" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, August 28, 2010

အပေး=အယူ
လောက မှာ အပေးအယူ မျှတ
မှကြာရှည်ခံသောဆက်ဆံရေးဖြစ်နိုင်တာပါ.
အပေးနှင့်အယူ မမျှတတော့ဘူးဆိုရင်
မတရားတာတွေဖြစ်လာတတ်တာကြောင့်အဆင်မပြေတာများကြပါတယ်။.
...တစ်ခုလိုချင်ရင်တစ်ခုခု
ပြန်ပေးရစမြဲပါ. မတရားအလကားရလိုက်တယ်တော့မထင်နှင့်၊
တကွေ့ ကွေ
့မှာတော့အကြွေးပြန်ပေးရမှာနော်....ဒါသဘာဝ

စိတ်ဆင်းရဲစရာ အကောင်းဆုံး ညှင်းဆဲတဲ့နည်းတခုဟာ အိုးပေါက်ကြီးနှင့် ရေကိုပြည့်အောင်ဖြည့်ခိုင်းခြင်းအလုပ်ပါပဲ.
လူတွေမှာလည်းဆန္ဒဆိုတဲ့ အိုးပေါက်ကြီးရှိကြပါတယ်.မပြည့်နိုင်မှန်းသိရက်နှင့်ဖြည့်ရင်းဖြည့်ရင်းပြုလုပ်နေကြရှာပါတယ်.
"လိုချင်နေသရွေ့ ဘယ်တော့မှပြည့်စုံမှာမဟုတ်ပါဘူး"

ငါတို့နေရာ၊ဤကမ္ဘာ၊တဏှာအုပ်စိုးသည်။တဏှာစေရာ၊ မနေသာ၊ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ၊ချစ်သူပါ၊စွန့်ခွာသွားရမည်။တကယ့်အရေး၊တကယ့်ဘေး၊ဘယ်သွေးဘယ်သား မကယ်ပြီ။ငါနှင့်ရွယ်တူ၊ငါ့အောက်လူ၊ကြီးသူသေကြများလှပြီ။ခဏမစဲ၊အိုစမြဲ၊ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ဇရာမီးတောင်၊ကိုယ်တည်းလောင်၊သေအောင်မြှိုက်တော့သည်။
မသေရခင်၊သွားလမ်းစဉ်၊ကြိုတင်ပြင်သင့်ပြီ။ဒါနသီလ...ာ၊ဘာဝနာ၊လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊အမြန်စီး၊ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

မိမိ"တတ်သိ"သောပညာ
ကို အများအအတွက် အနှောက်အယှက်မဖြစ်အောင် "သိတတ်စွာ"ဖြင့်
အသုံးချတတ်ခြင်းသည် လောကကိုအကျိုးပြုခြင်း မည်ပေသည်..

No comments: