" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, August 21, 2010

သင့်အပေါ်ကောင်းစေချင်တဲ့မေတ္တာစေတနာလေးကိုတော့ အသိမှတ်ပြုပေးပါ..

ပုဂ္ဂိုလ်ကို မကြည့်ပါနှင့် စေတနာကို ပဲ ကြည့်ပေးပါ..
သင့်အပေါ်စေတနာ၊မေတ္တာထားတဲ့သူဟာ.သင့်ထက်အစစအရာရာနှိမ့်ပါးနေရင်တောင်.
သင့်အပေါ်ကောင်းစေချင်တဲ့မေတ္တာစေတနာလေးကိုတော့ အသိမှတ်ပြုပေးလိုက်ပါ..

မေတ္တာထဲမှာသည်းခံခြင်း
အပြည့်ပါ ပါတယ်.သည်းခံတယ်ဆိုတာ.ဒေါသ.လောဘ.ကိလေသာစိတ် အလွယ်တကူ ဖြစ်ခွင့် မပေးတာ
ကိုဆိုလိုပါတယ်.လိုချင်စိတ်.မလိုချင်စိတ်.စတဲ့ကိလေသာစိတ်တွေ
ပါနေတဲ့မေတ္တာဟာမထိရောက်ပါဘူး.
မတရားတာကိုခံနေတာသည်းခံခြင်းမေတ္တာထားခြင်းလို့ အမည်
မပေးထိုက်ပါဘူး

လိုချင်နေတော့ .ဆုံးရှုံးလိုက်မှာကြောက်နေရတာပေါ့.
လူတိုင်းဆုံးရှုံးရမှာအနည်းနှင့်အများကြောက်တတ်ကြပါတယ်..
သတ္တိအရမ်းရှိပါတယ်ဆိုတဲ့သူတောင်အရှုံးခံရမှာစိုးလို့ သတ္တိတွေပြနေရတာပါ..
ဒါကြောင့်လိုချင်မှုကိုအလွယ်တကူ အဖြစ်မခံပါနဲ့.အလွမ်းမိုးမခံပါနဲ့ အာရုံတွေကို မှီခိုမထားပါနဲ့.
ု.အမှန်တကယ်အေးချမ်းမှုမရှိ၊ပူလောင်တဲ့သဘောတွေပါ။
အခု လိုချင်နေတဲ့ အရာဟာ.မရှိရင်ဖြစ်လား?
မရှိလို့ ဖြစ်တယ်ဆိုရင်..နေလိုက်ဦးမယ်..ရယူဖို့ မကြိုးစားတော့ဘူးကွာ.စိတ်ခိုင်းတိုင်း လိုက်လုပ်နေရ တာ ..မပြီးဆုံးနိုင်တော့လို့ ပါ...ရလိုက်တယ်ဆိုတာ လည်းနောက်ဆုံးမှာတနည်းနည်းနဲ
့တော့အနှေးနှင့်အမြန်.ဆန္ဒရှိရှိမရှိရှိ.စွန့် လွတ်ရမှာအမှန်ပါ...


သိပ်ဒေါသထွက်လွယ်တဲ့သူ၊မာနတွေ အရမ်းကြီးနေတဲ့သူတွေဟာ. မိမိကိုယ်ကို .စိတ်အားငယ်နေမှန်း သတိမထား မိတတ်ပါဘူး..မိမိ ရှုံးရမှာ..ခံလိုက်ရမှာ.မိမိကြောက်တတ်တာ အားငယ်တတ်တာ သူများသိမှာ စိုးရိမ်၍ ကာကွယ်မှု အနေဖြင့် ဒေါသတွေ၊မာနတွေကို အလွယ်တကူ ထုတ်သုံးကာကွယ်လိုက်ချင်ပါတယ်..ဒါကြောင့် ကိလေသာ အလွယ်တကူ မဖြစ်အောင် သည်းခံနိုင်လေ လေ..စိတ် power မြင့်လေ လေပါပဲ...

အာသဝေါတရား(၄) ပါး
၁။ကာမာသ၀ -ကာမဂုဏ်ကို
တပ်မက်နေတဲ့တဏှာဖြစ်ပါတယ်။
၂။ဘ၀ါသ၀ -ဘ၀ကိုတပ်မက်နေတဲ့တဏှာဖြစ်ပါတယ်။
၃။ဒိဠာသ၀-အသိမှား၊အမှတ်မှား၊အယူမှား ကို တပ်မက်နေတဲ့တဏှာ ဖြစ်ပါတယ်။
၎။အ၀ိဇ္ဇာသ၀-သစ္စာကို မသိတဲ့မောဟ တရား ဖြစ်ပါတယ်..
ဓမ္မဒါန

ယခုခေတ်
ချိန်ကာလ သည် မြတ်ဗုဒ္ဓသာသနာ ကို "မှီလှမ်းနိုင်သော" ကာလဖြစ်သည်။ "မှီနေ"
ရုံ ဖြင့် တင်းတိမ်မနေသင့်၊"ချဉ်းကပ် သင့်သေးသည်၊ ချဉ်းကပ်ရုံဖြင့်
ရောင့်ရဲမနေသင့် "လိုက်နာ"သင့် သည်၊ သို့ မှ လူဖြစ်ရကျိုးနပ်မည်။

ပျော်ရွှင်မြူးကြွ၊ပေါင်းသင်းကြ၊ကွဲရနောက်ဆုံးပါတကား။
ရုပ်နာမ်နှစ်ဝ၊ဖြစ်ပျက်ရ၊ဒုက္ခအမှန်ပါတကား။
အိုရ၊သေရ၊အလိုမကျ၊အနတ္တအမှန်ပါတကား။

ရေကို မှီနေရ သော ငါးကလေးသည်.ကုန်းပေါ်သို့ ပစ်တင်လိုက်သောအခါ တဖျပ်ဖျပ်လှုပ်ခါရမ်းနေသကဲ့သို့  ကိလေသာ ကာမဂုဏ်ကိုမှီ၍နစ်မွန်းနေသောစိတ်သည် ထိုကာမနယ်မှလွတ်မြောက်ရန် တရားအားထုတ်လိုက်သောအခါ တဖျပ်ဖျပ်လှုပ်ရှား ကာတည်ငြိမ်မှုမရှိ ပျံလွင်နေတတ်ပါသည်။

မွေးဖွားခြင်းနှင့်သေဆုံးခြင်း ၏ ကြားအချိန်အတွင်း
စစ်မှန်သော ဒုက္ခသစ္စာကို သိမြင် နိုင်ကြပါစေ။

အနန္တစကြာဝဠာာ..အနန္တ
သတ္တ၀ါတို့
ဘေးရန်ခတ်သိမ်း … ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း …
ကင်းငြိမ်းကြပါစေ၊

No comments: