" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, November 11, 2012

ဂုဏ်သိက္ခာရှိသူ

ဂုဏ်သိက္ခာတကယ်ရှိတဲ့သူ၊ တည်ကြည်မှု ခန့်ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး၊ ပြောစရာ ရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ် ၊ သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့ သူတစ်ပါး သိက္ခာကျအောင် ပုတ်ခတ်တဲ့ စကားမျိုးကို မပြောဘူး။ သူများသိက္ခာကျမှ ကိုယ့်မှာဂုဏ်ရှိတယ်လို့ မယူဆဘူး။ ( ဆရာတော် ဦးဇောတိက )။

No comments: