PAGES

Friday, August 17, 2012

အပါယ်မကျနိုင်

အပါယ်မကျနိုင် ********** ဘုရားကို သြကာသ၊ သြကာသနှင့် ရှိခိုးနေလို့ မပြီးသေးဘူး။ ဘုရားဂုဏ်တော်တွေကို တစ်ပါးပြီးတစ်ပါးလေ့လာပါ။ တရားဂုဏ်တော်တွေကို တစ်ပါးပြီးတစ်ပါးလေ့လာပါ။ မြန်မြန် မလေ့လာပါနှင့်။ နှစ်ပေါင်းများစွာ ကြာချင်ကြာပါစေ။ တစ်ပါးပြီးတစ်ပါး လေ့လာလို့ သဘောကျတဲ့ ဂုဏ်တော်တွေကို ထပ်ခါထပ်ခါ အာရုံပြုပြီးတော့ ရှိခိုးတဲ့အခါ အာရုံယူ၊ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပဲ။ သြကာသတင် လုပ်မနေပါနှင့်။ ပြီးတော့မှ အားလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာရှုပါ။ တစ်မိနစ်လောက်နေပါ။ အချိန်အကြာကြီးမဟုတ်ပါဘူး။ အဲဒီလိုနေပါ။ ငါးပါးသီလလုံတယ်။ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကို သိတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုတယ်။ ဒီလိုဆိုရင် အပါယ်မကျပါဘူး။ ရဲရဲတင်းတင်းသာ နေ။ အပါယ်မကျဘူး။ (အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

No comments:

Post a Comment