" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Thursday, October 30, 2014

အောင်မြင်လိုသူတို့ သိထားသင့်တဲ့ KFC တည်ထောင်သူ

KFC ကို တည်ထောင်တဲ့ Colonel Harland Sander ဟာ အသက် ၇၄ နှစ်မှ သန်းကြွေသန်းဌေး ဖြစ်လာသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကျောင်း ပညာရေး ညံ့ဖျင်းသူ တစ်ဦး ဖြစ်ခဲ့ပြီး လယ်သမား၊ ရထားလမ်း အလုပ်သမား၊ မီးသတ်သမား၊ အရောင်းဝန်ထမ်း အစရှိသဖြင့်တို့ကို လုပ်ကိုင်ခဲ့ပြီး အလုပ်မှာ အရည်အချင်း မပြည့်မှီလို့လည်း အလုပ် အထုပ်ခံရပါသေးတယ်။
နောက်တော့ Kentucky Fried Chicken ကို ကမ္ဘာစစ်ကြောင့် လူများ စီးပွားပျက်ကပ် ကြုံနေချိန် ၁၉၃၀ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ KFC ကြက်ကြော်လုပ်ငန်း ဟာ ယနေ့မှာ ကမ္ဘာ့ ဒုတိယ ကြီးဆုံး Fast-Food Chain ဖြစ်သွားပါပြီ။ KFC ဆိုရင် ကမ္ဘာက မသိပဲ မရှိရလောက်အောင် နာမည်ကြီး အောင်မြင်နေပြီ ဖြစ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ့အကြောင်း အသေးစိတ်ကို http://en.wikipedia.org/wiki/Colonel_Sandersမှာ ဖတ်ရှု နိုင်ပါတယ်။
H.Sander ပြောခဲ့ပါတယ်။ There’s no such thing as bad weather – just different kinds of good weather. you live on trying or die as loser."
ဆိုးရွားတဲ့ ရာသီဥတုဆိုတာမရှိပဲ ကောင်းမွန်ပြီး ကွဲပြားခြားနားတဲ့ ရာသီဥတုများကိုသာ ပေါင်းစပ်ထားခြင်းပါ။ သင်ဟာ ကြိုးစားရင်း အသက်ရှင်မယ် သို့တည်းမဟုတ် အရှုံးသမား တစ်ယောက်လို အသေခံမယ်ဆိုတဲ့ ရွေးချယ် မှု နှစ်ခုပေါ်မှာပဲ မူတည်တယ် လို့ ဆိုခဲ့ပါတယ်။
တကယ်အမှန်ပါပဲ ရိုးရာလေး စာဖတ်သူတို့..။ လောကမှာ အခြေအနေ ဆိုးရွားတယ် ကောင်းမွန်တယ် ဆိုတာ ခံယူတဲ့သူရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ အကောင်းမမြင်ပေးနိုင်တဲ့ စိတ်ဓာတ်တစ်ခုသာ ရှိနေသေးရင်၊ လုပ်ငန်းတစ်ခုကို မစတင် ဖို့ တားနေတဲ့ အကြောင်းပြချက်တွေသာ ရှိနေသေးရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အခက်အခဲဆုံး အခြေအနေက မိမိ အတွက် အမြင့်မား ဆုံးသော အောင်မြင်မှုကိုပေးစွမ်းမှာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ရယူပိုင်ဆိုင် ထားတဲ့ ပစ္စည်းနဲ့ လွယ်လွယ်ကူကူ ရထားတဲ့ ပစ္စည်း နှစ်ခုကြား ဘယ်ဟာက တန်ဖိုးကြီးတယ်ဆိုတာကိုလည်း စာဖတ်သူတို့ သိမှာ ဖြစ်တယ်လို့ ယုံကြည် ပါတယ်။

No comments: