" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, August 15, 2013

မစ္ဆရိယ

မစ္ဆရိယကား ... မလှူချင် ... မပေးချင်မှုမျိုးမဟုတ် ... သူတစ်ပါးအား မရစေချင်သော သဘောသာတည်းးး ယခု မျက်မြင်အားဖြင့် လူအများအပြား၌ မစ္ဆရိယစိတ် သောင်းကျန်းလျက်ရှိကြသည် ... မိမိထက် အိမ်ကောင်းရာကောင်း ... ပစ္စည်းဥစ္စာ၊လုပ်ခင်း၊ကိုင်ခင်း ရာထူးဌာနန္တရ၊ပညာဂုဏ် စသော အကြောင်းများရရှိမှာ စိုးကြသည် ... ငါမှအပ အခြားသူများ ယင်းသမ္မတ္တိ (ပြည့်စုံခြင်း) တရားများ မရရှိစေလိုသော မစ္ဆရိယစိတ်များ ပွားကြသဖြင့် ယင်းစိတ်ဓာတ်၏ အကြောင်းကြောင့် ပစ္စည်းများရှားပါးသော အကျိုး သည် ဖြစ်ပေါ်နေကြသည် ...။ ငါးပိသည်က ရွှေသည်အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည်အချင်းချင်း အတင်းပြော ကာ ဣဿာဖြစ်တတ်ကြသည် ...။ သူ၏ ကံစွမ်း ... ဥာဏ်စွမ်း ... ၀ီရိယအစွမ်းကြောင့် မိမိထက် သာလွန်၍ တိုးတက်နေသူကို အတင်း ဖျင်းပြောကာ ဣဿာဖြစ်မှုကြောင့် ထိုသူမှာ အကျိုးမယုတ်ဘဲ မိမိသာလျှင် အကျိုးယုတ်၍ ပစ္စုပန် သံသရာတွင် ယခုထက် အောက်ကျဖို့ ဖြစ်သည့် မကောင်းဆုံးသော စေတသိက်တရားပင် ဖြစ်သည် ...။ ထို့ကြောင့် - မလှူချင် ... မပေးချင်သူတို့မှာ မိမိပစ္စည်းကို တွယ်တာသောသဘောသာ ဖြစ်သည် ...။ ဤကုက္ကုစ္စ၏ နောင်တရမှုသည် အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွဟု လည်းကောင်း … ကုသိုလ်မပြုမိခဲ့၍ မပြုမိတာ မှားလေစွဟု လည်းကောင်း နောင်တရခြင်း နှစ်မျိုးရှိ၏

No comments: