ကိုယ့်စိတ်ကိုယ်ကို ဆုံးမဖို့ လိုတယ်
++++++++++++++++++++
ကိုယ့်စိတ်ကိုယ်ကို ဆုံးမဖို့ လိုတယ်။ ကိုယ့်စိတ်ကိုယ်ကို ဆုံးမချင်ရင်
ကိုယ့်စိတ်ကိုယ်ကို သိဖို့လိုတယ်။ စိတ်ဆိုတာ ကြမ်းတမ်းတာကနေ
စပြီးသိဖို့လိုတယ်။ အင်မတန်ကြမ်းတမ်းတဲ့ လောဘစိတ်၊ ဒေါသစိတ် ဒီလိုကနေ
စသိလိုက်ဖို့။ ကြမ်းတမ်းတဲ့စိတ် မရှိတဲ့အခါမှာ သိမ်မွေ့တဲ့စိတ်ကို
ပြန်ကြည့်တဲ့အခါ နည်းနည်းတော့ခက်တယ်။ နည်းနည်းတော့ ခက်နေလို့ရှိရင်
အဲဒီအခါမှာ စိတ်ကိုမသိနိုင်ရင်
ခန္စာကိုမှာရှိနေတဲ့ sense တစ်ခုခု လှုပ်ရှားမှု့သဘောလေးတွေ၊
တုန်ခါမှု့သဘောလေးတွေ၊ ပူမှု့အေးမှု့သဘောလေးတွေ၊ ဝေဒနာသဘောလေးတွေ
သိနေဖို့လို့တယ်။
စိတ်ကိုအရမ်းလွတ်ထားရင်
သူတွေးချင်ရာတွေးတော့တာပဲ တွေးတာများသောအားဖြင့် ပြောရရင် အကုသိုလ်ဘက်ကိုပဲ
တွေးတာများတယ်။ အကုသိုလ်ဆိုပေမဲ့လည်း ကြီးမားတဲ့ဒုစရိုက်မှုမျိုးကို
မဆိုလိုဘူးနော်။ ဒုစရိုက်ပင် မဟုတ်သော်လည်း အကုသိုလ်သဘောလေးတွေက
အငယ်လေးတွေအများကြီး ဖြစ်နေတယ်။ မနောကံ တွေဖြစ်နေတယ်။
တစ်ခုခုကို
လိုချင်တယ်။ တစ်ခုခုကို မကျေနပ်ဘူး။ သိမ်သိမ်မွေ့မွေ့လေးတွေက
တနေ့လုံးဖြစ်နေတယ်။ မသိလို့သာ သတိမထားမိရင် မသိတာနော်။ အဲဒီတော့
မသိမသာဖြစ်နေတဲ့ စိတ်လေးတွေကို မမြင်တတ်သေးဘူးဆိုရင် ရုပ် သို့မဟုတ်
ဝေဒနာတစ်ခုခုကို သိအောင်သတိလေး ကပ်ထားပါ။ ဘယ်နေရာကစစ စလိုရပါတယ်။
ကိုယ့်အတွက် လွယ်ကူတာ၊ ကိုယ့်အတွက် ထင်ရှားတာကို စပြီးလုပ်ပါ။ သတိနဲ့နေတဲ့
အကျင့်မျိုးရလာတဲ့အခါမှာ ဘာမှမလုပ်ဘဲနေတဲ့အခါမှာလည်း ခန္စာမှာဖြစ်တာ
စိတ်မှာဖြစ်တာတွေကို သိပြီးတော့နေတယ်။ ဒါအင်မတန် တန်ဖိုးရှိတဲ့ အလုပ်ပဲ…
(ဆရာတော် ဦးဇောတိက)
No comments:
Post a Comment