" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Saturday, January 1, 2011

ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

အဖုအထစ်များလှတဲ့ ခရီးလမ်းကြမ်းပေါ်မှာ
နှစ်ဟောင်း နှစ်သစ် များစွာကို ဖြတ်သန်းယင်း
အားတင်းကာ ကြိုးစားရှင်သန်နေကြသော
အမိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး ...
...ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပြီး
၂၀၁၁ နှစ်သစ်မှာ ..
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေကြောင်း
အထူး ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ....

အောင်မြင်ကြောင်း တရား
မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ ပြောပြုတွေးလျှင် သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်၊ သည်းခံမေတ္တာထား။ လုံ့လနှင့်ဇွဲ မလျှော့ဘဲ၊ အမြဲတင်းတင်းထား။ အရာရာတွင်အသုံးဝင် အောင်မြင်ကြောင်း တရား"
(ချမ်းမြေ့ဆရာတော်ဘုရား )

အတွေးမှားနေသူသည်
အနှစ်မဲ့ကို အနှစ်ရှိဟုထင်၏။
အနှစ်ရှိကို အနှစ်မဲ့ဟုထင်၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရကို မတွေ့ရှိနိုင်ပေ။
...အတွေးမှန်သူသည်
အနှစ်ရှိသည်ကို
အနှစ်ရှိသည်ဟု သိ၏။
အနှစ်မဲ့သည်ကို
အနှစ်မဲ့ဟု သိ၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရ တွေ့ရှိနိုင်လေ၏။
(ဓမ္မပဒ)

No comments: