" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, August 6, 2010

"ပဋိကတ်သုံးပုံ"

မြတ်ဗုဒ္ဓသာသနာ တော်မြတ်ကြီးဆိုတာ
၁။ သဘောတရားကိုပြသရာ ဖြစ်တဲ့ သင်ယူလေ့လေလာရတဲ့ ပရိယတ္တိသာသနာ၊
၂။ ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ ကျင့်သုံးဆောင်ရွက်ရတဲ့ ပဋိပတ္တိသာသနာ၊
၃။ မဂ်ဖိုလ် နိဗ္ဗာန် တရားမှန် ကိုဧကန် ထိုးထွင်းသိမြင် ရတဲ့ ပဋိဝေဓ သာသနာ ဆိုတဲ့ သာသနာတော်မြတ် သုံးရပ် တို့ဖြစ်ကြပါတယ်။

အဲဒီ သာသနာ တော် သုံးရပ် မှာ "ပရိယတ္တိသာသနာ" ဆိုတာကတော့..
၁။ ရဟန်း ကျင့်ဝတ် ဥပဒေဆိုင်ရာ ၀တ်နည်းတရား တော်၊
၂။ သမထ၊ ၀ိပဿနာ ကျင့်ထုံးကျင့်နည်း ဆိုင်ရာ သုတ္တန်တရားတော်၊
၃။ နာမ် ၊ရုပ် တရားတို့ ရဲ့  သဘာဝပိုင်းဆိုင်ရာ အဘိဓမ္မာတရားတော် တို့ ဖြစ်ကြပါတယ်။
ထို့ ကြောင့် ၀တ်နည်း၊ သုတ္တန်၊ အဘိဓမ္မာ ရယ်လို့ သုံးပိုင်း ရှိကြပါတယ်. ဒါကိုပင် "ပဋိကတ်သုံးပုံ" ရယ် လို့ခေါ်ဆိုခြင်းဖြစ်ကြပါတယ်။
မေတ္တာဖြင့်

No comments: