" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, April 3, 2011

နေရောင်ခြည်၏ ကျန်းမာရေး အကျိုးကျေးဇူး

နေရောင်ခြည်က ရရှိတဲ့ ဗီတာမင်ဒီဟာ အရိုး သန်မာတာကနေ ခုခံအားစနစ် ကောင်းတဲ့ အထိ အရာအားလုံးနဲ့ ဆက်စပ်မှု ရှိပါတယ်။ နေ့စဉ် နေပြင်းတဲ့ နံနက် ၁၁ နာရီနဲ့ ၃ နာရီ ကြားက လွဲလို့ ကျန်အချိန်တွေမှာ သင့်မျက်နှာ၊ လက်မောင်းနဲ့ လက်တွေကို နေရောင်ခြည် ခံယူရင် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရဖို့အတွက် လုံလောက်မှု ရှိပါတယ်။

(၁) သွေးဖိအား ပုံမှန် ဖြစ်နေခြင်း

ဗီတာမင်ဒီ အဆင့် ပုံမှန် ရှိနေတာကြောင့် နောင်အခါမှာ သွေးတိုးရောဂါ မဖြစ်နိုင်ဘူးလို့ အမေရိကန်မှ သုတေသီတွေက ဆိုပါတယ်။ ဗီတာမင်ဒီကို လုံလုံလောက်လောက် ရရှိနေတဲ့ မီးယပ် သွေးမဆုံးသေးသူတွေဟာ ဗီတာမင်ဒီ ချို့တဲ့သူတွေထက် လူလတ်ပိုင်း အရွယ်မှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ သုံးဆ ပိုနည်းတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

(၂) မှတ်ဉာဏ် ကောင်းခြင်း

နေရောင်ခြည် အနည်းငယ် ရရင်တောင် သင်ရဲ့ ဦးနှောက်စွမ်းအားကို ထိန်းသိမ်းနိုင်ပါတယ်။ UK သုတေသီတွေက ဗီတာမင်ဒီ ချို့တဲ့သူတွေဟာ မှတ်ဉာဏ် ဆုံးရှုံးမှု ၆၀ ရာခိုင်နှုန်း ပိုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့သူတွေမှာ ကြိုတင် စီစဉ်မှု၊ ဆုံးဖြတ်နိုင်မှုနဲ့ ဘယ်ဟာကို အရင် လုပ်ရမယ် ဆိုတာကို သိရှိမှုတွေမှာ ၃၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

(၃) ဆီးချိုရောဂါ ကာကွယ်ခြင်း

ဆီးချိုရောဂါ အကြို (သွေးတွင်း သကြားဓာတ် များနေခြင်း) ရှိသူ အမျိုးသမီးတွေကို ဗီတာမင်ဒီ အားဆေး နေ့စဉ် ပေးကြည့်ရာ ခြောက်လ အတွင်း အင်ဆူလင် ခံနိုင်အားနဲ့ တုံ့ပြန်နိုင်စွမ်းအား နှစ်မျိုးစလုံးမှာ သိသိသာသာ တိုးတက်မှု ရှိလာတယ်လို့ New Zealand မှ လေ့လာမှု အရ သိရပါတယ်။ တခြား လေ့လာမှု အရ ဗီတာမင်ဒီဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်မှု ပိုကောင်းမွန်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၄) ကိုယ်အလေးချိန် ကျဆင်းခြင်း

အမေရိကန်မှ လေ့လာမှု အရ ဗီတာမင်ဒီ မြင့်မားတဲ့ အဝလွန်သူတွေဟာ အစာ လျှော့စားလိုက်တာနဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ ဝမ်းဗိုက်မှ အဆီတွေဟာ ဗီတာမင်ဒီ ချို့တဲ့သူတွေထက် ပိုမို ကျဆင်းသွားကြောင်း သိရပါတယ်။ ဗီတာမင် ချို့တဲ့တာကြောင့် အဝလွန်တာလား ဒါမှမဟုတ် တခြား အကြောင်းကြောင့် ဖြစ်တာလား ဆိုတာကိုတော့ ဆက်လက် လေ့လာရဦးမယ်လို့ လေ့လာသူ Shalanar Sibley က ပြောပါတယ်။

ဒေါက်တာခင်မိုးမိုး

No comments: