PAGES

Tuesday, December 13, 2011

"ဓမ္မစကား"

လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်ဖို့ ဆိုရာမှာ မြတ်စွာဘုရား မိန့်မှာထားတဲ့ အချက်(၅) ချက်ရှိတယ်။

(၁) စိရကာလဘာဝနာတဲ့၊ ဆိုလိုတာက လုပ်ငန်းတစ်ခုကို အချိန်ဘယ်လောက်ပဲကြာကြာ
ဒီလုပ်ငန်းကို ပြီးဆုံးအောင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြာချင်သလောက် ကြာပါစေ၊ လုပ်ရမယ်ပေါ့။

(၂) နိရန္တရဘာဝနာ ဆိုတာကတော့ ဒီလုပ်ငန်းတစ်ခု လုပ်ပြီဆို ရပ်မပစ်လိုက်ပါနဲ့၊
အဆက်မပြတ်လုပ်ပါ၊အဆက်မပြတ်လုပ်ရင် အောင်မြင်တယ်။

(၃) နိရဝဘေစဘာဝနာ ဆိုတာ ဒါတွေဟာ သိပ်အရေးမကြီးပါဘူးဆိုပြီးတော့ စိတ်ထဲ ခပ်ပေါ့ပေါ့ မထားပါနဲ့တဲ့၊
လုပ်စရာ ရှိတဲ့ လုပ်ငန်းမှန်သမျှ အကုန်လုံး အသေးအမွှားပါ မကျန်လုပ်ပါ၊ အကြွင်းအကျန်ဆိုတာ မထားပါနဲ့တဲ့။

(၄) သက္ကစ္စဘာဝနာ ဆိုတာ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သိပ်ပေါ့ပေါ့လျော့လျော့ မထားပါနဲ့တဲ့၊
လေးလေးစားစား လုပ်ပါ တဲ့။

(၅) အတိရတိဘာဝနာ ဆိုတာ အလုပ်ကို ပျော်ပျော်ပါးပါး လုပ်ပါတဲ့၊ မလုပ်ချင်ဘဲ လုပ်ရတာ မဖြစ်ပါစေနဲ့တဲ့၊
တကယ့်ကို စိတ်ပါလက်ပါ ပျော်ပျော်ပါးပါးလုပ်ပါတဲ့၊အဲဒီလိုသာ လုပ်ခဲ့ရင် ဒီလုပ်ငန်းဟာ မလွဲမသွေအောင်မြင်မှာပဲ။

"ရွှေပြည်ဟိန်းဆရာတော် ဆုံးမဟောပြောချက်"
‎"ဓမ္မစကား" ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။
By: Aung Sann Kyaw

No comments:

Post a Comment