" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, December 2, 2010

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် (၁၆) ပါး...

(၁) နာမရူပ ပရိစ္ဆေဒဉာဏ် - ဘုံသုံးပါး၌ ရုပ်နာမ် နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်။

(၂) ပစ္စယပရိဂ္ဂဟဉာဏ် - ရုပ်နာမ် နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။

(၃) သမ္မသနဉာဏ် - ရုပ်နာမ် နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။

(၄) ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ် နှစ်ပါး ဖြစ်ပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။

(၅) ဘင်္ဂဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။

(၆) ဘယဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ဘေးဟူ၍ ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။

(၇) အာဒီန၀ဉာဏ် - ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

(၈) နိဗ္ဗိန္ဒဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာ ငြီးငွေ့ဖွယ် ဟု မြင်သောဉာဏ်။

(၉) မုဉ္စိတုကမျတာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွှတ်သောဉာဏ်။

(၁၀) ပဋိသင်္ခါဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်း ဖြစ်ရန် ဆင်ခြင်သောဉာဏ်။

(၁၁) သင်္ခါရုပေက္ခာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်း တို့မှ ကြဉ်ရှောင်၍ လျစ်လျူပြုသောဉာဏ်။

(၁၂) အနုလောမဉာဏ် - ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား ၃၇ ပါးတို့အားလျော်စွာ ဖြစ်ပေါ်သောဉာဏ်။

(၁၃) ဂေါတြဘူဉာဏ် - ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။

(၁၄) မဂ္ဂဉာဏ် - နိဗ္ဗာန်ကို သိမြင်သောမဂ်ဉာဏ်။

(၁၅) ဖလဉာဏ် - နိဗ္ဗာန်ကို သိမြင်သော ဖိုလ်ဉာဏ်။

(၁၆) ပစ္စဝေက္ခဏာဉာဏ် - မဂ်ဖိုလ် နိဗ္ဗာန်ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်သောဉာဏ်။

No comments: