" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, February 15, 2013

ကိုယ့်ကိုကို ကြည်ညိုဖို့က ပိုအရေးကြီးတယ်

“ ပတ်ဝန်းကျင် ကြည်ညိုဖို့၊ အများကြည်ညိုဖို့၊ နတ်တွေ ကြည်ညိုဖို့ထက် ကိုယ့်ဟာကိုယ် ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်းကိုယ် အသိဆုံး၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်အောင် ကြိုးစားပါ။ ဘာချို့ယွင်းချက်ရှိသလဲ၊ ချို့ယွင်းတာ ပြုပြင်ပေးပါ။ ရဟန်း ရှင် လူ မည်သူမဆို နေ့စဉ်နေ့တိုင်း အောက်မေ့နေရမှာက "ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် ကိုယ့်အမွေ၊ ကံသာလျှင် ဆွေမျိုး၊ ကံသာ အားကိုးစရာ၊ ကံသာလျှင် စီမံပိုင်ခွင့်ရှိတယ်" ဆိုတာကိုပါပဲ။ ” - ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ { ဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြ၀ါဒများမှ }

No comments: