" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management ( 1 )

Emotion Management
=============
(ကိုယ့်ကိုယ် အပြစ်တင်ခြင်း)
=============
ဘုန်းဘုန်းနဲ့ နီးစပ်တဲ့သူတွေထဲမှာ ကလေးတွေ အလိုမကျ ဖြစ်တတ်တာကို အကြိမ်ကြိမ် တွေ့ဖူးတယ်။ အဲ့ဒါတွေကို Emotion ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် "Negative Emotion" က လွှမ်းမိုးနေတာ။ အကုန်လုံးကို dominate လုပ်နေတဲ့အခါကျတော့ လောကကြီးကို ကြည့်တဲ့ "window" ဒီပြတင်းပေါက်ပေါ့။ အကုန်လုံး Negative ဖြစ်သွားတယ်။ ဒါ့ကြောင့် Negative Emotion ကို ရင်ဆိုင်ဖို့ အရေးကြီးပါတယ်။
★ သူများကို အပြစ်တင်တဲ့ဟာနဲ့ ကိုယ့်အပြစ်တင်တဲ့ဟာ။
ဒါလေး ပြောချင်တယ်။ ဓမ္မစကြာသုတ်ထဲမှာ မြတ်စွာဘုရားဟောထားတဲ့ အစွန်းနှစ်ခုဆိုတာ ရှိတယ်။ Negative Emotion ဖြစ်တဲ့ထဲမှာ ပထမအစွန်းတစ်ခုက
★ သူတစ်ပါးကို အပြစ်တင်ပြီးတော့ ကိုယ်လုပ်တာဟုတ်တယ်ဆိုပြီး ကိုယ့်ကိုယ် အလိုလိုက်တာ။ ဒါ လက်ယာ အစွန်းရောက်တယ်။ ကာမသုခလ္လိကာ နုယောဂေါ ကိုယ့်ကိုယ် အလိုလိုက်တာ။
★ နောက်တစ်ခုကတော့ သူများကိုတော့ အပြစ်မတင်ဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အပြစ်တင်တယ်။ ဖြစ်လာတဲ့ဟာတွေ ငါဘာလို့သွားလုပ်တာပါ။ ဒီဟာလုပ်တာပါ။ ဒီနေရာ ဘာလို့လာပြီးလုပ်တာပါ။ ဒီလူနဲ့ ဘာကြောင့် လုပ်တာပါနဲ့ ကိုယ်က ပြန်ပြီးတော့ undo လုပ်လုပ်နေရတဲ့ဟာတွေ၊ ပြန်ပြီးတော့ နောက်ကြောင်းပြန်လို့မရတဲ့ဟာတွေ။ အဲ့ဒါတွေကိုတွေးပြီးတော့ နောင်တတွေဖြစ်၊ ကိုယ့်ဟာကိုယ် အပြစ်တွေတင်နေတာ။
အမေရိကားက သူဌေးကြီးတစ်ယောက်က စီးပွားရေးလုပ်ရင်းလုပ်ရင်းနဲ့ မီလျံနာဖြစ်နေပြီ။ တစ်နေ့ကျတော့ ဘာသွားစဉ်းစားမိလဲဆိုတော့ ဟိုနေရာလေးမှာတဲ့ .. "ဘက်စ်ကား"ဆိုပါတော့ ။ အဲ့ဒီဘယ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ရင် ဒီကနေ့ဆိုရင် အကျိုးအမြတ်က ဘယ်လောက်ရှိနေပြီ။ ငါ မလုပ်လိုက်မိတဲ့ အတွက်ကြောင့် ဒီခုနစ်နှစ် အတွင်းမှာ၊ ရှစ်နှစ်အတွင်းမှာ ပိုက်ဆံ ဘယ်လောက်ထိ ဆုံးရှုံးသွားတယ်ဆိုပြီး မရင်းနှီးလိုက်ရတဲ့ဟာ၊ မလုပ်လိုက်ရတဲ့ဟာ။ အဲ့ဒါကို အကြောင်းပြုပြီးတော့ သူက နောင်တတွေ ဖြစ်တယ်။ သူ့ကိုယ်သူ ပြန်အပြစ်တင်တယ်။ အဲ့ဒါကို တွေးရင်းတွေးရင်းနဲ့ auto mind ၀င်လာတဲ့အခါကျတော့ နောက်ပိုင်း အိပ်မရတော့ဘူး။
စိတ်ဆရာဝန်ဆီရောက်သွားတယ်။ အဲ့ဒါနဲ့ စိတ်ဆရာဝန်ကသူ့ကို ဘယ်လိုပဲပြောပြော
" ဒီဆရာဝန်က ငါ ပြောတဲ့ စီးပွားရေးလုပ်ကွက်မှ သူကမှ မသိတာ။ သူကမှ တန်ဖိုးမသိတာ" ဆိုပြီး ဆရာဝန်ပြောတာကို သူက နားမထောင်ဘူး။ အဲ့ဒါနဲ့ နောက်ပိုင်းကျတော့ သူ အိပ်မနိုင် စားမရ အဲ့လိုဖြစ်ပြီး နောက်ဆုံးကျတော့ ဘာလေး သွားတွေ့တုန်းဆိုတော့.. သူက စာဖတ်တဲ့သူဆိုတော့ ဓမ္မပဒထဲက မြတ်စွာဘုရားဟောထားတဲ့ စာသားလေး..
★ အတိတ်ကိုလည်းပဲ ပြန်ပြီးတော့ နောင်တမဖြစ်နဲ့။
★ အနာဂတ်အတွက်လည်း မပူပန်နဲ့။
★ ပစ္စုပ္ပန်တည့်တည့်နေပါ။
ဒီလို လုပ်မှ စိတ်ချမ်းသာမယ်။
ဒါ သက်သေ သာဓက သုတ်ထဲမှာလည်း ရှိပါတယ်။ အဲ့ဒီတော့ အခု Negative Emotion ကို ကိုင်တွယ်တယ်ဆိုတာက
★ အလုပ်ဘယ်လောက်ပဲ များများ ပစ္စုပ္ပန်တည့်တည့်မှာ center လုပ်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် ကိုယ့်စိတ်ကိုယ် Center လုပ်နေရမယ်။ ကိုယ့်ရဲ့ အတွေးကို Center လုပ်နိုင်ရမယ်။ ကိုယ့်ရဲ့ Emotion ကို Center လုပ်နိုင်ရမယ်။ ဒါလေး လေ့ကျင့်ပေးရမယ်။
အဲ့လို မဟုတ်ဘူးဆိုရင် ဒီ အရင်းအနှီး မလုပ်လိုက်ရတဲ့ အဲ့ဒီစီးပွားရေးမှာ အမြတ်အစွန်း မရလိုက်တဲ့အတွက်ကြောင့်မို့လို့၊ သူ နောင်တတွေဖြစ်ပြီးတော့ Negative အတွေးတွေပဲ ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ သူမီလျံနာ ဖြစ်နေတယ်ဆိုတာ မေ့သွားတယ်။ သူ့မှာ တိုက်တွေအများကြီးရှိတယ်။ ကားတွေ အများကြီးရှိတယ်။ အလုပ်သမားတွေ အများကြီးရှိတယ်။ ၀င်ငွေတွေ အများကြီးရှိတယ်။ သူမေ့နေတယ်။
========
ဘုန်းဘုန်း Oxford မရောက်ခင် London မှာနေတုန်းက Sunday School လုပ်တော့ ကလေးတွေနဲ့ စကားပြောတဲ့အခါ ကလေးတွေက သူတို့ဖြစ်ချင်တဲ့ဟာတွေကို သူတို့ကပြောပြတယ်။ "အရှင်ဘုရား တပည့်တော် ဘာမှမလုပ်ချင်ဘူး။ Bill Gates လိုပဲတဲ့။ Bill Gates က ဒီမှာ တစ်နေ့ကို ၀င်ငွေဘယ်လောက်ဝင်တယ်။ အဲ့ဒါကို တစ်နာရီနဲ့ဆိုရင် ဘယ်လောက်ဝင်တယ်။ တစ်မိနစ်ဆိုရင် ဘယ်လောက်ဝင်တယ်။ ကလေးက အဲ့လို တွက်တာပေါ့။ အဲ့ဒါနဲ့ သား "ဘာဖြစ်ချင်တာတုန်း"ဆိုတော့ သူ့လို။ Bill Gates လို ဖြစ်ချင်တာတဲ့။ သူ့လိုဖြစ်ချင်တာတော့ ဟုတ်တယ်။
အဲ့လို Ambition ရှိနေတယ်။ ဒါပေမယ့် တစ်ဖက်က ပစ္စုပ္ပန်တည့်တည့်မှာ ဒီကလေး သူလုပ်ရမယ့်အလုပ်ကို သူသိရမယ်။ Bill Gates က နေ့ချင်းညချင်း Bill Gates ဖြစ်လာတာ မဟုတ်ဘူး။
Bill Gates က သူ လူတွေကို အလုပ်ပေးတယ်ဆိုရင် ပထမဆုံးမေးတဲ့မေးခွန်းက
ဘာအမှားလုပ်ခဲ့တုန်းတဲ့။ အဲ့ဒီအမှားကို ဘယ်လိုဖြေရှင်းခဲ့တုန်းတဲ့။ သူက အဲ့ဒါမေးတာ။
အဲ့ဒါသူသဘောကျပြီဆိုရင် အဲ့ဒီလူကို သူအလုပ်ပေးလိုက်တာပဲတဲ့။ သူအဓိက မေးတဲ့မေးခွန်းပေါ့။
Bill Gates က University လည်း မတက်ခဲ့ရဘူး။ ဒီလိုနဲ့ ဖြစ်လာတဲ့ ပုဂ္ဂိုလ်။ အဲ့ဒီတော့ ဆိုလိုချင်တာကတော့
★ ဒီ Negative Emotion ဆိုတာ သူဖြစ်ပြီဆိုရင်
စိတ်ကို အတိတ်မှာပဲနေခိုင်းတယ်။
ဒီဟာက သိဖို့ သိပ်အရေးကြီးတယ်။ စိတ်ကို အတိတ်မှာပဲ နေခိုင်းတယ်။
ဒီနေ့ တနင်္ဂနွေနေ့။ ၃၁ ရက်နေ့။ မနက် ၉း၃၀။ ဒါ ပစ္စုပ္ပန်။ မနေ့က အကြောင်း တွေးနေတယ်။ မနေ့က အကြောင်းပဲ စိတ်က Auto Mind နဲ့ မနေ့ကအကြောင်းပဲ အဲ့ဒီကို ခဏခဏ ရောက်ရောက်သွားမယ်ဆိုရင် ဒါ ငါ့မှာ Emotional Issue ရှိသလားလို့ ကိုယ့်ကိုယ် ပြန်ဆန်းစစ်ပါ။ Emotion အကြောင်း ရှိသလား။ ဒီ Emotion က ကိုယ့်ကိုယ် မကျေနပ်တဲ့ဟာလား။ သူများကို မကျေနပ်တဲ့ဟာလားဆိုတာ ပြန်ပြီးတော့ ကြည့်ပါ။

No comments: