" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Tuesday, May 8, 2012

ဘဝမှာ အောင်မြင်သူတွေဟာ

“ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်” "တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်" “အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်” “ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်” “အရာအားလုံးကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ရတယ်” “ခွန်အားကို မှန်ကန်တဲ့ဦးတည်ရာ၊ မှန်ကန်တဲ့ အသုံးချမှုပဲဖြစ်သင့်ပါတယ်" “အခွင့်အရေးရောက်လာချိန်မှာ အမိအရဖမ်းဆုပ်ပါ” "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" “သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်” "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်" "ကျွန်တော် အခုပဲလာခဲ့မယ်" "ကျွန်တော်တို့က မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့လုပ်ငန်း၊ မှန်ကန်တဲ့ဈေးကွက်ကို ရှာတွေ့ဖို့ လိုအပ်တယ်။ ဒါမှ ပိုအကျိုးရှိတဲ့ လုပ်နိုင်စွမ်းကို ဖော်ထုတ်ပြသနိုင်မှာဖြစ်တယ်" “အနိုင်ကျင့်ခံရရင် မကြောက်မရွံ့နဲ့ ပြန်တုန့်ပြန်ရတယ်လို့ ဟီလာရီကို ပြောပြတယ်” “ကျောင်းတက်တဲ့အရွယ်ရောက်တော့ ဘက်ခ်ဟမ်းနဲ့ဖခင် "အလောင်းအစား"တစ်ခု လုပ်ခဲ့တယ်။ တကယ်လို့ သတ်မှတ်ထားတဲ့နေရာကနေ ဘက်ခ်ဟမ်း ဂိုးတစ်ခါသွင်းနိုင်တိုင်း ဖခင်က သူ့ကို ငွေအကြွေ ၅ဝပဲနိပေးတယ်။ ဂိုးဝင်တိုင်း မုန့်ဖိုးရတဲ့ ဘက်ခ်ဟမ်းက ကလေးပီပီ ပျော်ရွှင်ခဲ့ပါတယ်။ တဖြေးဖြေး ကြီးပြင်းလာမှ ဖခင်ရဲ့ပြုစုပျိုးထောင်မှုနဲ့ စေတနာကို သူနားလည်ခဲ့ပါတယ်”

No comments: