PAGES

Tuesday, February 23, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - B)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - B)
************************
(ဂိုးသွင်းပြီးပြီလား)
★ Auto mind က သူ့ဟာသူ အလိုအလျောက် ဖြစ်နေတယ်။ စက်တစ်ခါပဲ နှိုးထားလိုက်၊ သူ့ဟာသူ အော်တို မောင်းနေတာ။ ကောင်းတဲ့နေရာရှိတယ်။ မကောင်းတဲ့နေရာရှိတယ်။
★ ဒါပေမယ့် ဘုန်းဘုန်းတို့က ဒီ ခရီးလမ်း မဖြောင့်သေးလို့၊ destination မသေချာသေးတဲ့ ပုဂ္ဂိုလ်၊ မသေချာသေးဘူး။ ဘာလို့ မသေချာတုန်းဆိုတော့ ရည်ရွယ်ချက် ပန်းတိုင်က ခဏခဏရွှေ့တယ်လေ။
★ ဘောလုံးသမားတွေလို ဂိုးတိုင် ခဏခဏရွှေ့တယ်။ ဂိုးသွင်းမယ်လုပ်တိုင်း ဂိုးတိုင်ရွှေ့လိုက်တော့ ဂိုးက ဘယ်တော့မှ မသွင်းနိုင်တော့ဘူး။
★ အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်တုန်းကဆိုရင် ရည်မှန်းချက်ပန်းတိုင်က တစ်ခုထဲ။ အသက်ကိုးနှစ် ဖြစ်ဖို့ပဲ။ အသက်ကြီးချင်တယ်။
★ ကိုးနှစ်ရောက်လာတဲ့အခါကျတော့ ကိုးနှစ်မှာ happy မဖြစ်တော့ဘူး။ မကျေနပ်တော့ဘူး။ ဆယ်နှစ်ဖြစ်ချင်တယ်။
★ ဆယ်နှစ်ဖြစ်တော့ ဆယ့်တစ်နှစ်ဖြစ်ချင်တယ်။
● ပထမဆုံး ကိုးနှစ်ဖြစ်ချင်တာ သူ့ရဲ့ ဂိုးတိုင်က ကိုးနှစ်။
● ကိုးနှစ်ရောက်တဲ့အခါ သူက အဲ့ဒီကိုးနှစ်ကို မသွင်းတော့ဘူး။ ဂိုးတိုင်ကို ရွှေ့လိုက်တယ်။
● ဆယ်နှစ်ဆိုတာကို ရွှေ့လိုက်တယ်။
● ဆယ်နှစ်ဖြစ်တော့ ဆယ့်တစ်နှစ်။
● ဆယ့်ငါးနှစ်ရောက်တော့ ဆယ့်ခြောက်နှစ် ဖြစ်ချင်တယ်။
● ဆယ့်ခြောက်နှစ်ရောက်တော့ ဆယ့်ခွန်ဖြစ်ချင်တယ်။
★ ခုနစ်တန်းမအောင်သေးခင်က ခုနစ်တန်းအောင်ရင်တော့ ဘ၀ပြည့်စုံမယ်ထင်တာ။ ခုနစ်တန်းအောင်လည်း အောင်ပြီးရော ဘာမှ မဟုတ်ဘူး ရှစ်တန်းလည်းဆိုရော ၊ တခါ ဂိုးတိုင်ကို ရွှေ့လိုက်ပြန်ရော။
★ ဆယ်တန်းဖြေဖို့ ကြိုးစားနေတဲ့ ကလေးတွေက ဆယ်တန်းအောင်ပြီးရင်တော့ ဘ၀က ပြည့်စုံသွားမှာပဲ။ အစစအရာရာ အကုန်လုံး ပြည့်စုံသွားမယ်။ ဒီလိုထင်တာ။ ဆယ်တန်းဖြေလည်း ဖြေပြီးရော တက္ကသိုလ်သွားရမယ်။ ဒါမှ မဟုတ်အလုပ်ဝင်ရမယ်။ ဒါတွေက ပေါ်လာတော့ goalpost ကို ထပ်ရွှေ့တယ်။
● မဟုတ်ဘူး။ တက္ကသိုလ်သွားရမယ်။ တက္ကသိုလ်သွားပြီးတော့ ဘွဲ့ရပြီးပြီဆိုရင်တော့ ဘ၀ဟာ ပြီးပြည့်စုံသွားပြီ။
● ဘွဲ့လည်းရပြီးရော မဟုတ်သေးဘူး။ အလုပ်ရမှ။
● အလုပ်ရပြီးတော့ မဟုတ်သေးဘူး။ အိမ်ထောင်ရှိရမယ်။
● အိမ်ထောင်ရှိပြီးတော့ မဟုတ်သေးဘူး။ သားသမီးရှိရမယ်။
● သားသမီးရှိပြီးတော့ မဟုတ်သေးဘူး။ သားသမီးကြီးပြင်းရဦးမယ်။
● သားသမီးကြီးတော့… သားသမီး အိမ်ထောင်ကျပြီးတော့ …
★ ဂိုးသွင်းပြီးပြီလား။
★ ရည်မှန်းချက် ပန်းတိုင်ရောက်ပြီလား။ မဟုတ်သေးဘူး။
☆ တစ်ချို့ ဒကာမကြီးတွေက တရားစစ်တဲ့အခါ ပြောတယ်။ စိတ်ထဲမှာ မုဒိတာဖြစ်အောင် ကြိုစားပါဆိုတော့ အဆင်ပြေတဲ့ဟာတွေ အကုန်လုံး လိုက်တွေးခိုင်းတာ။ (ဒီနေ့ နေ့ခင်းပိုင်းလုပ်ခိုင်းမယ့်ဟာပေါ့။)
★ တွေးရင်းတွေးရင်းနဲ့ စိတ်က ဘယ်ရောက်သွားလဲဆိုတော့ သူ့ရဲ့ ညီမက မြေးတွေ ရှိတယ်။ သူကျတော့ မြေးမရသေးဘူးတဲ့။ အဲ့ဒါကျတော့ မပျော်နိုင်သေးဘူးတဲ့။ တပည့်တော် မြေးမှ မရသေးတာတဲ့။
★ အဲ့ဒီတော့ ဂိုးတိုင်တွေ ရွှေ့ခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အကျင့်လည်းပါတယ်။ ဂိုးတိုင်ရွှေ့တဲ့ အကျင့်ပဲ ပါသွားတယ်။
ဂိုးတိုင် ဘယ်နေရာထားရမယ်ဆိုတာ မသေချာသေးဘူး။
အဲ့ဒီတော့ အခုဟာက ရည်မှန်းချက်ပန်းတိုင်ကို ရောက်သည်အထိ စောင့်ဖို့မလိုဘူး။ ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ခရီးက မိုင်ရှစ်ဆယ်ဝေးတယ်ဆိုရင်၊ အဲ့ဒီ မိုင်ရှစ်ဆယ်ရောက်အောင် celebarate လုပ်တာမျိုး၊ အဲ့လောက်အထိ စောင့်ဖို့ မလိုဘူး။
🔯 ဒီ သွားနေတဲ့ ခရီး.. လှမ်းတိုင်း လှမ်းတိုင်း၊ ခြေလှမ်းတိုင်းမှာ ပျော်ရွှင်နိုင်ဖို့ပဲ။
★ မိုင်ရှစ်ဆယ်ရောက်တဲ့အခါမှ ပျော်ရွှင်တဲ့ပုဂ္ဂိုလ်က မိုင်ရှစ်ဆယ်လုံး သူက လမ်းလျှောက်နေတယ်။ သူ့စိတ်က လျှောက်နေတဲ့ လမ်းပေါ်မှာ မရှိဘူး။ ဘယ်ပဲရှိလဲဆိုတော့ ရည်မှန်းချက်ပန်းတိုင်ဆီပဲ စိတ်ရောက်နေတယ်။ အဲ့ဒါကို result-orientated mind ခေါ်တယ်။ ရလာဒ်က အုပ်စိုးနေတဲ့စိတ်။ ရလာဒ်ဆီကိုပဲ စိတ်ရောက်နေတယ်။
★ B.A လေးနှစ်၊ B.Sc လေးနှစ်လုပ်တဲ့ ကျောင်းသားဆိုရင် လေးနှစ်ကြာတဲ့အခါမှ သူက ပျော်ရွှင်ခွင့်ရတယ်။
ဒီဝိပဿနာသင်ပေးတဲ့ဟာက ပစ္စုပ္ပန်တည့်တည့်မှာဆိုတော့ လေးနှစ်လုံးလုံး သူ celebrate လုပ်နိုင်တယ်။ lecture သွားတာကို celebrate လုပ်နိုင်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့တာကို celebrate လုပ်နိုင်တယ်။ ကော်ဖီဆိုင်သွားတယ်။ celebrate လုပ်နိုင်တယ်။ ကျောင်းနေပြီးတော့ အချိန်တိုင်းမှာ သူ celebrate လုပ်နိုင်တယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် ဘာလိုအပ်လဲဆိုတော့ auto mind အကြောင်း သိဖို့ လိုအပ်တယ်။
Auto mind က ဂိုးတိုင်မသေချာသေးတဲ့ သူတွေအတွက်၊ ဂိုးပေါက် မသေချာသေးတဲ့ သူတွေအတွက်။ ဂိုးပေါက်ခဏ ခဏရွှေ့နေတဲ့ သူတွေအတွက် auto mind က အန္တရာယ်များပါတယ်။ အန္တရာယ်များတယ်။
ဒါ Psychology အရ ပြောပြတာ။ အဘိဓမ္မာအရ ပြောပြရင်လည်း ဒီအတိုင်းပါပဲ။ အနောက်တိုင်း Psychology အနေနဲ့ သူတို့ auto mind အကြောင်း၊ အော်တိုစိတ်အကြောင်း ၁၉၆၀လောက်ကတည်းက စပြီးတော့ စရေးလာကြတယ်။ စ ပြောလာကြတယ်။ ဒါ ခေတ်အနေနဲ့ Psychology မှာပြောတာ။ ဗုဒ္ဓအဘိဓမ္မာကတော့ ဒီအကြောင်းပြောလာတာ နှစ် ၂၆၀၀ရှိပြီ။
ဆက်ရန်...

No comments:

Post a Comment