" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, November 6, 2010

ချမ်းသာကြောင်းများ

ကိစ္စပေါ်လာရင် သူငယ်ချင်းကောင်းတွေဟာ ချမ်းသာကြောင်းပဲ။
ရသမျှနဲ့ ရောင့်ရဲတာဟာ ချမ်းသာကြောင်းပဲ။
သေခါနီးမှာ ကောင်းမှုဟာ ချမ်းသာကြောင်းပဲ။
...ဆင်းရဲအားလုံးကို ပယ်တဲ့ အရဟတ္တဖိုလ်ဟာ ချမ်းသာကြောင်းပဲ။
မိဘတွေကို ပြုစုတာနဲ့ ဘုရားပစ္စေကဗုဒ္ဓါ ဘုရားတပည့်တွေကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့တာဟာ ချမ်းသာကြောင်းပဲ။
အိုတဲ့အထိ ချမ်းသာကြောင်းက သီလ၊
စွဲမြဲစွာတည်ရင် ချမ်းသာကြောင်းက သဒ္ဓါ၊
ပညာရတာဟာ ချမ်းသာကြောင်းပဲ။
မကောင်းမှုတွေကို မလုပ်တာဟာ ချမ်းသာကြောင်းပဲ။
...
ဓမ္မပဒ-ပါဠိ ၆၀-၆၁

No comments: