" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, August 26, 2010

‎(၁) ရာဂစရိုက် -
ရာဂအားကြီး၍ ကာမဂုဏ်ကို မရှက်မကြောက် လိုက်စားသူ။
(၂) ဒေါသစရိုက် -
အမျက်ဒေါသ အားကြီး၍ ဘာလုပ်မိမှန်း မသိသူ။
(၃) မောဟစရိုက် - တွေဝေ၍
...ဘာကိုမှ မလုပ်တတ်သူ။
(၄) သဒ္ဓါစရိုက် - ယုံကြည်မှု လွန်ကဲ၍ အတ္တစွဲဖြစ်သူ။
(၅)
ဗုဒ္ဓိစရိုက် - သူတစ်ပါး ပြောတိုင်းမယုံ၊ မိမိ၏ အသိဉာဏ်ဖြင့်
ဆင်ခြင်တတ်သူ။
(၆) ၀ိတက္ကစရိုက် - အကြံအစည်များပြီး ခရီးမရောက်သူ။

ကိလေသာ ထူပြောနေရင် သူများ မြင်သော နေရာတွင် အကုသိုလ်ကို မရှက်မကြောက်
ကျူးလွန်သည်။
(၂) ကိလေသာ နည်းပါးနေလျှင် သူများ မမြင်သော နေရာတွင်
အကုသိုလ်ကို ကျူးလွန်မိသေးသည်။

ကိုယ်က မှန်တာလုပ်ရင် မှားတဲ့လူက
ကိုယ့်ကို မုန်းလိမ့်မယ်။
ကိုယ်က အမှားလုပ်ရင် မှန်တဲ့လူက ကိုယ့်ကို
မုန်းလိမ့်မယ်။
မှားတဲ့လူ ကိုယ့်ကို မုန်းချင် မုန်းပါစေ။
...မှန်တဲ့လူကတော့
ကိုယ့်ကို မမုန်းပါစေနဲ့။

မလွှတ်ကာမ၊ မရသတိ၊
မရှိဆရာ၊ မပါအင်အား၊
မထားလုံ့လ၊ ဤငါးဝ၊

တရားမရကြောင်းတည်း...
...(က၀ိဗန္ဓနကထာ)

သေမင်းအစာ
နင့်ခန္ဓာကို
တဏှာဘီလူး အမှောင့်ပူး၍
အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ်
...နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို
နင့်ဉာဏ်မစူး အပေါ်ဖြူး၍
မူးမူးမေ့မေ့ အများလေ့ဖြင့်
နေ့ရက်အပုံ
လွန်ခဲ့တုံပြီ
အာရုံဝတ္ထု မီးစာစုကို မှုမှုရရ
နင်အားကျလည်း
ဓားပြသေမင်း
သူ့တပ်နင်းက မငြင်းဆန်သာ
နင့်ခန္ဓာသည် ပြာပုံအပြီး
ဖြစ်လုနီးပြီ...
(လယ်တီ)

ငါတို့နေရာ၊ဤကမ္ဘာ၊တဏှာအုပ်စိုးသည်။တဏှာစေရာ၊ မနေသာ၊ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ၊ချစ်သူပါ၊စွန့်ခွာသွားရမည်။တကယ့်အရေး၊တကယ့်ဘေး၊ဘယ်သွေးဘယ်သား မကယ်ပြီ။ငါနှင့်ရွယ်တူ၊ငါ့အောက်လူ၊ကြီးသူသေကြများလှပြီ။ခဏမစဲ၊အိုစမြဲ၊ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ဇရာမီးတောင်၊ကိုယ်တည်းလောင်၊သေအောင်မြှိုက်တော့သည်။
မသေရခင်၊သွားလမ်းစဉ်၊ကြိုတင်ပြင်သင့်ပြီ။ဒါနသီလ...ာ၊ဘာဝနာ၊လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊အမြန်စီး၊ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

အသက်ကြီးလာလို့ ကျမ်းကျမ်းမာမာနဲ့ အသက်ရှည်ချင်တဲ့လူတွေ
(၁) အစာကို အာဟာရဖြစ်အောင် သင့်တင့်ရုံစား၊
(၂) လမ်းများများလျှောက်၊
(၃) လေကောင်းလေသန့် ၀၀ရှု၊
(၄) ငါးပါးသီလစောင့်ထိန်း။
ဒါဆို အသက်ရှည်ရုံတင်မကဘူး။ အသက်လဲ ရှည်မယ်။ ကျမ်းမာရေးလဲ ကောင်းမယ်။ တရားဓမ္မလဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်။ အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) အမိန့်ရှိတဲ့စကားတစ်ခွန်းရှိတယ်။ “ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ အသူရကာယ်ရှိတယ်၊ သေရဦးမယ်၊ သတိထား” တဲ့။

No comments: