" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, July 29, 2011

စိတ်ဓာတ်ကျတယ်ဆိုတာ

ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင်ကြိုးစား နေထိုင်နိုင်တဲ့ သူတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဒီစိတ်ဓာတ်ကျတာတွေကို ပြုပြင်ထိန်းသိမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်လေးတွေကျတဲ့အခါ ကိုယ့်ကိုယ်ကို သတိ၊ သမာဓိ၊ ပညာ၊ ဝိရိယတရားလေးတွေနဲ့ ပဲ့ကိုင်ကာ ထိန်းကျောင်းပေးကြရမှာ ဖြစ်ပါတယ်။

မကောင်းတာတွေ တွေ့ကြုံရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ သူတွေအနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတယ် အဲဒီလို မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ဓာတ်တွေကျနေတဲ့ အတွက်ကြောင့်ပဲဆိုတာ သဘောပေါက်သိမြင်ပြီး မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်က လိုက်မသွားရအောင်၊ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်ပြီးတက်လာရအောင် စိတ်ဓာတ်တွေကျတိုင်း၊ စိတ်ဖိစီးမှုတွေရှိတိုင်း၊ အတက်အကျလောကဓံတွေနဲ့ ကြုံတိုင်း ဘုရားအား၊ တရားအားနဲ့ သံဃာအားကိုယူပြီး ဘုရားတရားအလုပ်ကိုသာ များများဖိလုပ်ကြရင်း စိတ်ခွန်းအားတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ကာ စိတ်ဓာတ်တွေကို အမြန်ဆုံး ပြန်တက်အောင်သာ ကြိုးစားကြည့်ကြပါလို့ စေတနာစကား၊ မေတ္တာအားနဲ့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

No comments: