" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, May 25, 2014

ရင့်ကျက်တဲ့အချိန်

ရင့်ကျက်တဲ့အချိန်

ဘယ်သူကမှ မပြောပါဘဲနဲ့ ကိုယ့်တာဝန်ကိုယ် မြင်တတ်၊ ယူတတ်တဲ့အခါ
ဘယ်သူကမှ မဝေဖန်ပါဘဲနဲ့ ကိုယ့်ကိုကိုယ်ဝေဖန်ပိုင်းခြားနိုင်လာတဲ့အခါ
ဘယ်သူမှ မဆုံးမပါဘဲနဲ့ ကိုယ်ကို့ကိုယ် ဆုံးမနိုင်တဲ့အခါ
ဘယ်သူကမှ မမေးပါဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အချိန်ပေးလုပ်သင့်တာကိုပိုင်းခြားသိတဲ့အခါ
ဘယ်သူကိုမှ မမှီခိုဘဲနဲ့ ကိုယ်သွားရမယ့်လမ်းကို ကိုယ့်ကိုတိုင်ဖောက်၊ လျှောက်တတ်လာတဲ့အခါ
ဘာအကြောင်းကြောင့်နဲ့မှ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ လက်ညိုးမထိုးတော့တဲ့အခါ
ဘာအတွက်နဲ့  ရဲရင့်သင့်တဲ့ အချိန်အခါကိုသိလာတဲ့ အခါ
ဘယ်လိုလူဆီက ဖြစ်ဖြစ် သင်ခန်းစာယူတတ်လာတဲ့အခါ
ဘယ်သူတွေနဲ့နေနေ လိုက်လျောညီထွေဖြစ်အောင်နေတတ်လာတဲ့အခါ
ဘယ်သူ့ဆီကမဆို ဂရုတစိုက်နားထောင်တတ်လာတဲ့အခါ
ဘယ်သူ့ကိုမဆို အလေးအနက်ထား ပြောဆိုတတ်လာတဲ့အခါ
ဘယ်နေရာမှာရှိနေနေ ကိုယ့်ခံယူချက် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းသိမ်းနိုင်တဲ့အခါ
  
{တချို့က ဘဝတစ်စိတ်တစ်ပိုင်းအတွက် စဉ်းစားတယ်၊
 တချို့က ဘဝတစ်ခုလုံးစာ စဉ်းစားတယ် ၊
 တချို့က ဘဝပေါင်းများစွာအတွက် စဉ်းစားတယ်
 စဉ်းစားပုံချင်းမတူတဲ့အခါ  ဦးတည်ချက်ချင်းမတူကြဘူး
  ဦးတည်ချက်ချင်းမတူတဲ့အခါ  လျှောက်တဲ့လမ်းချင်းမတူသလို
  ရောက်တဲ့ နေရာချင်းလည်းတူမှာမဟုတ်ပါဘူး}
  မဟော်နေ

No comments: