" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, October 30, 2014

ဘဝဆိုတာ

ဘဝဆိုတာ မြစ်တစ်စင်းနဲ့ တူတယ်

အမြဲတန်း စီးဆင်းနေတယ်။
တစ်ခါတစ်လေ အကွေ့အကောက်တွေနဲ့
တစ်ခါတစ်လေ ကြပြန်တော့လည်း ဖျောက်တန်းစွာ စီဆင်းတယ်။
တစ်ချို့နေရာတွေမှာ ရေစီးသန်သလို
တစ်ချို့နေရာတွေ ကြပြန်တော့လည်း ရေသေဖြစ်သွားပြန်ရော
တစ်ချို့ နေရာတွေမှာ ဝဲဂယက်တွေတောင် ဖြစ်နေ ပါလေရဲ့။
မြစ်ဟာ ပင်လယ်ပြင်ကြီးဆီကို မရောက်မခြင်း စီးဆင်းနေရပါတယ်။
ဘဝဆိုတာဟာလည်း မသေဆုံးခင် အချိန်ထိအောင် သွားလာလှုပ်ရှား နေရပါတယ်။
တစ်ခါတစ်လ ဒေါသတွေ ထွက်ရ၊ တစ်ခါ တစ်လေ ငိုလိုက်ရ၊
တစ်ခါတစ်လေ ကြပြန်တော့လည်း ပျော်လိုက်ရနဲ့၊ 
တစ်မျိုးတစ်ဖုံ မရိုးရအောင် ဘဝမှာ တွေ့ကြုံ ခံစားနေရပါလေတယ်။

No comments: