PAGES

Tuesday, April 5, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - B)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - B)
☆☆☆☆☆☆☆☆☆☆☆☆
🔯 Emotion (စိတ်ခံစားမှု) ဆိုတဲ့နေရာမှာ ထင်ရှားအားကောင်းတဲ့ စိတ်ခံစားမှုမျိုးလို့ အနောက်တိုင်းလူတွေက ယေဘုယျနားလည်ထားကြတယ်။ ဒီ စိတ်ခံစားမှုဟာ တွေးခေါ်မှု (reasoning) တွေနဲ့ အသိဥာဏ် (Knowledge) တို့နဲ့ ခွဲခြားပြီးသိရှိနိုင်တယ်။
လူတွေသိတာက စိတ်ခံစားမှု (emotion) က အသိဥာဏ်နဲ့ မပတ်သက်ဘူး။ ဆင်ခြင်ဥာဏ်နဲ့ မပတ်သက်ဘူး။ ဆင်ခြင်ဥာဏ်က တစ်ခု၊ စိတ်ခံစားမှု (emotion) တစ်ခု၊
ဆင်ခြင်ဥာဏ်က စိတ်ခံစားမှု (emotion) ကို ထိန်းချုပ် (control လုပ်) တယ်ဆိုပြီးတော့ ရှေးက အနောက်တိုင်း စင်္ကာပူပညာရှင်၊ နောက်ပြီးတော့ (Cambridge က) ပညာရှင်တွေက အဲ့လို ယူဆကြတယ်။ အသိဥာဏ်နဲ့ ထိန်းချုပ် (control လုပ်) လို့ရတယ်။
★ ဗုဒ္ဓဘာသာကျတော့ ဟိုဘက် ဒီဘက် အကုန်လုံး အကြောင်းအကျိုးဆင်ခြင်တဲ့ နေရာမှာ စိတ်ခံစားမှု (emotion) က ဆင်ခြင်မှု ဥာဏ်ကို အနိုင်ယူသွားတာလည်း ရှိတယ်။
★ စိတ်ခံစားမှု (emotion) က တွေးခေါ်မှုဥာဏ်ကို အရောင်ပြောင်းပြီး၊ အရောင်တင်ပေးတာတွေ ရှိတယ်။
ဥပမာ ဒီ နှင်းဆီပန်းကိုကြိုက်တယ်။ ဒီအရောင်ပဲကြိုက်တယ်။ အနီရောင်ပဲ ကြိုက်တယ်။ ဒါပေမယ့် ယူလာတဲ့သူကို မကြိုက်ဘူး။ ကြိုက်တာနဲ့ မကြိုက်တာ ရောနေတယ်။
စိတ်ခံစားမှု ရောထွေးခြင်း (Mix Emotion) ခေါ်တယ်။
● ဒီနေရာမှာ ကြိုက်တာလည်း ရာနှုန်းပြည့်မရှိတော့ဘူး။
● မကြိုက်ဘူးလား ဆိုရအောင်လည်း ကိုယ်ကြိုက်တဲ့ပန်းဖြစ်နေတယ်။
● ကြိုက်တယ်ဆိုပေမယ့် ယူလာတဲ့သူကို မကြိုက်ဘူး။
တစ်ချို့ကလည်း ပြောဦးမယ်။
ယူလာတဲ့သူကိုလည်း ကြိုက်ပါတယ်။
ပန်းလည်း ကြိုက်ပါတယ်။
ဘာလို့ ဘုန်းကြီးရှေ့မှာ နှင်းဆီပန်းက ရောက်နေရတာလဲ။
ဒါမျိုးလေးတွေ ဖြစ်တယ်။
ဒါ့ကြောင့် အဲ့လို အတွေးတွေ ပေါ်လာတယ်ဆိုရင် အဲ့ဒီ စိတ်ခံစားမှု (emotion) က (mix) ရောထွေးသွားတယ်။ သဂြိုဟ်၊ အခြေခံအဘိဓမ္မာထဲမှာဆိုရင် သီးသန့်ရှိတယ်။ ဘယ်ပုံစံမျိုး ရောသွားတာလဲဆိုတော့ ... တစ်ချို့ကျတော့ သူက သူ့ရဲ့ law (စနစ်) တွေရှိတယ်။ တီဗီဆိုရင် Channel (လမ်းကြောင်း) ပေါ့။ လူက Channel (လမ်းကြောင်း) ခြောက်ခု ရှိတယ်။
● မျက်စိဆိုတဲ့ Channel ၊
● နားဆိုတဲ့ Channel ၊
● နှာခေါင်းဆိုတဲ့ Channel၊
● လျှာ Channel ၊
● ခန္ဓာကိုယ်Channel ၊
● စိတ်Channel ၊
အဲ့ဒီထဲမှာ သူက ရောသွားတယ်။ အဲ့ဒါကိုပဲ ဒွါရသင်္ခါ။
တစ်ချို့ကျတော့လည်း ဘယ်နေရာမှာ ရောသလဲဆိုရင် Function (လုပ်ငန်းဆောင်တာ) မှာ သွားပြီးတော့ mix (ရော) ဖြစ်တာ။ ကိစ္စသင်္ခါ။
တစ်ချို့တွေက သူ့ရဲ့ base မှာ သွားပြီးတော့ ရောတယ်။ ၀တ္တုသင်္ခါ။ အဲ့ဒါမျိုးတွေပေါ့။
ဒါ့တော့ထားတော့။ ဒါက အဘိဓမ္မာခေါင်းစဉ်အောက်မှာ။
★ ဒီနေ့ဆိုလိုတာကတော့ emotion (စိတ်ခံစားမှု) အရေးကြီးတယ်။ emotion (စိတ်ခံစားမှု) အကြောင်းမသိလို့ရှိရင် သတိပဋ္ဌာန် လေ့လာရခက်တယ်။ ကိုယ်က သတိပဋ္ဌာန်တော့ လုပ်နေတယ်။ ဒါပေမယ့် အဲ့ဒီ သတိပဋ္ဌာန်နဲ့ ကိုယ့်ကိုယ် ပြန်ပြီးတော့ relate (ဆက်စပ်ခြင်း) လုပ်လို့ မရဘူး။ ဆက်စပ်ယူလို့မရဘူး။ တခါတခါ သမာဓိအသုံးပြုပြီးတော့ အဲ့ဒီ emotion ကို ပိတ်ထားတယ်။ ဖိထားတယ်။
★ emotion တစ်ခုကို ကိုယ်က suppress (ဖိနှိပ်)ထားတယ်။ ဖုံးဖိထားတယ်ဆိုရင် အဲ့ဒီနေရာမှာ စိတ်အင်အား ပိုသုံးရပါတယ်။ mental energy (စိတ်ပိုင်းဆိုင်ရာစွမ်းရည်) ပိုသုံးရပါတယ်။ ဒါ့ကြောင့် ပင်ပန်းတယ်။
★ မင်းကြိုက်ရဲ့လား လာပြီးတော့ မေးတယ်။
မကြိုက်ဘဲနဲ့ ကြိုက်တယ်လို့ ဟန်ဆောင်ရင် အရမ်းပင်ပန်းတယ်။
ဘာဖြစ်လို့တုန်းဆိုရင် မကြိုက်တဲ့စိတ်ကို ဖုံးဖိထားရတယ်။
★ ဒီဟင်းကြိုက်တယ်။ ဒါပေမယ့် လူရှေ့မှာမို့လို့ ဣနြေ္ဒလေးနဲ့စားနေရပြီ။
အဲ့ဒါဆိုရင် ဖုံးဖိထားရတယ်။ မလွတ်လပ်ဘူး။
ကိုယ့်ကိုယ်ပြန်ပြီးတော့ suppress (ဖိနှိပ်) ထားတာ။
★ suppression (ဖိနှိပ်မှု) ဆိုတာ ဒီရင်ထဲမှာ ကိုယ့်ဟာကိုယ် ပြန်လုပ်နေတယ်။ ဘာ့ကြောင့်လုပ်နေတာလဲဆိုရင် "မသိလို့"။
ကြိုက်တဲ့စိတ်၊ မကြိုက်စိတ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသိလို့။
မသိတာကို ပါဠိလို အ၀ိဇ္ဇာလို့ ခေါ်တယ်။
★ မသိလို့ ဖုံးဖိတဲ့ activities၊ suppress activities (ဖိနှိပ်မှုတွေ) ဖြစ်ပေါ်တယ် ... သင်္ခါရ။ အ၀ိဇ္ဇာပစ္စယာသင်္ခါရ ဖြစ်တယ်။ ဒီမှာတင် ဖြစ်တယ်။
အဲ့ဒီတော့ ကိုယ့် emotion အကြောင်း ကိုယ်မသိရင် ဒီ emotion က သူ ဖြစ်ချင်ရာ ဖြစ်လာမယ်။ အဲ့ဒီ သင်္ခါရက မနက်ကပြောတဲ့ မောင်းတဲ့သူမပါတဲ့မြင်းလှည်းလို ရောက်ချင်ရာ ရောက်သွားမယ်။

No comments:

Post a Comment