" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, March 31, 2011

သင့်ကို လှပစေမည့် အစားအသောက် ၇ မျိုး

အသားအရေလှပဖို့ အဓိက လိုအပ်တာက တန်ဖိုးကြီး အလှပြင် ပစ္စည်းတွေ မဟုတ်ပါဘူး။

အပ်ါယံ အရေပြားကို ခဏတာ လှပစေတာထက် ခန္ဓာကိုယ်တွင်းမှာ ရောဂါ ကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့ အလှကို ပိုင်ဆိုင်လိုတာ လူတိုင်း ဆန္ဒ ဖြစ်ပါလိမ့်မယ်။ တန်ဖိုးကြီး အလှပြင် ပစ္စည်းတွေ အသုံးပြုစရာ မလိုဘဲ သင်စားသောက်တဲ့ အစားအသောက်ပုံစံ ပြုပြင်လိုက်ရုံနဲ့ သင်ရဲ့အလှတရားကို ပြီးပြည့်စုံ စေပါတယ်။ ဘယ်လို အစားအသောက် တွေကို စားပေးသင့်တယ်ဆိုတာ သင်သိစေဖို့ ရေးသား လိုက်ပါတယ်။

ချင်း

အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ လက်စွဲ ကုန်ကြမ်း တစ်ခုက ချင်းပါ။ ချင်းက အရေပြားမှာ အစိုဓာတ် ထိန်းပေးရုံသာမကဘဲ ပိုးသေစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် အရေးကြောင်းတွေ မဖြစ်အောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ မျက်နှာသစ် ဆပ်ပြာတွေမှာ ချင်းကို ထည့်သွင်း အသုံးပြုကြပါတယ်။

ပန်းသီး

တစ်နေ့ တစ်လုံး စားပေးပါက အသက်အရွယ် အိုမင်းမှုနဲ့ အစက်အပြောက်တွေကို တွန်းလှန် ဖယ်ရှားနိုင်ပါတယ်။ပန်းသီးဟာ ကယ်လိုရီ နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝ ပါတယ်။ ဒါ့အပြင် ပန်းသီးထဲမှာ ပါတဲ့ Quercetin က အရေပြားကို ကြည်လင် ဝင်းပစေပါတယ်။ Quercetin က အရေပြား ဆဲလ်တွေ ဓာတ်တိုးခြင်းနဲ့ အရောင်ပြောင်းလဲခြင်းတွေကို ကာကွယ် ပေးနိုင်ပါတယ်။ Quercetin ပါတဲ့ အလှပြင်ပစ္စည်း တော်တော်များများ ထုတ်လုပ် လာကြပေမယ့် သဘာဝကရတဲ့ ပန်းသီးကို စားသုံး ပေးတာက အသင့်တော်ဆုံးပါ။

ဆန်လုံးညို

ဗီတာမင်အီးနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဆန်လုံးညိုက သင့်အရေပြားကို ကျန်းမာစေပြီး သင့်အလှအပအတွက် အထောက်အကူပြုတဲ့ အစားအစာ တစ်ခုပါ။ အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်း ပေးတာကြောင့် အသားအရေ စိုပြည် လှပစေပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်တွေမှာ ရေဓာတ်ကို ထိန်းပေးထားတာကြောင့် သင်ရောက်ရှိနေတဲ့ အသက်ထက် အသားအရေကို ပိုမို ဝင်းပ နုပျိုစေပါတယ်။

ဘရာဇီးဘယ်ရီသီး

အင်တီအောက်ဆီးဒင့် ဓာတ်တွေ ကြွယ်ဝတဲ့ ဘရာဇီး ဘယ်ရီသီးက ကင်ဆာရောဂါကို တွန်းလှန် တိုက်ထုတ်နိုင်တဲ့ အာနိသင်ရှိတဲ့အပြင် အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကော်လာဂျင်တွေကို ဖြစ်ပေါ်စေတာကြောင့် အသက်အရွယ်ကြီးတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မုန့်ညှင်းနီဥ

မုန်ညှင်းနီဥထဲမှာ ဇင့်ဓာတ်နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝပါတယ်။ အရေပြားရဲ့ကျုံ့နိုင် ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကော်လာဂျင်တွေ ဖြစ်ပေါ်ဖို့ အားပေးတာကြောင့် အသားအရေကို တင်းရင်း လှပ စေပါတယ်။ ဒါ့အပြင် မုန်ညှင်းနီဥက ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကိုလည်း တိုးပွား စေပါတယ်။

ဒိန်ချဉ်

ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ် အပြည့်အဝ ပါဝင်တဲ့ ဒိန်ချဉ်က အရေပြားအတွက် သာမက အစာအိမ်အတွက်ပါ များစွာ အကျိုးပြုပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ်အက်စစ် (Lactic acid) က ဆဲလ်သေတွေကို ဖယ်ရှား ရှင်းလင်းပေးပြီး ကော်လာဂျင်နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းတွေကို တိုးပွား စေပါတယ်။ ဒါ့အပြင် အရေပြားမှာ အစိုဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တာကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းတာကို ကာကွယ်ပေးနိုင်ပါတယ်။

အုန်းသီး

လက်ဆေးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေမှာ အများဆုံး ထည့်သွင်းအသုံးပြုတဲ့ ကုန်ကြမ်းတစ်မျိုးပါ။ အရေပြား အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဇာခြည်ဝင်း

(ဆေးဝါး တက္ကသိုလ်)

No comments: