" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, November 6, 2010

အတတ်ပညာမရှိသူသည် ဥစ္စာမရနိုင်၊

ပျင်းသောသူသည် ပညာမရနိုင်၊
အတတ်ပညာမရှိသူသည် ဥစ္စာမရနိုင်၊
ဥစ္စာမရှိသူသည် မိတ်ဆွေမရနိုင်၊
မိတ်ဆွေမရှိသူသည် ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူသည် ကုသိုလ်မရနိုင်၊
ကုသိုလ်မရှိသူသည် နိဗ္ဗာန် မရနိုင်-
(လောကနီတိပျို့)

အချိန်တိုင်းဟာ၊ တကြိမ်သာ၊ နှစ်ခါ မပေးချေ။
မသုံးတတ်မူ၊ ဖြုန်းလေသူ၊ အပူတိုး၍နေ။
သုံးနိုင်သူကား၊ ပြုံးနိုင်ငြား၊ စွမ်းအားတိုး၍ အေးမြပေ။
အချိန်တိုင်းသိ၊ စွမ်းအားရှိ၊ သတိမြဲအောင် ကြိုးစားလေ။
...အချိန်ကိုထိန်း၊ အပူငြိမ်း၊ တွက်ကိန်းကိုက်ကြစေ။
အချိန်တန်ဖိုး၊ လူ့တန်ခိုး၊ ကောင်းကျိုးစည်ပင်စေ။
( ဦးသန်းထွန်း ပါမောက္ခ-ငြိမ်း)

No comments: