PAGES

Thursday, August 30, 2012

ဓာတ်ခံကောင်းအောင်လုပ်ကြ

ဘဝသံသရာ အဆက်ဆက် ကောင်းတဲ့ ဓာတ်သတ္တိတွေပါအောင်လုပ်ကြ။ ဒီလို ဓာတ်ခံကောင်းတွေ ပါဖို့ဆိုတာကလည်း ဆရာကောင်း, သမားကောင်း, မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ရမှ ဖြစ်တာ။ တချို့က ဘဝဓာတ်ခံကောင်းလေးတွေ ပါလာကြပါရဲ့။ ဒါပေမဲ့ မကောင်းတဲ့ ဆရာ, မိဘ, ဆွေမျိုး မိတ်ဆွေတွေနဲ့ တွေ့ရတဲ့အခါကျတော့ ကောင်းတဲ့ ဓာတ်သတ္တိလေးတွေ ကုန်ခမ်း ပျက်ပြားကုန်ရတယ်။ ဒါ့ကြောင့် ဓာတ်ခံကောင်းဖို့ရာမှာ ဆရာကောင်း, သမားကောင်း, မိကောင်း, ဖကောင်း, ဆွေကောင်း, မျိုးကောင်း သိပ်အရေးကြီးပါတယ်။ (ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ မနက်ခင်း သြဝါဒများမှ ကောက်နှုတ်တင်ပြပါသည်။) —

No comments:

Post a Comment