အလိုရမ္မက်ကင်းခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ဆုံးမလွယ်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ သည်းခံခြင်းသည် မင်္ဂလာတပါး ဖြစ်၏။
သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ သူ့ကျေးဇူးကို သိခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတပါးဖြစ်၏။ မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ကုသိုလ်တရား၌ မမေ့မလျော့ခြင်းသည် မင်္ဂလာတပါး ဖြဟ်၏။ သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတပါး ဖြစ်ပါသည်။
မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာ ဖြစ်သည်။ အပြစ်မရှိသော ကောင်းမှုကို ပြုခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
အဆွေအမျိုးတို့အား ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
သား မယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတပါး ဖြစ်၏။
No comments:
Post a Comment