Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 2 - G)
 ☆☆☆☆☆☆☆☆☆☆☆☆
 🔯  ကားနည်းနည်းကြပ်တာဆိုရင် ကိုယ်တစ်ယောက်တည်း ကြပ်တာမဟုတ်ဘူး။ ဒါပေမယ့် တလောကလုံးကို ဆဲပစ်နေတာ။
 ရှေ့က ဒရိုင်ဘာကိုလည်းဆဲ၊ နောက်ကလူကိုလည်းဆဲ။ ဘေးကလူကိုလည်းဆဲ၊ 
ကြည့်စမ်းပါဦး၊ ဟိုဘက်ကျတော့ မကြပ်ဘူး။ တို့ဘက်ပဲ ကြပ်တယ်။ အဲ့ဒီ 
အချိန်မှာ တလောကလုံးက negative ဖြစ်နေတယ်။ 
 ★ ဒါ့ကြောင့် ပထမဆုံး 
မိမိရဲ့ ဘ၀မှာ ဂုဏ်ယူစရာကောင်းတဲ့ဟာလေးတွေ၊ ဆွမ်းကပ်တာပဲဖြစ်ဖြစ်၊ 
စာကြိုးစားတာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်တာ အောင်မြင်တာကိုပဲဖြစ်ဖြစ်၊ 
ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပဲဖြစ်ဖြစ်၊ သာသနာပြုတာပဲဖြစ်ဖြစ်၊ 
တစ်ခုလောက်ပြန်တွေးပြီး အသေးစိတ်ပြန်တွေးပါ။
 ★ တွေးပြီးရင် ဒီထဲမှာ 
ပီတိဖြစ်ပါစေ။ Positive emotion (အကောင်းမြင်စိတ်ခံစားမှု) ရှိပါစေ။ 
Positive emotion ရှိရင် အဲ့ဒီနောက် လိုက်လာတဲ့ အတွေးက positive 
(ကောင်းတဲ့) အတွေးပဲဖြစ်ပါတယ်။ 
 ★  နောက်ပြီးရင် ကိုယ့်မိသားစု 
တစ်ယောက်ပြီးတစ်ယောက် အဆင်ပြေနေတယ်၊ ကိုယ်နဲ့အဆင်ပြေနေတဲ့သူတွေ 
အကြောင်းတွေးပြီးတော့ သူတို့ဘ၀မှာ အဆင်ပြေတဲ့ဟာလေးတွေ တွေးပြီး 
သူတို့နဲ့ထပ်တူ ပီတိဖြစ်ဖို့၊ ဂုဏ်ယူဖို့၊ Positive thinking တွေ မွေးပါ။ 
အားကောင်းအောင်လုပ်ပါ။
 ★  တစ်ယောက်ပြီးတစ်ယောက်။ မိသားစုက 
သုံးယောက်ရှိတယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ သူတို့မှာ 
ဂုဏ်ယူစရာလေးတွေ မတူဘူး။ အဲ့ဒါကို သူ့တို့ရဲ့မျက်နှာ၊ သူတို့ရဲ့ ဘ၀၊ 
သူတို့ရဲ့အကြောင်းကို မြင်အောင် ပြန်ကြည့်တာ။ မြင်အောင် ပြန်တွေးတာ။ 
 ★  တတိယအချက်ကျတော့ ကိုယ့်သူငယ်ချင်းတွေထဲက တစ်ယောက်၊ 
ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၊ ဂုဏ်ယူစရာကောင်းအောင် သူလုပ်နိုင်တယ်။ 
သူတို့ အောင်မြင်ပုံ၊ သူ့ဘ၀ပျော်ရွှင်ပုံ၊ အဲ့ဒါလေးတွေ တွေးပြီးတော့ 
စိတ်ထဲမှာ ပီတိဖြစ်ပါစေ။ 
 ★  တွေးပြီးတော့ ပီတိမဖြစ်သေးဘူးဆိုရင် 
မိမိကနေပြန်စ၊ ပြန်ပြီးတော့ တွေး။ ပီတိဖြစ်အောင်တွေးဖို့ပါ။ ဒါက 
တွေးခိုင်းတဲ့ တရားပါ။ တွေးခိုင်းတာ။ 
 ခံစားခိုင်းတာ။ thinking awareness ။ Feeling awareness ဒီလို စကားလုံးဖွင့်ဆိုတယ်။
 ★  တွေးရင်တွေးမှန်းသိတဲ့အခါကျတော့ သိသိနဲ့တွေးတယ်။ သိသိနဲ့ ခံစားတယ်။ 
ပီတိက အရေးကြီးတယ်။ ဗောဇ္ဈင်ခုနစ်ပါးထဲမှာ ပီတိပါတယ်။ ပီတိမပါရင် 
မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ဘူး။ 
 ★ အခုပြောတဲ့ဟာကတော့ လောကီနဲ့ 
ပီတိပေါ့။ ဓမ္မပီတိ၊ အရိယာမထေရ်မြတ်များရဲ့ ပီတိတော့ မဟုတ်သေးဘူး။ ဒါပေမယ့် 
ဒီပီတိလောက်မှ မဖြစ်နိုင်ရင် အရိယာပီတိတွေဖြစ်ခဲပါတယ်။ 
 ★ 
ကိုယ့်ကိုယ်ကိုယ် ပြန်ဂုဏ်ယူဖို့၊ လုပ်နိုင်တာလေးတွေ ဂုဏ်ယူ။ မဟုတ်ရင် 
ကိုယ်မလုပ်နိုင်တဲ့ဟာအတွက် သွားဂုဏ်ယူမိတယ်။ အကြိမ်ကြိမ်ပြောပြီးပြီ။ 
ဒီနေ့ထပ်ပြောမယ်။ 
 ★ ရဟန်းတစ်ပါး။ အုတ်တံတိုင်းဆောက်တယ်တဲ့။ 
အုတ်ချပ်ရေပေါင်းတစ်ထောင်မှာ ကိုးရာကိုးဆယ့်ကိုးခုကို လှလှပပစီနိုင်တယ်။ 
အုတ်တစ်ချပ်ကျတော့ နည်းနည်းစောင်းနေတယ်။ အဲ့ဒီစောင်းနေတဲ့ဟာကို 
ကြည့်ပြီးတော့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဘူး။ ဆွမ်းခံသွားလည်း 
ဒီအုတ်တစ်ချပ်အကြောင်း၊ ဆွမ်းစားလည်း ဒီအုတ်တစ်ချပ်အကြောင်းပဲ။ 
ဘုရားဝတ်တတ်တာလည်း ဒီအုတ်တစ်ချပ်အကြောင်းပဲ စဉ်းစားတယ်။ 
 ★ လှပတဲ့ ကိုးရာကိုးဆယ့်ကိုးခုကို မစဉ်းစားမိဘူး။ စိတ်မရောက်နိုင်ဘူး။ အဲ့ဒီပီတိကို သူ မခံစားရဘူး။ 
 ★ တစ်ထောင်ထဲက တစ်ခု၊ တစ်ထောင်ထဲက တစ်ယောက်၊ လူတစ်ထောင်ရှိမယ်။ တစ်ယောက်က 
ကိုယ့်ကို ဆဲသွားမယ်။ ကိုးရာကိုးဆယ့်ကိုးယောက်က ကိုယ့်ကို 
ချီးမွမ်းသွားတယ်ဆိုရင် အဲ့ဒီချီးမွမ်းသံတွေ ပျောက်သွားပြီး အဲ့ဒီကဲ့ရဲ့သံက
 နားထဲမှာ ဟိန်းနေတယ်။ 
 ★ လမ်းလျှောက်သွားလည်း ကြားနေတယ်။ 
ကားမောင်းလည်း အဲ့ဒါပဲကြားနေတယ်။ ဒီအတိုင်းဆိုရင် 
ကိုယ့်ကိုယ်ပြန်ဆန်းစစ်ကြည့်လိုက်။ Positive emotion exercise 
နည်းနေလို့ဖြစ်နေတာဆိုပြီး သိရမယ်။ ဒါ့ကြောင့် အခုမိနစ်သုံးဆယ်လောက် 
တရားထိုင်မယ်။ ပီတိဖြစ်အောင် တရားထိုင်မယ်။ Positive emotion ကို 
တည်ဆောက်မယ်။
No comments:
Post a Comment