" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, May 25, 2014

အဖေပြောတဲ့ ကြည့်မှန်

အဖေပြောတဲ့ ကြည့်မှန်

Mirror

ငါ့သား အရွယ်ရောက်လာရင် မှန် နှစ်ချပ်ကို သုံးဖြစ်အောင်သုံးရလိမ့်မယ်။
ပထမမှန်ကတော့ အိမ်ကနေအပြင်မထွက်ခင် ကိုယ့်ကိုကိုယ် ပြန်စစ်ဖို့ “ ကြည့်မှန်” တစ်ချပ်ပါ။

ကိုယ့်ကို မြင်ရင် လူလေးစားချင်လာအောင် ဝတ်စားထားရဲ့လား၊

အားကိုးထိုက်တဲ့ပုံ ပေါ်ရဲ့လား၊

ကိုယ်လုပ်မဲ့ အလုပ်မှာ အောင်မြင်အောင်လုပ်မယ့်ပုံပေါ်ရဲ့လား ဆိုတာတွေကို စစ်ကြည့်ဖို့ပေါ့ကွယ်…

ဒုတိယမှန်ကတော့ တစ်နေ့တာ လှုပ်ရှားသွားလာပြီးလို့ တစ်ညတာနားနေတော့မယ်ဆိုတော့မှ
အိပ်ရာထဲမှာ ကြည့်ရမဲ့ မှန် တစ်ချပ်ပေါ့။ တစ်နေ့တာ မှာ အသားအရေ ကောင်းလာလား၊ ဆိုးသွားလားကို ကြည့်ဖို့မဟုတ်ဘူးနော် …. တစ်ကယ့် ကြည့်မှန်ကို ပြောတာမဟုတ်ဘူး။

တစ်နေ့တာမှာ ငါ.သားလုပ်ခဲ့ ကိုင်ခဲ့၊ ပြောဆို၊ဆက်ဆံ ခဲ့တာတွေကို ကြည့်ဖို့ “စိတ်မှန်” တစ်ချပ်ကို ထုတ်ကြည့်ရမှာ။

တစ်နေ့တာ ၂၄ နာရီမှာ ခန္ဒာကိုယ် အင်အားပြန်ပြည့်လာဖို့ နာရီ ဘယ်လောက်အသုံးချခဲ့သလဲ၊

အပြင်ထွက်ဖို့ အရေးပြင်ဆင်နေတာ ဘယ်နှနာရီ ကြာအောင်သုံးခဲ့သလဲ၊

တစ်နေ့တာလုံး နာရီဘယ်လောက် အကျိုးရှိအောင် သုံးခဲ့သလဲ၊

ဆက်လက်တိုးတက်ဖို့ အတွက် ဘာတွေကို ဘယ်လောက်လေ့လာဖြစ်ခဲ့သလဲ၊

ဘယ်နှနာရီလောက် အချိန်တွေဖြုန်းခဲ့သလဲ၊

ပြောခဲ့တဲ့ စကားတွေအပေါ် မှာ နားထောင်ရသူအတွက် လက်ခံနိင်လောက်အောင် မှန်မှန်ကန်ကန် ပြောနိုင်ခဲ့ရဲ့လား

သူတစ်ပါးကို ထိထိပါးပါး ပြောခဲ့မိသေးလား ဆိုတာတွေကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ စိတ်မှန် တစ်ချပ်ပါဘဲ။

ဒီမှန်နှစ်ချပ်ကို ကြည့်ပြီးတော့ ဘာတွေကို ပြုပြင်လိုက်မယ်၊ ဘာကိုတော့ ဘယ်နေရာမှာ လိုနေသေးတာမို့
နောက်ထပ် ကြိုးစားကြည့်ရအုံးမယ်၊ ဘယ်ဟာကဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်ကို ဆွဲခေါ်နေတာမို့
ဘယ်လိုဆက်လုပ်လိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးမှ အိပ်လိုက်ရင် ဘဝ အိမ်မက်ဆိုးတွေ အရိပ်ဆိုးတွေ ဆိုတာကို အဘိဓာန်ထဲမှာ ရှာရမယ့်ကိန်းဆိုက်ပြီပေါ့ ။

စိတ်ဆုံးဖြတ်တဲ့ အတိုင်းသာ နေ့စဉ်ပြုပြင်သွားနိုင်မယ်ဆိုရင် အချိန်တိုင်း နာရီတိုင်း ကို အကျိုးရှိအောင် အသုံးချနိုင်တဲ့သူ ငါ့သားဖြစ်မှာ သေချာတာပေါ့ကွယ်။       ။


No comments: