" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, February 12, 2016

Emotion Management




Emotion Management
=============
(ကိုယ့်ကိုယ် အပြစ်တင်ခြင်း)
=============

ဘုန်းဘုန်းနဲ့ နီးစပ်တဲ့သူတွေထဲမှာ ကလေးတွေ အလိုမကျ ဖြစ်တတ်တာကို အကြိမ်ကြိမ် တွေ့ဖူးတယ်။ အဲ့ဒါတွေကို Emotion ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် "Negative Emotion" က လွှမ်းမိုးနေတာ။ အကုန်လုံးကို dominate လုပ်နေတဲ့အခါကျတော့ လောကကြီးကို ကြည့်တဲ့ "window" ဒီပြတင်းပေါက်ပေါ့။ အကုန်လုံး Negative ဖြစ်သွားတယ်။ ဒါ့ကြောင့် Negative Emotion ကို ရင်ဆိုင်ဖို့ အရေးကြီးပါတယ်။

★ သူများကို အပြစ်တင်တဲ့ဟာနဲ့ ကိုယ့်အပြစ်တင်တဲ့ဟာ။
ဒါလေး ပြောချင်တယ်။ ဓမ္မစကြာသုတ်ထဲမှာ မြတ်စွာဘုရားဟောထားတဲ့ အစွန်းနှစ်ခုဆိုတာ ရှိတယ်။ Negative Emotion ဖြစ်တဲ့ထဲမှာ ပထမအစွန်းတစ်ခုက

★ သူတစ်ပါးကို အပြစ်တင်ပြီးတော့ ကိုယ်လုပ်တာဟုတ်တယ်ဆိုပြီး ကိုယ့်ကိုယ် အလိုလိုက်တာ။ ဒါ လက်ယာ အစွန်းရောက်တယ်။ ကာမသုခလ္လိကာ နုယောဂေါ ကိုယ့်ကိုယ် အလိုလိုက်တာ။

★ နောက်တစ်ခုကတော့ သူများကိုတော့ အပြစ်မတင်ဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အပြစ်တင်တယ်။ ဖြစ်လာတဲ့ဟာတွေ ငါဘာလို့သွားလုပ်တာပါ။ ဒီဟာလုပ်တာပါ။ ဒီနေရာ ဘာလို့လာပြီးလုပ်တာပါ။ ဒီလူနဲ့ ဘာကြောင့် လုပ်တာပါနဲ့ ကိုယ်က ပြန်ပြီးတော့ undo လုပ်လုပ်နေရတဲ့ဟာတွေ၊ ပြန်ပြီးတော့ နောက်ကြောင်းပြန်လို့မရတဲ့ဟာတွေ။ အဲ့ဒါတွေကိုတွေးပြီးတော့ နောင်တတွေဖြစ်၊ ကိုယ့်ဟာကိုယ် အပြစ်တွေတင်နေတာ။

အမေရိကားက သူဌေးကြီးတစ်ယောက်က စီးပွားရေးလုပ်ရင်းလုပ်ရင်းနဲ့ မီလျံနာဖြစ်နေပြီ။ တစ်နေ့ကျတော့ ဘာသွားစဉ်းစားမိလဲဆိုတော့ ဟိုနေရာလေးမှာတဲ့ .. "ဘက်စ်ကား"ဆိုပါတော့ ။ အဲ့ဒီဘယ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ရင် ဒီကနေ့ဆိုရင် အကျိုးအမြတ်က ဘယ်လောက်ရှိနေပြီ။ ငါ မလုပ်လိုက်မိတဲ့ အတွက်ကြောင့် ဒီခုနစ်နှစ် အတွင်းမှာ၊ ရှစ်နှစ်အတွင်းမှာ ပိုက်ဆံ ဘယ်လောက်ထိ ဆုံးရှုံးသွားတယ်ဆိုပြီး မရင်းနှီးလိုက်ရတဲ့ဟာ၊ မလုပ်လိုက်ရတဲ့ဟာ။ အဲ့ဒါကို အကြောင်းပြုပြီးတော့ သူက နောင်တတွေ ဖြစ်တယ်။ သူ့ကိုယ်သူ ပြန်အပြစ်တင်တယ်။ အဲ့ဒါကို တွေးရင်းတွေးရင်းနဲ့ auto mind ၀င်လာတဲ့အခါကျတော့ နောက်ပိုင်း အိပ်မရတော့ဘူး။

စိတ်ဆရာဝန်ဆီရောက်သွားတယ်။ အဲ့ဒါနဲ့ စိတ်ဆရာဝန်ကသူ့ကို ဘယ်လိုပဲပြောပြော

" ဒီဆရာဝန်က ငါ ပြောတဲ့ စီးပွားရေးလုပ်ကွက်မှ သူကမှ မသိတာ။ သူကမှ တန်ဖိုးမသိတာ" ဆိုပြီး ဆရာဝန်ပြောတာကို သူက နားမထောင်ဘူး။ အဲ့ဒါနဲ့ နောက်ပိုင်းကျတော့ သူ အိပ်မနိုင် စားမရ အဲ့လိုဖြစ်ပြီး နောက်ဆုံးကျတော့ ဘာလေး သွားတွေ့တုန်းဆိုတော့.. သူက စာဖတ်တဲ့သူဆိုတော့ ဓမ္မပဒထဲက မြတ်စွာဘုရားဟောထားတဲ့ စာသားလေး..

★ အတိတ်ကိုလည်းပဲ ပြန်ပြီးတော့ နောင်တမဖြစ်နဲ့။
★ အနာဂတ်အတွက်လည်း မပူပန်နဲ့။
★ ပစ္စုပ္ပန်တည့်တည့်နေပါ။
ဒီလို လုပ်မှ စိတ်ချမ်းသာမယ်။

ဒါ သက်သေ သာဓက သုတ်ထဲမှာလည်း ရှိပါတယ်။ အဲ့ဒီတော့ အခု Negative Emotion ကို ကိုင်တွယ်တယ်ဆိုတာက

★ အလုပ်ဘယ်လောက်ပဲ များများ ပစ္စုပ္ပန်တည့်တည့်မှာ center လုပ်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် ကိုယ့်စိတ်ကိုယ် Center လုပ်နေရမယ်။ ကိုယ့်ရဲ့ အတွေးကို Center လုပ်နိုင်ရမယ်။ ကိုယ့်ရဲ့ Emotion ကို Center လုပ်နိုင်ရမယ်။ ဒါလေး လေ့ကျင့်ပေးရမယ်။

အဲ့လို မဟုတ်ဘူးဆိုရင် ဒီ အရင်းအနှီး မလုပ်လိုက်ရတဲ့ အဲ့ဒီစီးပွားရေးမှာ အမြတ်အစွန်း မရလိုက်တဲ့အတွက်ကြောင့်မို့လို့၊ သူ နောင်တတွေဖြစ်ပြီးတော့ Negative အတွေးတွေပဲ ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ သူမီလျံနာ ဖြစ်နေတယ်ဆိုတာ မေ့သွားတယ်။ သူ့မှာ တိုက်တွေအများကြီးရှိတယ်။ ကားတွေ အများကြီးရှိတယ်။ အလုပ်သမားတွေ အများကြီးရှိတယ်။ ၀င်ငွေတွေ အများကြီးရှိတယ်။ သူမေ့နေတယ်။

========

ဘုန်းဘုန်း Oxford မရောက်ခင် London မှာနေတုန်းက Sunday School လုပ်တော့ ကလေးတွေနဲ့ စကားပြောတဲ့အခါ ကလေးတွေက သူတို့ဖြစ်ချင်တဲ့ဟာတွေကို သူတို့ကပြောပြတယ်။ "အရှင်ဘုရား တပည့်တော် ဘာမှမလုပ်ချင်ဘူး။ Bill Gates လိုပဲတဲ့။ Bill Gates က ဒီမှာ တစ်နေ့ကို ၀င်ငွေဘယ်လောက်ဝင်တယ်။ အဲ့ဒါကို တစ်နာရီနဲ့ဆိုရင် ဘယ်လောက်ဝင်တယ်။ တစ်မိနစ်ဆိုရင် ဘယ်လောက်ဝင်တယ်။ ကလေးက အဲ့လို တွက်တာပေါ့။ အဲ့ဒါနဲ့ သား "ဘာဖြစ်ချင်တာတုန်း"ဆိုတော့ သူ့လို။ Bill Gates လို ဖြစ်ချင်တာတဲ့။ သူ့လိုဖြစ်ချင်တာတော့ ဟုတ်တယ်။

အဲ့လို Ambition ရှိနေတယ်။ ဒါပေမယ့် တစ်ဖက်က ပစ္စုပ္ပန်တည့်တည့်မှာ ဒီကလေး သူလုပ်ရမယ့်အလုပ်ကို သူသိရမယ်။ Bill Gates က နေ့ချင်းညချင်း Bill Gates ဖြစ်လာတာ မဟုတ်ဘူး။

Bill Gates က သူ လူတွေကို အလုပ်ပေးတယ်ဆိုရင် ပထမဆုံးမေးတဲ့မေးခွန်းက
ဘာအမှားလုပ်ခဲ့တုန်းတဲ့။ အဲ့ဒီအမှားကို ဘယ်လိုဖြေရှင်းခဲ့တုန်းတဲ့။ သူက အဲ့ဒါမေးတာ။

အဲ့ဒါသူသဘောကျပြီဆိုရင် အဲ့ဒီလူကို သူအလုပ်ပေးလိုက်တာပဲတဲ့။ သူအဓိက မေးတဲ့မေးခွန်းပေါ့။
Bill Gates က University လည်း မတက်ခဲ့ရဘူး။ ဒီလိုနဲ့ ဖြစ်လာတဲ့ ပုဂ္ဂိုလ်။ အဲ့ဒီတော့ ဆိုလိုချင်တာကတော့

★ ဒီ Negative Emotion ဆိုတာ သူဖြစ်ပြီဆိုရင်
စိတ်ကို အတိတ်မှာပဲနေခိုင်းတယ်။
ဒီဟာက သိဖို့ သိပ်အရေးကြီးတယ်။ စိတ်ကို အတိတ်မှာပဲ နေခိုင်းတယ်။

ဒီနေ့ တနင်္ဂနွေနေ့။ ၃၁ ရက်နေ့။ မနက် ၉း၃၀။ ဒါ ပစ္စုပ္ပန်။ မနေ့က အကြောင်း တွေးနေတယ်။ မနေ့က အကြောင်းပဲ စိတ်က Auto Mind နဲ့ မနေ့ကအကြောင်းပဲ အဲ့ဒီကို ခဏခဏ ရောက်ရောက်သွားမယ်ဆိုရင် ဒါ ငါ့မှာ Emotional Issue ရှိသလားလို့ ကိုယ့်ကိုယ် ပြန်ဆန်းစစ်ပါ။ Emotion အကြောင်း ရှိသလား။ ဒီ Emotion က ကိုယ့်ကိုယ် မကျေနပ်တဲ့ဟာလား။ သူများကို မကျေနပ်တဲ့ဟာလားဆိုတာ ပြန်ပြီးတော့ ကြည့်ပါ။
 

Emotion Management (၂)
===================

ကိုယ့်အတွက် Negative emotion အားလုံးရဲ့ အရင်းခံကတော့၊ အကြောင်းရင်းကတော့ ဒီ ဓမ္မစကြာထဲမှာ မြတ်စွာဘုရားဟောထားတဲ့ (ပါဠိလို နည်းနည်းရွတ်ခွင့်ပေးပါ။) "ယံမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ" - လိုချင်တာ မရတာပေါ့။

★ လူတစ်ယောက် ၊ အမေက သားကို ဒီပုံစံမျိုးဖြစ်စေချင်တယ်။ သားက ဒီပုံစံမျိုးမဖြစ်ဘူး။ ဆံပင်က နည်းနည်းတိုနေတယ်။ နည်းနည်းရှည်နေတယ်။
စကားပြောတာ ဒီလိုဖြစ်နေတယ်။ အ၀တ်အစားဝတ်တာ ဒီလိုဖြစ်နေတယ်ဆိုပြီး အမေက သားကို သူ့အရှိကို အရှိအတိုင်း လက်မခံဘူး။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ရာနှုန်းပြည့် ဖြစ်စေချင်နေတယ်။ တချို့ဟာတွေက အမှား၊ အမှန်နဲ့လည်း ဘာမှ မပတ်သက်ဘူး။ တစ်ချို့ဟာတွေက Preference နဲ့ ပတ်သက်တယ်။

★ ဒီကနေပြီးတော့ ရွှေတိဂုံကို သွားတယ်။ ဆယ့်ငါးမိနစ်နဲ့မှန်းထားတယ်
တစ်နာရီကြာသွားတယ်ဆိုရင်၊ ဒါ လေးဆယ့်ငါးမိနစ် ပိုပြီးတော့ အချိန်သုံးရတဲ့အတွက်ကြောင့်မို့ အဲ့ဒီအချိန်မှာ Negative Emotion ဖြစ်လာတာကို
ကိုယ် Manage မလုပ်နိုင်ဘူး။ စီမံခန့်ခွဲမှု မလုပ်နိုင်ဘူး။

★★ Negative Emotion ရှိလာတာကို ရှိမှန်းမသိလိုက်ဘူးဆိုရင်
လမ်းပေါ်ကလူတွေကို အကုန်လုံး Negative မြင်တယ်။ အဆိုးမြင်တယ်။

★ ရွှေတိဂုံဘုရားမှာ သဒ္ဓါတရားနဲ့ သွားပြီးတော့ ဘုရားဖူးတဲ့သူတွေလို့
အဲ့ဒီအလှအပလေးတွေ မမြင်တော့ဘူး။
ရွှေတိဂုံဘုရားကို ဒီလိုနှစ်ပေါင်း ရာနဲ့ချီပြီးတော့ လူတွေ သဒ္ဓါတရား၊ လူအင်အား၊ သဒ္ဓါအင်အား၊ ပစ္စည်းအင်အား၊ စိတ်ဓာတ်အင်အား၊ ဒီအင်အားတွေ
စုပြီးတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဒီလိုဖြစ်အောင် ကြည်ညိုစရာကောင်းအောင် လှူဒါန်း၊ လုပ်ကိုင်၊ စောင့်ရှောက်လာတာ။
အဲ့ဒီအလှအပတွေကို မမြင်တော့ဘူး။

★★ အပြင်က အလှအပမမြင်တာ ဘာကြောင့်မမြင်တာလဲဆိုတော့
အထဲက အလှအပကို ကိုယ်မမြင်လို့။

★ ဒါ့ကြောင့် ပထမဆုံး မိမိဘ၀ရဲ့ အလှမြင်အောင် ဆိုပြီးတော့ Positive Emotion တည်ဆောက်ပုံ၊ တည်ဆောက်နည်းလေး ပြောခဲ့ပြီးပြီ။
ဒါပေမယ့် ဒီ Positive Emotion က သူက ဘာနဲ့တူသလဲဆိုတော့
ဒီလို နှင်းဆီပန်းလေးတွေနဲ့ တူတယ်။ ဒီ နှင်းဆီပန်းလေးတွေ ပွင့်လာအောင်ဆိုရင်၊ ဒီ weeds မြန်မာလိုပြောရင် ပေါင်းသင်ပေးရတယ်။
ဒီ မြေပေါ်မှာရှိတဲ့ သူ့ရဲ့မြေသြဇာကို လာပြီးတော့ အသုံးပြုနေတဲ့ Negative Emotion တွေ အများကြီးရှိတယ်။ ဒေါသဖြစ်တယ်ဆိုရင် အရမ်း Exhausted ဖြစ်တာ။ တစ်ခုခု စိတ်တိုင်းမကျတော့ဘူးဆိုရင် အရမ်းစိတ်ညစ်တယ်။
ထမင်းစားခါနီးဆိုရင် မစားနိုင်တော့ဘူး။
အိပ်ခါနီးဆိုရင်လည်း အိပ်မပျော်တော့ဘူး။
ဘုရားသွားခါနီးဆိုလည်း အာရုံမစိုက်နိုင်တော့ဘူး။
စာဖတ်ခါနီးဆိုလည်း စာထဲ စိတ်မရောက်တော့ဘူး။ ထည့်မရတော့ဘူး။
အဲ့လိုတွေ ဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အင်္ဂလိပ်ဆိုရင် Passion ဆိုတာက သူက အရမ်း.. စိတ်ရဲ့ အင်အားကို သူက အရမ်း စုပ်ယူသွားတယ်။

★ ဒါကြောင့် ဒီ Negative Emotion Management မှာ ပထမဆုံး
ဒီ Negative Emotion သူအရှိကို အရှိအတိုင်း လက်ခံနိုင်ရမယ်။ ဒါက စိတ်ညစ်နေတာ။ "စိတ်ညစ်တယ်ဆိုတာ ဒါလေးကို ပြောတာ" ဆိုပြီး
အဲ့ဒီ စိတ်ညစ်တာလေးကို လက်ခံ၊ စိတ်ညစ်တာလေးနဲ့ နေနေ။

★ ဒေါသဖြစ်တယ်ဆိုရင် "ဒေါသဖြစ်နေတာ၊ ဒေါသဆိုတာ ဒီဟာပဲ"ဆိုပြီး
အဲ့ဒီဒေါသနဲ့အတူနေလိုက်။ ဒေါသကို ကြည့်နေလိုက်။
ကြည့်တဲ့အခါမှာလည်းပဲ အကောင်းအဆိုး မဝေဖန်နဲ့။ ဒေါသပဲ။
အကောင်းအဆိုးမဝေဖန်နဲ့။ အကြည့်နဲ့ ကြည့်ပေးပေါ့။
အကြည့်နဲ့ ကြည့်ပေး။ ဒီလို Negative Emotion တွေ အရေးကြီးတယ်။
 

Emotion Management (၃)
===================
(Negative emotion နှင့် ရင်းနှီးအောင်လုပ်ခြင်း)
===================
ပထမဆုံး ဆယ်မိနစ်လောက်၊ ဆယ့်ငါးမိနစ်လောက် တရားထိုင်ကြည့်မယ်။

တရားထိုင်တဲ့အခါမှာ ပထမဆုံး မိမိကိုယ်ကို ကိုယ်စိတ်ညစ်တဲ့ဟာတွေ
★ ဘာကြောင့်စိတ်ညစ်တတ်တာတုန်း
★ Frustration ဖြစ်တယ်၊ ဒေါသဖြစ်တယ်။ ဘာကြောင့်ဖြစ်တတ်တာတုန်း။

အိမ်ဆောက်တဲ့သူ၊ အင်္ဂလန်မှာဆိုရင်တော့ အလုပ်သမားတွေနဲ့ စိတ်ညစ်ရတယ်။ အဲ့ဒါတော့ နေရာတိုင်းပဲ။ အိမ်ဆောက်တဲ့သူဆိုရင် အိမ်ဆောက်တဲ့သူ၊ ကျောင်းသားဆိုရင် ကျောင်းသား၊ အိမ်ရှင်မဆိုရင်အိမ်ရှင်မ၊ ကားဆရာဆိုရင်လည်း ကားဆရာ၊ ကိုယ့်ကို စိတ်ညစ်စေတဲ့ဟာ။
အဲ့ဒါလေး တစ်ခုကို ပြန်တွေး။

(၁) အဲ့ဒီ Emotion လေးကို ပြန်ပြီးတော့ In touch လုပ်ပါ။
ဒီဟာလေး အရေးကြီးတယ်။

မဟုတ်ရင် ဒီ Emotion က သူစိမ်းလို ဖြစ်နေတယ်။
သူနဲ့ ဆက်သွယ်လို့ မရဘူး။ ဖြစ်တာက ကိုယ့်ရင်ထဲမှာ ဖြစ်တာပဲ။ ဒါပေမယ့် ဒီ Emotion နဲ့ ကိုယ်က ဆက်သွယ်လို့ မရဘူး။ ဆက်သွယ်လို့ မရတော့ ဒီ Emotion က သူစိမ်းလို ဖြစ်နေတယ်။ သူစိမ်းနဲ့ နေရတဲ့သူဟာ အရမ်း Tense ဖြစ်တယ်။ စိတ်ထဲမှာ တင်းမာတာ။

★ ကိုယ့်ရင်ထဲမှာရှိတဲ့ ကိုယ်မကြိုက်တဲ့ စိတ်တွေ၊ ဒေါသဖြစ်တဲ့စိတ်တွေ၊
မလုံမခြုံ ဖြစ်တဲ့ Insecure Feeling တွေ၊ ကြောက်တဲ့စိတ်တွေ၊
အဲ့ဒီစိတ်တွေကို သူ့အရှိကို အရှိအတိုင်းကြည့်။ ဒါ နံပါတ်တစ်အဆင့်။

(၂) ဒုတိယအဆင့်ကျတော့ ကြည့်လို့ တွေ့လိုက်ပြီဆိုရင် စိတ်က Auto Reaction က ဘာတွေလာတုန်း။
Auto Reaction က သူများကို အပြစ်တင်တာလား။
ကိုယ့်ကိုယ် အပြစ်တင်တာလား။
အဲ့ဒါလေး ကြည့်။
ရှိတယ်ဆိုရင် အဲ့ဒါလေးကိုလည်းပဲ Register လုပ်လိုက်ပါ။

မနေ့ကပြောတဲ့ Register ၊ Release and Retain.

★ Register (သိအောင်လုပ်လိုက်ပါ။)
ဒီဟာပဲဆိုတာ အဲ့ဒါလေးကို မှတ်ထားလိုက်၊ သိလိုက်။ မြန်မာလိုပြောတာတော့ တရားမှတ်တယ်ပေါ့။ မှတ်လိုက်။ Register လုပ်လိုက်တယ်။

★ ပြီးရင် Release ဆိုတာ သူ့ကို လွှတ်လိုက်တာ။
စိတ်ကို Train လုပ်ပေးရမယ်။ စိတ်ကို သင်ပေးရမယ်။ လွှတ်လိုက်ပါ။

အသိအမှတ်ပြုလိုက်၊ ပြီးတော့ လွှတ်လိုက်။
အသိအမှတ် မပြုဘူးဆိုရင် မလွှတ်နိုင်ဘူး။

ပထမဆုံးအား ဖြစ်တဲ့ Register မလာဘဲနဲ့
ဒုတိယဖြစ်တဲ့ release က မလာနိုင်ဘူး။ ပထမဆုံးဖြစ်တဲ့အားပေါ့။
အဲ့ဒါကို သတိလို့ခေါ်တယ်။
ဒီလို လွှတ်တဲ့ဟာကိုကျတော့ ပညာလို့ခေါ်တယ်။ လွှတ်လိုက်တာ။
နောက်ပြီးတော့ မူလအာရုံဆီ ပြန်သွားတယ်။ ပြန်သွားပြီးတော့ စိတ်ကို stable ဖြစ်အောင် stabilize လုပ်တယ်။ အဲ့ဒါ သမာဓိခေါ်တယ်။

★★ သတိရယ်၊ ပညာရယ်၊ သမာဓိရယ် ဒီအင်အားတွေ အသုံးပြုတယ်။

#ပထမဦးဆုံး မိမိရဲ့ဒီစိတ်ညစ်တဲ့ဟာလေးတွေ၊ ဒီနေ့ပဲဖြစ်ဖြစ်၊
မနေ့ကပဲဖြစ်ဖြစ်၊ ဒီအပတ်ဖြစ်ဖြစ်၊ အရင်အပတ်ကပဲဖြစ်ဖြစ်၊ ဒီလဖြစ်ဖြစ်၊ အရင်လဖြစ်ဖြစ် တစ်ခုပေါ့။ အရင်နှစ်ကပဲ ဖြစ်ဖြစ် တစ်ခုပေါ့။

#ဒုတိယဟာကျတော့ မိသားစု ထဲက တစ်ယောက်ပေါ့။
သူစိတ်ညစ်တဲ့ဟာလေး အဲ့ဒါကို သူ့ရဲ့ Negative Emotion နဲ့ in touch
ဖြစ်အောင် ကြိုးစားတယ်။
ဒီဟာလေးနဲ့ စိတ်ညစ်နေတယ်။
အဖေက စိတ်ညစ်နေတယ်။ အမေက စိတ်ညစ်နေတယ်။
အစ်ကို အစ်မတွေ စိတ်ညစ်နေပြီ။ တစ်ယောက်ယောက်ပေါ့။
ကိုယ့်သားသမီး စိတ်ညစ်နေတယ်။
အဲ့ဒီဟာကို အကောင်းဆုံး မဝေဖန်ဘဲနဲ့ "သူက မှ အသုံးမကျတာ ဘာညာ၊
ပြောရင်လည်း နားမထောင်ဘူး။" အဲ့လိုစိတ် Auto Reaction ပေါ်လာရင် အဲ့ဒါလေးကို Register လုပ်လိုက်ပါ။
ဘာလို့လဲဆိုတော့ စိတ်က အပြစ်တင်နေတယ်။ အကြောင်းတွေ ပြနေတယ်။ Register လုပ်လိုက်။
ပြီးရင် Release လုပ်လိုက်။
ပြီးရင် Retain လုပ်လိုက်။

#နောက်တစ်ယောက်ကျတော့ သူငယ်ချင်း။
စိတ်ညစ်တဲ့သူငယ်ချင်းလိုက်ရှာ။ မရှိဘူးဆိုရင်ပြော။
ဘုန်းဘုန်းမှာ အများကြီးရှိတယ်။ မျှပေးမယ်။ (ရယ်လျက်)
အဲ့ဒီဟာလေး စိတ်ညစ်တာလေးကို in touch လုပ်ပါ။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ သူ့နေရာ ၀င်ထိုင်ကြည့်ပါ။
ကိုယ်ချင်းစာဖို့၊ သူ့ရဲ့ ဝေဒနာ တစ်မိနစ်၊ နှစ်မိနစ်လောက် ခံစားကြည့်ပါ။

ဘာမှ အကြောင်းပြစရာမလိုဘူး။ ဘာကြောင့် သူစိတ်ညစ်တာ၊ အဲ့လိုလည်း သွားပြီးတော့ တွေးဖို့မလိုဘူး။ အခုလိုအပ်တာက သူခံစားနေရတာကို ကိုယ်က တတ်နိုင်သလောက် ၀ိုင်းပြီးတော့ ခံစားပေးဖို့ပဲ။

သူ စိတ်ညစ်နေတယ်။ ပြီးရင် ကိုယ့်ဆီပြန်လာ။

★★ ဆယ်မိနစ်လောက် တရားထိုင်မယ်။
ဝင်လေ၊ထွက်လေ ကျကျ နန ရှူ ရှိုက်ပါ။
ခန္ဓာကိုယ် ပင်ပန်းတယ်ဆိုရင် ပင်ပန်းတာကို လက်ခံ။ ရန်မဖြစ်နဲ့။
ပင်ပန်းတဲ့ ခန္ဓာကိုယ်နဲ့ ရန်မဖြစ်နဲ့။
ပင်ပန်းတဲ့ ခန္ဓာကိုယ်ကို မေတ္တာရှေ့ထားပြီးတော့ ကြည့်။
ပြီးတော့ ၀င်လေ ထွက်လေ ကျကျနန ရှူ ရှိုက်ပေး။

★ ဒီ ပြီးခဲ့တဲ့ အကြောင်းအရာတွေ ပြန်တွေးပြီးတော့
Negative Emotion တစ်ချို့နဲ့ ပိုပြီးရင်းနှီးအောင်လုပ်တဲ့ဟာ။
ရင်းနှီးရင် သိပ်ကြောက်စရာမလိုဘူး။
မရင်းနှီးဘူးဆိုရင် ကိုယ့်ရဲ့ရင်ထဲမှာ၊ ကိုယ့်ရဲ့ နှလုံးသားထဲမှာ ဖြစ်တဲ့ Emotion ကို တောင်မှ ကိုယ်က ဘယ်လို ကိုင်တွယ်ရမယ်မှန်း မသိဘူး။
ဘယ်လို Manage လုပ်ရမယ် ဆိုတာမသိဘူး။ ရင်းနှီးအာင်လုပ်တာ။ 

================
(Negative Emotion ကို မြင်အောင်ကြည့်ခြင်း)
===================

အဖြစ်များတာက ခုခေတ်မှာဆိုရင် အစည်းအဝေးတွေ တက်ကြတယ်။
တက္ကသိုလ်ဆိုရင် တက္ကသိုလ်အလျောက်၊ အတန်းကျောင်းဆိုရင် အတန်းကျောင်းအလျောက်၊ ကုမ္ပဏီဆိုရင်လည်း ကုမ္ပဏီအလျောက်၊ ဘာသာရေးအသင်းအဖွဲ့ဆိုရင် ဘာသာရေးအသင်းအဖွဲ့။ လူမှုရေးအသင်းဆိုရင် လူမှုရေးအသင်း။ ဒီလိုပဲ အစည်းအဝေးတွေလုပ်တာ။

★ မြတ်စွာဘုရားကလည်းပဲ ဘာမှာထားတုန်းဆိုတော့ သံဃာတော်တွေကို အစည်းအဝေး မကြာမကြာ လုပ်ကြ။ အစည်းအဝေးတက်ကြ။
★ အစည်းအဝေးမပြီးခင် မလေးမစားနဲ့ ထ သွားတာမျိုး မလုပ်နဲ့တဲ့။
★ တိုင်တိုင်ပင်ပင်ရှိကြဆိုပြီးတော့ မှာထားတယ်။
ဒါ့ကြောင့်မို့လို့လည်းပဲ သာသနာတော်ကြီးက နှစ်ပေါင်း၂၆၀၀၊ ကမ္ဘာပေါ်မှာ တည်ရှိတာ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းပဲ။
ဒီလိုတည်ရှိလာတာ လွယ်လွယ်ကူကူတော့မဟုတ်ဘူး။
အစည်းအဝေးတက်ဖူးတဲ့သူတိုင်း သိတယ်။

★ ဒါက ဘာတုန်းဆိုတော့ အစည်းအဝေးတက်တယ်ဆိုရင် လူတွေ ပြောကြတယ်။ ကိုယ်ပြောတဲ့ အချိန်လည်းရှိတယ်။ သူများပြောတဲ့ အချိန်လည်းရှိတယ်။ သူများပြောလိုက်တဲ့ဟာ ကိုယ်နဲ့သဘောမတူ၊ အမြင်ချင်း မတိုက်ဆိုင်ဘူးဆိုရင် စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။
★ စိတ်ထဲမှာ တင်းမာသွားတယ်။ တင်းမာသွားတယ်။

★ အဲ့ဒီအချိန်မှာ "ငါ့ရဲ့အမြင်၊ သူတို့က လက်မခံဘူး" ဆိုပြီး ကိုယ့်စိတ်က အဲ့လို Auto Reaction ချက်ချင်းဝင်တယ်။ အဲ့လို ၀င်ပြီးရင် ကိုယ်ကိုယ် အဲ့မှာ ထိုင်နေရတာ Insecure ဖြစ်တယ်။ မလုံခြုံဘူး။
"ငါ့ကို လေးစားတဲ့ဟာ၊ သူတို့က မလေးစားတော့ဘူး"။
"ငါပြောတဲ့အတိုင်း အရင်တုန်းက လက်ခံတယ်။ အခုလက်မခံဘူး"။
ဒါမှ မဟုတ်ရင်လည်း "ငါပြောတာ တခါမှ လက်မခံဘူး" ဆိုပြီးတော့ ဒီလို
ကိုယ်ပြောတာ တစ်ခါမှ လက်မခံရဖူးတဲ့သူကလည်းပဲ သူ့ဟာသူ #အားငယ်တယ်။ ဒါ Inferior Complex ။ Complex Feeling။ ပါဠိလိုဆိုရင် ဟီနမာန်ခေါ်တာပေါ့။ အဲ့ဒီအတွေးတွေဝင်တယ်။ ဒါလည်း Negative Emotion တစ်မျိုးပဲ။

★ ကိုယ်ပြောတဲ့ဟာ အမြဲတမ်း သူများတွေ လက်ခံတယ်။
ဒီတစ်ကြိမ် လက်မခံဘူးဆိုတာနဲ့ အဲ့ဒီဆရာကြီးကလည်း ဒီလိုပဲ စိတ်ထဲမှာ တင်းမာသွားတာပဲ။ အဲ့ဒါကျတော့ဒါ Superior Complex။ Complex Feeling။ သေယျမာန်ခေါ်တယ်။ ဒီဟာတွေက အနာဂါမ်ဖြစ်တဲ့အခါမှ သူက ပယ်နိုင်တာ။ ဒီ ပုထုဇဉ်အနေနဲ့ ရှိနေတုန်းကတော့ ဒီဒုက္ခနည်းအောင်ပဲ လုပ်နိုင်တယ်။ Manage လုပ်ရတာပေါ့။ အမြစ်ပြတ်အောင် မကုနိုင်ဘူး။ ဒါနဲ့ ထိန်းထားနိုင်တယ်။ ဒုက္ခမဖြစ်သင့်တာတွေ မဖြစ်အောင် ထိန်းထားတယ်။

★ ဒါ့ကြောင့် ဒီ နောက်တစ်ကြိမ်လုပ်မယ့် Exercise က ဒါလေးက ဘယ်လိုလုပ်မလဲဆိုတော့
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကုမ္ပဏီထဲမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်နယ်ပယ် လူမှုရေးအသင်းအဖွဲ့ထဲမှာ ဖြစ်ဖြစ်..

★ ★ ကိုယ်နဲ့ အမြင်ချင်းမတူတဲ့တစ်ယောက်က သူ့ရဲ့ အတွေးအမြင်တွေကို ပြောပြတယ်။ သူ့ရဲ့ သူလုပ်ချင်တဲ့ဟာတွေကို ပြောပြတယ်။
အဲ့ဒီအချိန်မှာ မိမိဆီမှာရှိတဲ့ Reaction အဲ့ဒါတွေကို ပြန်စဉ်းစားပါ။
ပြန်စဉ်းစား။ အဲ့ဒါကို ပြန်ပြီးတော့ in touch ပြန်လုပ်ပါ။
Relate လုပ်တယ်ဆိုတာ ပြန်ပြီးတော့ ဆက်သွယ်တာ။
အင်္ဂလိပ်လိုပြောတာက ဆွေမျိုးလောက relate လုပ်တာ။
ပြန်ပြီးတော့ ဆက်စပ်တာ။
ကိုယ့်ရဲ့ emotion ကို ပြန်ပြီးတော့ ဆက်စပ်တာ။

● အဲ့ဒီအချိန်မှာ ဘယ်လို Tense ဖြစ်သွားတယ်။
● ဘယ်လို တင်းမာသွားတယ်။
● တင်းမာသွားပြီးတော့ နေရထိုင်ရတာ ဘယ်လိုဖြစ်တယ်။
● စကားပြောတာ ဘယ်လို တင်းသွားတယ်။
● ဘယ်လို ဒေါသအသံတွေ ပါသွားတယ်။
● နောက်ပြီးတော့ ဆက်ပြီးတော့ လူတွေကို ဘယ်လို Negative မြင်တယ်။ အဲ့ဒါလေး။

★ ကိုယ့်ဘက်က ဒီလိုပဲ။ ကိုယ်ပြောတာကို မကြိုက်တဲ့လူတစ်ယောက်။
အစည်းအဝေးထဲမှာ ကိုယ်ပြောတာကို မကြိုက်တဲ့လူတစ်ယောက်၊

သူလည်းပဲ ကိုယ့်လိုပဲ သူ့ရဲ့ Pain ၊ နာကျင်မှု ရှိတယ်။
မကြိုက်ဘူးဆိုတာနဲ့ ချက်ချင်း နာကျင်မှုဖြစ်တယ်။
မနေ့ကပြောခဲ့တဲ့ emotion အကြီးစား နှစ်ခုပဲ ရှိတယ်။
ကြိုက်တာနဲ့ မကြိုက်တာ။

★★ အခုဟာက မကြိုက်တာကို ပြောနေတာ။
မကြိုက်တာနဲ့ ပတ်သက်ပြီးတော့ နေ့စဉ်တွေ့နေရတယ်။
မကြိုက်တဲ့လူ၊ မကြိုက်တဲ့အသံ၊ မကြိုက်တဲ့အရာ၊ မကြိုက်တဲ့အစားအစာ၊
ဘယ်လောက်ပဲ ရှောင်ရှောင်၊ သူက တွေ့နိုင်ဖို့အလားအလာတွေ အများကြီး ရှိတယ်။ ဒါ့ကြောင့် ဒီ.. တွေ့တဲ့အချိန်မှာ ဒီ emotion က အကုန်လုံးကို လွှမ်းမိုးမသွားအောင်၊ ဘယ်လို manage လုပ်မတုန်း။

#အဲ့ဒီတော့ အစည်းအဝေးအတက်များတဲ့သူဆိုရင်
● အစည်းအဝေးတက်တဲ့နေရာကို စိတ်ကို ပြန်ပို့လိုက်၊
● ပြန်မြင်အောင်ကြည့်။
● နောက်ပြီးတော့ မိမိနဲ့ အမြင်ချင်းမတူတဲ့လူတစ်ယောက်ကို မြင်အောင်ကြည့်။
● သူပြောတဲ့စကား ပြန်ပြီးတော့ ကြားအောင် နားထောင်၊
● နားထောင်ပြီး မိမိရဲ့ စိတ်ထဲမှာ ဘယ်လိုနေတုန်း။
အဲဒါလေး။ မထင်ရှားသေးဘူးဆိုရင် နောက်တစ်ယောက်၊ မထင်ရှားသေးဘူးဆိုရင် နောက်တစ်ယောက်။ ဒီ အစည်းအဝေးမဟုတ်ရင် နောက်အစည်းအဝေးတစ်ခု။ နောက်အစည်းအဝေးတစ်ခု၊ အဲ့ဒီလိုကြည့်။

★ ဒီ emotion, negative emotion ကို manage မလုပ်နိုင်ဘူးဆိုရင်
မိမိမှာ အာဏာရှိလေ၊ အာဏာများလေ အန္တရာယ်များလေပဲ။

★ အာဏာမရှိရင်လည်းပဲ ဒီ negative emotion က ကိုယ့်ကိုယ်ပြန်ပြီးတော့ အန္တရာယ်ပြုနေတာ။

★ ဒါ့ကြောင့် ဒီ emotion တွေ့အောင်ရှာပါ။
● မကြိုက်တဲ့ဟာ။
● စာဖတ်လိုက်လို့ မကြိုက်တာ။
● အစည်းအဝေးထဲမှာ လူတစ်ယောက်ပြောတာကို မကြိုက်လို့ စိတ်ထဲမှာ reaction ဖြစ်တာ။
● ဒေါသဖြစ်တာ။
● အဲ့ဒီဒေါသက ဘယ်လိုဖြစ်တာ။
● အဲ့ဒီ ဒေါသထဲကို ရောက်အောင် ၀င်ကြည့်ပါ။
● ပြန်ဝင်ကြည့်ပါ။ Assess လုပ်တာပေါ့နော်။

★ ဒီလိုလုပ်ထားတယ်။ လေ့ကျင့်ထားတယ်ဆိုရင် အဲ့လို reaction တွေ ပေါ်လာတာနဲ့ ကိုယ်က ချက်ချင်း ဖမ်းမိတယ်။ ဖမ်းမမိဘူး။ သူလွတ်သွားတယ်ဆိုရင် သူ့ဟာသူ ကြီးထွားသွားတယ်။ ဒါက အစည်းအဝေးထဲမှာ။

#နောက်တစ်ခုက အစားအသောက်၊။
● ကိုယ်မကြိုက်တဲ့ အစားအသောက်တစ်ခု ပြန်ပြီးတော့ စဉ်းစားလိုက်၊
● ဆိုင်မှာ သွားစားလို့ မကြိုက်တာနဲ့၊
● မတန်ဘူးဆိုပြီးတော့ ဖြစ်ခဲ့တဲ့ အကြိမ်တွေရှိတယ်။ ပိုက်ဆံပေးရတာ မတန်ဘူး။ ဘယ်လိုဖြစ်တယ်။
● သူတို့ ဖျော်တဲ့ကော်ဖီက ဘယ်လိုဖြစ်တယ်။
● လက်ဖက်ရည်က ဘယ်လိုဖြစ်တယ်။
အဲ့ဒီဟာတွေကို ပြန်တွေးကြည့်။

★ အဲ့ဒီအချိန်မှာ reaction ဘယ်လိုရှိလဲဆိုတာ အဲ့ဒါလေး ပြန်ပြီးတော့ in touch ဖြစ်အောင်လုပ်။

♡ နံပါတ်တစ်က ပြောတာ။ နားကနေကြားတာကို react လုပ်တာ။

♡ နံပါတ်နှစ်က လျှာ၊ စားတာလေး ကို react လုပ်တာ။

♡ နံပါတ်သုံး မျက်စိ။

● လူတစ်ယောက်ကို ၀တ်ထားတဲ့အရောင်ပဲဖြစ်ဖြစ်၊
● ဒါမှ မဟုတ် သွားပုံ၊ လာပုံပဲဖြစ်ဖြစ်၊
● နေပုံထိုင်ပုံပဲဖြစ်ဖြစ်၊
● ကိုယ် စိတ်ထဲမှာ နည်းနည်း ကန့်လန့်ကန့်လန့့် ဖြစ်နေတဲ့
အဲ့ဒီတစ်ယောက်ကို ပြန်ပြီးတော့ ကြည့်။

★ သူ့ကိုကြည့်တာထက် ကိုယ့်ကိုယ် ကြည့်တာ။
သူ့ကို ကိုယ်က မှန်လုပ်ပြီးတော့ ကိုယ့်ကို ပြန်မြင်အောင်ကြည့်တာ။

သူကမှန်ပဲ။ ကြည့်မှန်။
အဲ့ဒီ ကြည့်မှန်ထဲကို ကြည့်ပြီးတော့ ကိုယ့်မျက်နှာကိုယ်
ပြန်ပြီးတော့ မြင်အောင်ကြည့်တာ။ ပြန်ကြည့်တာ။

အဲ့လို ကြည့်နိုင်တဲ့ အခါကျမှ "အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ" ဆိုတာ ။
ပညာရှိတွေက မိမိကိုယ်ကိုယ် ပြန်ပြီးတော့ မြင်တယ်။ ပြန်ပြီးတော့ ဆုံးမနိုင်တယ်။

ဒါ ကိုယ့်စိတ်ကိုယ် ပြန်ပြီးတော့ ဆုံးမတာ။
ကိုယ့်စိတ်ကိုယ် ပြန်ပြီးတော့ ဆုံးမနိုင်တဲ့ ပုဂ္ဂိုလ်ကျမှ ကျောင်းမှာဆိုရင်လည်း ကျောင်းမှာ။ အိမ်မှာ ဆိုရင်လည်း အိမ်မှာ။ ကုမ္ပဏီဆိုရင်လည်း ကုမ္ပဏီမှာ control လုပ်လို့ရတယ်။

★ အနောက်နိုင်ငံသားတွေက ဒီဟာကို အသုံးပြုနေတယ်။
စာအုပ်အကြီးကြီးရှိတယ်။ emotional intelligence, Daniel Goleman ရေးတာ။ California တက္ကသိုလ် မှာ psychologist Professor၊
ဗုဒ္ဓဘာသာလေ့လာတာ နှစ်သုံးဆယ်လောက်ရှိပြီ။ ဒီ professor ရဲ့ Emotional intelligence ကိုမ္ဘာပေါ်မှာ နာမည်ကြီး corporate တွေ ဒီစာအုပ်ကို Text Book လို အသုံးပြုတယ်။

No comments: