" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, May 13, 2010

မင်းတတ်နိုင်သလောက်အလှူငွေလေးထည့်ဝင်စေချင်တယ်ကွာ။

အားလုံးလည်း ဖောက်ပြန်နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ တရှိန်းရှိန်းတောက်လောင်နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။ စင်္ကာပူမှာ အလုပ်လုပ်နေရတဲ့ ညီအကိုမောင်နှမတွေအနေနဲ့တော့ အပူဒဏ်ကို နည်းအမျိုးမျိုးသုံးပြီး ရှောင်ရှားလို့ရနိုင်ပါသေးတယ်။ ရာသီဥတုပူလာတာနဲ့အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက်ထွက်ပြီး ကိုယ်တွင်းက ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလိုဆုံးရှူံးသွားတဲ့ရေဓါတ်ကို ပြင်ပကနေ ရေ နှင့် အရည်တစ်မျိုးမျိုးသောက်သုံးပေးခြင်းအားဖြင့် ကိုယ့်တွင်းရေဓါတ်ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ်အပူဒဏ်လွန်ကဲနေမှုကို ပြေပျောက်စေတယ်။

ကဲ.....ကြည့်ကြည့်ကြစမ်းပါ။ အမိမြေက မောင်နှမသားချင်းတွေ အဘယ်သို့ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက်ပူတဲ့နေ။ ဒီလိုပူပြင်းခြောက်သွေ့လာတာနဲ့အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲဖြစ်နေကြရပါပြီ။ ငါ့တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးကြမှာလဲ။ သူတို့အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ” စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင်သလောက်အလှူငွေလေးထည့်ဝင်စေချင်တယ်ကွာ။
ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )

အောက်ပါအဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နှိင်ပါတယ်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://www.khitpyaing.org/index.php?route=detail&id=654


ဒီစာစုလေးကိုဖတ်ကြည့်ပြီး၊ သင်ကိုယ်တိုင်သော်လည်းကောင်း၊ သင့် သူငယ်ချင်း
မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက် အကူအညီ တစ်ခုခု
ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၂၀၁၀ ခုနှစ်ရဲ့ ထူးခြားတဲ့ အပူပြင်းဆုံးနေရောင်ခြည်အောက်မှာ
ကျွန်ုပ်တို့်အားလုံး အလူးအလဲခံစားနေကြရပါတယ်၊ ကျွန်ုပ်တို့အတွက်
အရိပ်အာဝါသ ကောင်းကောင်းပေးခဲ့ကြတဲ့ သက်ရှည်သစ်ပင်ကြီးများဟာလည်း
နာဂစ်အိမ်မက်ဆိုးအောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ
နာဂစ် အဓိကပစ်မှတ်ထားခံခဲ့ရတဲ့ ဒေသတစ်ချို့မှာ သောက်သုံးရေရှားပါးခြင်း
ဒဏ်ကို ခါးဆီးခံနေကြရပါတယ်။
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးရှိ အလယ်ကျွန်းကျေးရွာနှင့်
ဒီးဒူးကုန်းကျေးရွာ များမှာ ရေရှားပါးခြင်းဒဏ်ကိုခံနေကြရပ်ပြီ။
ရေတစ်ထမ်းရဖို့ နှစ်မိုင်ခရီးကို နေရောင်ခြည်ပြင်းပြင်းအောက်မှာ အမောတကော
သယ်ယူနေရပါတယ်။ ခက်ခက်ခဲခဲရရှိလာတဲ့ ရေတစ်ထမ်းဟာလည်း
အငန်ဓါတ်မကင်းနိုင်လို့ သောက်သုံးဖို့အခက်တွေ့နေကြပါတယ်။
မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ
လူပေါင်းများစွာရဲ့အသက်ကို ဆက်ပေးနိုင်မယ့် အခွင့်အရေးကောင်းပါ။
ဒုက္ခရောက်သူကိုကူညီလေ့ရှိတာ မြန်မာလူမျိုးတို့ရဲ့ပင်ကိုစိတ်ရင်းပါ။
မိတ်ဆွေတို့ရဲ့ပင်ကိုစိတ်ရင်းကို လှစ်ဟာပြဖို့အချိန်တန်ပါပြီ။
ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့်
လက်တစ်စုံကိုမျှော်လင့်နေပါတယ်။
ကျွန်ုပ်တို့ရဲ့ ရေကြည်တစ်ပေါက်နဲ့ ဒုက္ခရောက်နေတဲ့
လူပေါင်းများစွာကို အသက်ဆက်ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!

ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)

No comments: