" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, November 14, 2010

သူတော်ကောင်းတို့ မည်သည်လည်း

သစ်ပင်ကြီးတို့ မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။
နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။
သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင်ရွက်ကြကုန်၏။
(ရှေးဆရာတော်)

”အဆွေတော်မင်းမြတ်၊ ခံစားအပ်သောမင်း၏ ချမ်းသာသည် ရေပေါ်၌တက်သောရေပွက်၏ပမာ တစ်သက်လျှာမျှသာ ဖြစ်ချေသည်။ ထိုစည်းစိမ်ကိုမှီ၍ ကိလေသာပွားသဖြင့် များသောအကုသိုလ်ဒုစရိုက်ဖြစ်၍ သံသရာ၌ နစ်မွန်းရခြင်း၏ အကြောင်းသာ ဖြစ်ချေသည်။ ထို့ကြောင့် ပြည်၏စည်းစိမ်ကို ဘင်အိမ်၌ လောက်၊ တံတွေးပေါက်ကဲ့သို့ရွံ့ရှာ၍ ငါ စွန့်ခွါထွက်ခဲ့သည်”
(ဘုရားအလောင်း)

“သတ္တ၀ါတို့၏ ဓမ္မတာသည်လည်း သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်။ ၀ီရိယလွန်လျှင် ပြန့်သည်။ သမာဓိလွန်လျှင် တွန့်သည်။ သတိသာလျှင် လွန်သည်မရှိ၊ လိုသည်သာဖြစ်သည်။ ထို့ကြောင့် ယခု ငါသည် အဟာရကို မျှတစေလျှက် ကိုယ်လက်ကိုဖြည့်တင်း၍ သဒ္ဓါနှင့်ပညာ ၀ီရိယနှင့် သမာဓိကို မျှတစေတော့အံ့”
(ဘုရားလောင်း သိဒ္ဓတ္တ)

ပရဟိတ အလုပ် ဆိုတာက ပေးဆပ်ခြင်းပါ။
ပေးဆပ်ခြင်းမှာ ပျော်မွေ့တဲ့ ပုဂ္ဂိုလ်တွေဟာ စွန့်လွှတ်၊ အနစ်နာခံ သူတွေပါ။
စွန့်လွှတ်၊ အနစ်နာ ခံသူတွေဟာ သူတော်ကောင်း တွေပါ။
သူတော်ကောင်း ဆိုတာက ကုသိုလ်မှာ ပျော်မွေ့သူတွေပါ။
ကုသိုလ် ဆိုတာက နိဗ္ဗာန်ကို ပို့ဆောင်ပေးနေတဲ့ တွန်းအားပါ။

No comments: