" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, November 10, 2012

SUCCESSFUL LIFE

ကျွန်တော့်အခန်းထဲမှာ ကျွန်တော် အောင်မြင်မှုရဲ့သော့ချက် အဖြေတွေကိုရှာတွေ့ခဲ့တယ် အိမ်ခေါင်မိုးကပြောတယ် “ မြင့်မြင့်ကြံ တဲ့ ” ပန်ကာကပြောတယ် “ အေးချမ်းစွာနေပါတဲ့ ” နာရီကပြောတယ် “ မိနစ်တိုင်းဟာ တန်ဖိုးရှိတယ် တဲ့ ” မှန်ကပြောတယ် “ သင်လုပ်လိုက်တဲ့အရာတိုင်းက တန်ပြန် တုံ့ပြန်လိမ့်မယ် တဲ့ ” ပြတင်းတံခါးကပြောတယ် “ ကမ္ဘာကြီးကိုကြည့်ပါ အခန်းကျဉ်းလေးထဲ ပိတ်လှောင်မနေပါနဲ့ တဲ့ ” ပြက္ခဒိန်ကပြောတယ် “ ခေတ်နဲ့အမှီ Up to date ဖြစ်နေပါစေ တဲ့ ” တံခါးမကြီးကပြောတယ် “ ပန်းတိုင်ကို ရဖို့ ပြင်းထန်စွာ တွန်းလုပ်ပါ တဲ့ ” ယူတတ်ရင်နေရာတိုင်းမှာတော့ သင်ခန်းစာတွေချည်းပါပဲ ။ ကြည့်တဲ့အမြင်ပေါ်မှာသာမူတည်နေတာပါ ။

No comments: