ဖြစ်သင့်ပါတယ်။ဒုတိယအခေါက် သွားတော့
ပိုက်ဆံအရင်ပေးရပါတယ်။ ဟဲဟဲ လတ၀က် အသုံးစရိတ်တော့ ပါသွားတာပေါ့။ :D

ကျွန်တော် အဓိကဆိုလိုချင်တဲ့ကိစ္စတစ်ခုက စလုံးမှာ
ကျန်းမာရေးစရိတ်ကြီးတဲ့အတွက် ကျန်းမာရေး
ဂရုစိုက်ဖို့ ရယ်၊ ဖြစ်လာခဲ့ရင် အနည်းဆုံး ပိုက်ဆံပေးနိုင်အောင် လက်ထဲမှာ
ပိုက်ဆံထားဖို့ ပါ။ တွေး
မယ်ဆိုရီစရာပေါ့ လက်ထဲမှာတော့ ပိုက်ဆံရှိတာပေါ့။ ဖြစ်ရင် ဆေးကုဖို
့ပေးရမှာပေါ့။ မဟုတ်ဘူးလား။
ကျွန်တော်ဆိုလိုချင်တာက ဒီမှာအလုပ်လာလုပ်တဲ့သူတွေ အများစုဟာ
အကြောင်းအမျိုးမျိုးနဲ့ လက်
ထဲမှာ ငွေပိုငွေရှန် မထားတတ်ကြပါဘူး။ တချို့ က မိသားစု အဆင်မပြေလို့ ၊
တချို့ က ကိုယ့်တိုင်းပြည်
မှာ ငွေတိုးအောင် အတိုးချတာတို့ ၊ ဘဏ်အပ်တာတို့ ၊စီးပွားရေးလုပ်ကြတာတို
့အကြောင်းအမျိုးမျိုးနဲ့ 
ပေါ့ဗျာ။ဖြစ်လာတော့မှ ရန်ကုန်ကို ပိုက်ဆံပြန်မှာလဲ မလွယ်ပါဘူး။
အချင်းချင်း ကူညီချင် ရင်တောင်
အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်
ကိုယ့်ဘာသာကိုယ် ပိုက်ဆံဖယ်ထားတာ
အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် insurance လုပ်ထားရင်ပိုကောင်းတာပေါ့။

ဒီမှာ ကံဆိုးလို့ ဆေးရုံတတ်ရရင် ၂ရက်လောက်နဲ့ ၆ထောင်ကျော်ပြုတ်မှာပါ။
operation ခန်းဝင်ရရင်
ပြောတာပါ။ ကျန်းမာရေးဆိုတာ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အရင်တုန်းကတော့
ကိုယ်ခင်တဲ့သူတွေ၊
နဲ့ ကိုယ်ချစ်ခဲ့မိတဲ့သူလောက်ပဲ ပြောခဲ့မိတာပါ။ ဒါပေမယ့် သူကတော့ သူ့ မှာ
အခက်အခဲတွေရှိနိုင်ပေမယ့်
ပြောတဲ့သူကိုတောင် ပြန်ရီနေခဲ့ပါတယ်။စကားကို အသိအမှတ်ပြုမပြုတော့
မသိဘူးပေါ့ဗျာ။သိတဲ့သူတိုင်း
ကိုပြောနေရင်လဲ မလွယ်ဘူးလေ။ခုတော့ စလုံးမှာ အကြောင်းအမျိုးမျိုးနဲ
့ရောက်ရှိနေတဲ့သူငယ်ချင်းများ
အားလုံး ကြိုတင် plan ထားနိုင်အောင် အကြံပြုလိုက်ရတာပါ။ ။

သူငယ်ချင်းတို့  ကျန်းမာရေးသုခနှင့် အစစအရာရာ
ပြည့်စုံနိုင်ပါစေ..............................

မေတ္တာဖြင့်

s.skyheart

No comments: