သိ - ဆိုတာ အကြောင်းအကျိုး ၊ အကောင်း အဆိုးကို နှိုင်းချိန်သိရှိရမယ် ။
ရဲ - ဆိုတာက မှန်ကန်အကျိုးရှိတဲ့စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရမယ် ။
ပြေ - ဆိုတာက ပြေပြေပြစ်ပြစ် ချိုချိုသာသာ သူတစ်ပါး နားဝင်အောင် ပြောဆိုရမယ် ။
လောကညူ - လောကအကြောင်းသိရမယ် ။
ခေတ္တညူ - ခေတ်ကာလအကြောင်းသိရမယ် ။
ဒေသညူ - နေရာဒေသအကြောင်းသိရမယ် ။
ကာလညူ - အချိန်အခါကိုသိရမယ် ။
ဌာနညူ - နေရာဌာနအကြောင်းသိရမယ် ။
ဓမ္မညူ - တရားနည်းလမ်းကျသိရမယ် ။
ပုဂ္ဂလညူ - ပုဂ္ဂိုလ်အကြောင်းသိရမယ် ။
ဖန် - ဆိုတာက ဖန်တီးလုပ်ကြံပြီး ပြောတဲ့စကားမျိုး ၊
မြေ - ဆိုတာက မြေခံရလောက်အောင် ကျိန်တွယ်ပြောတဲ့ စကားမျိုး ၊
ကြွေ - ဆိုတာက အထိမခံ ကြွေပန်းကန်ဆိုသလို ဆက်ဆက်ထိမခံ နှုတ်ခမ်းတလန် ပန်းတလန်စကားမျိုး ကော် - ဆိုတာက ကော်ကပ်ပြီး ငါ့စကားနွားရပြောတဲ့စကားမျိုး ၊
ကျောက် - ဆိုတာက ကြောက်ကန်ကန်ပြီး နှုတ်လှန်ထိုးပြောစကားမျိုးတွေကို မပြောမိစေနဲ့ ။ ဘယ်တော့မှ ဘုန်းမကြီး ကံမကောင်းဘူး ။
သံ - ဆိုတာ တစ်ယူသန် ၊ တဇောက်ကန်း ၊ ကပ်တီးကပ်ဖဲ့ပြောတာမျိုး ၊
သွပ် - ဆိုတာက ပေါ့သွပ်သွပ် ရူးနှမ်းနှမ်း ပေါက်ပန်းလေးဆယ်ပြောတဲ့စကားမျိုး ၊
ဒါန် - ဆိုတာက မောက်မောက်မာမာ ခက်ခက်ထန်ထန် ရိုင်းရိုင်းပျပျနဲ့ ဒဏ်သင့်လောက်တဲ့စကားမျိုး ၊
ခဲ - ဆိုတာက စောင်မဲနရွဲ အံခဲပြီး မထီမဲ့မြင်ပြောတဲ့စကားမျိုး ၊
ကြီး - ဆိုတာက ဘ၀င်မြင့် မာန်မာနထောင်လွှားပြီး လေကြီးမိုးကြီးပြောတဲ့စကားမျိုးတွေကို ရှောင်ကြရမယ် ။
No comments:
Post a Comment