" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, September 11, 2011

ကလေးဆိုတာ

၁။ အမြဲတစေ အနှိမ်ခံရသော ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတတ်၏။ ထောက်ခံအားပေးမှု့ကို ရရှိသော ကလေးသည် မိမိကိုယ်မိမိ ယုံကြည်သူဖြစ်လာတတ်၏။
၂။ အမြဲတစေ အငေါက်ခံရသော ကလေးသည် အရာရာတွန့်ဆုတ်တတ် ကြောက်တတ် ပျင်း ရိတတ်၏။
ချီးကျူးမှု့ကို ရရှိသော ကလေးသည် ဇွဲမလျှော့သူ သတ္တိရှိသူ ကြိုးစားသူဖြစ်လာတတ်၏။
၃။ အမြဲတစေ ပြစ်တင်ရှုံ့ချခြင်းကို ခံရသော ကလေးသည် အပြစ်ရှာသူ ရန်လိုသူဖြစ်လာတတ်၏
သည်းခံခွင့်လွှတ်သူတို့နှင့် အတူနေခဲ့ရသော ကလေးသည် သည်းခံခွင့်လွှတ်သူဖြစ်လာတတ်၏။
၎။ အမြဲတစေ အနိုင်ကျင့်ခံရသော ကလေးသည် သူတပါးကို အနိုင်ကျင့်သူ ဖြစ်လာတတ်၏။
မျှတသူ စာနာသူတို့နှင့် အတူနေခဲ့ရသော ကလေးသည် မျှတစာနာ သူဖြစ်လာတတ်၏။
၅။ လိမ်ညာ ညစ်ပတ်ခြင်းကို ခံထားရသော ကလေးသည် လိမ်ညာညစ်ပတ်သူ ဖြစ်လာတတ်၏။
ရိုးသားဖြောင့်မတ် သူတို့နှင့် အတူနေခဲ့ရသော ခလေးသည် ရိုးသားဖြောင့်မတ်သူ ဖြစ်လာ တတ်၏။
၆။ အမြဲတစေ ၀ိုင်းပယ်ခြင်းကို ခံရသော ကလေးသည် သူတပါးကို နာကျည်းသူဖြစ်လာတတ်၏။
ကူညီဖေးမ သူတို့နှင့်အတူ နေခဲ့ရသော ကလေးသည် သူတပါးအပေါ် ကူညီတတ် သူဖြစ် လာတတ်၏။
၇။ ရက်စက်မှု့ကိုခံရသော ကလေးသည် သူတပါးကို ရက်စက်သူ ဒုက္ခပေးသူ ဖြစ်လာတတ်၏။
အကြင်နာတရားကို ငယ်စဉ်ကရရှိ ခဲ့သောကလေးသည် သူတပါးအပေါ် ကြင်နာတတ် သူဖြစ် လာ၏။
၈။ အမြဲတစေ မုန်းတီးခြင်းကို ခံရသော ကလေးသည် သူတပါးကို မုန်းတီးတတ်သူ ဖြစ်လာ တတ်၏။
မေတ္တာဖြင့် ပိုက်ထွေးမှု့ကို ခံရသော ကလေးသည် အားလုံးကို ချစ်တတ်သူ ဖြစ်လာတတ်၏။
၉။ လူဆိုးလူမိုက်များ ပညာမဲ့သူများနှင့် နေရသော ကလေးသည် လူဆိုးလူမိုက် ပညာမဲ့ဖြစ်လာ တတ်၏။
စာအုပ်စာပေများ ပညာရှိသူများနှင့် နေရသော ကလေးသည် ပညာရှိသူဖြစ်လာတတ်၏။
၊ သားသမီးဆိုတာကတော့ ရတနာဆိုသမို့လား ၊ သို့ကလိုမင့်လဲ ရတနာဖြစ်အောင် လုပ်တတ်မှ သားရတနာဖြစ်တာ မဟုတ်ပါလား၊ ...... နေရာမှာ ကိုယ့်သားသမီးဖြစ်နေရင် ဘယ်နှာလုပ်ကြရပါလိမ့်မတုန်း၊ အဲသလို ဖြစ်လာမှ ဒို့သားမီးက ဆိုးချေတယ် မိုက်ချေတယ်ဟု ပြောဆိုနေသော်လည်း အလကားပါဘဲ ဗျာတို့ သို့ကလိုကြောင့် `လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဖတို့က´ သားရွှေခဲ သမီးရွှေခဲတို့ကို ငယ်စဉ် တောင်ကျေး ကလေးဘ၀မှစလို့ .............................!!!!!

No comments: