" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (၂)

Emotion Management (၂)
===================
ကိုယ့်အတွက် Negative emotion အားလုံးရဲ့ အရင်းခံကတော့၊ အကြောင်းရင်းကတော့ ဒီ ဓမ္မစကြာထဲမှာ မြတ်စွာဘုရားဟောထားတဲ့ (ပါဠိလို နည်းနည်းရွတ်ခွင့်ပေးပါ။) "ယံမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ" - လိုချင်တာ မရတာပေါ့။
★ လူတစ်ယောက် ၊ အမေက သားကို ဒီပုံစံမျိုးဖြစ်စေချင်တယ်။ သားက ဒီပုံစံမျိုးမဖြစ်ဘူး။ ဆံပင်က နည်းနည်းတိုနေတယ်။ နည်းနည်းရှည်နေတယ်။
စကားပြောတာ ဒီလိုဖြစ်နေတယ်။ အ၀တ်အစားဝတ်တာ ဒီလိုဖြစ်နေတယ်ဆိုပြီး အမေက သားကို သူ့အရှိကို အရှိအတိုင်း လက်မခံဘူး။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ရာနှုန်းပြည့် ဖြစ်စေချင်နေတယ်။ တချို့ဟာတွေက အမှား၊ အမှန်နဲ့လည်း ဘာမှ မပတ်သက်ဘူး။ တစ်ချို့ဟာတွေက Preference နဲ့ ပတ်သက်တယ်။
★ ဒီကနေပြီးတော့ ရွှေတိဂုံကို သွားတယ်။ ဆယ့်ငါးမိနစ်နဲ့မှန်းထားတယ်။
တစ်နာရီကြာသွားတယ်ဆိုရင်၊ ဒါ လေးဆယ့်ငါးမိနစ် ပိုပြီးတော့ အချိန်သုံးရတဲ့အတွက်ကြောင့်မို့ အဲ့ဒီအချိန်မှာ Negative Emotion ဖြစ်လာတာကို
ကိုယ် Manage မလုပ်နိုင်ဘူး။ စီမံခန့်ခွဲမှု မလုပ်နိုင်ဘူး။
★★ Negative Emotion ရှိလာတာကို ရှိမှန်းမသိလိုက်ဘူးဆိုရင်
လမ်းပေါ်ကလူတွေကို အကုန်လုံး Negative မြင်တယ်။ အဆိုးမြင်တယ်။
★ ရွှေတိဂုံဘုရားမှာ သဒ္ဓါတရားနဲ့ သွားပြီးတော့ ဘုရားဖူးတဲ့သူတွေလို့
အဲ့ဒီအလှအပလေးတွေ မမြင်တော့ဘူး။
ရွှေတိဂုံဘုရားကို ဒီလိုနှစ်ပေါင်း ရာနဲ့ချီပြီးတော့ လူတွေ သဒ္ဓါတရား၊ လူအင်အား၊ သဒ္ဓါအင်အား၊ ပစ္စည်းအင်အား၊ စိတ်ဓာတ်အင်အား၊ ဒီအင်အားတွေ
စုပြီးတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဒီလိုဖြစ်အောင် ကြည်ညိုစရာကောင်းအောင် လှူဒါန်း၊ လုပ်ကိုင်၊ စောင့်ရှောက်လာတာ။
အဲ့ဒီအလှအပတွေကို မမြင်တော့ဘူး။
★★ အပြင်က အလှအပမမြင်တာ ဘာကြောင့်မမြင်တာလဲဆိုတော့
အထဲက အလှအပကို ကိုယ်မမြင်လို့။
★ ဒါ့ကြောင့် ပထမဆုံး မိမိဘ၀ရဲ့ အလှမြင်အောင် ဆိုပြီးတော့ Positive Emotion တည်ဆောက်ပုံ၊ တည်ဆောက်နည်းလေး ပြောခဲ့ပြီးပြီ။
ဒါပေမယ့် ဒီ Positive Emotion က သူက ဘာနဲ့တူသလဲဆိုတော့
ဒီလို နှင်းဆီပန်းလေးတွေနဲ့ တူတယ်။ ဒီ နှင်းဆီပန်းလေးတွေ ပွင့်လာအောင်ဆိုရင်၊ ဒီ weeds မြန်မာလိုပြောရင် ပေါင်းသင်ပေးရတယ်။
ဒီ မြေပေါ်မှာရှိတဲ့ သူ့ရဲ့မြေသြဇာကို လာပြီးတော့ အသုံးပြုနေတဲ့ Negative Emotion တွေ အများကြီးရှိတယ်။ ဒေါသဖြစ်တယ်ဆိုရင် အရမ်း Exhausted ဖြစ်တာ။ တစ်ခုခု စိတ်တိုင်းမကျတော့ဘူးဆိုရင် အရမ်းစိတ်ညစ်တယ်။
ထမင်းစားခါနီးဆိုရင် မစားနိုင်တော့ဘူး။
အိပ်ခါနီးဆိုရင်လည်း အိပ်မပျော်တော့ဘူး။
ဘုရားသွားခါနီးဆိုလည်း အာရုံမစိုက်နိုင်တော့ဘူး။
စာဖတ်ခါနီးဆိုလည်း စာထဲ စိတ်မရောက်တော့ဘူး။ ထည့်မရတော့ဘူး။
အဲ့လိုတွေ ဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အင်္ဂလိပ်ဆိုရင် Passion ဆိုတာက သူက အရမ်း.. စိတ်ရဲ့ အင်အားကို သူက အရမ်း စုပ်ယူသွားတယ်။
★ ဒါကြောင့် ဒီ Negative Emotion Management မှာ ပထမဆုံး
ဒီ Negative Emotion သူအရှိကို အရှိအတိုင်း လက်ခံနိုင်ရမယ်။ ဒါက စိတ်ညစ်နေတာ။ "စိတ်ညစ်တယ်ဆိုတာ ဒါလေးကို ပြောတာ" ဆိုပြီး
အဲ့ဒီ စိတ်ညစ်တာလေးကို လက်ခံ၊ စိတ်ညစ်တာလေးနဲ့ နေနေ။
★ ဒေါသဖြစ်တယ်ဆိုရင် "ဒေါသဖြစ်နေတာ၊ ဒေါသဆိုတာ ဒီဟာပဲ"ဆိုပြီး
အဲ့ဒီဒေါသနဲ့အတူနေလိုက်။ ဒေါသကို ကြည့်နေလိုက်။
ကြည့်တဲ့အခါမှာလည်းပဲ အကောင်းအဆိုး မဝေဖန်နဲ့။ ဒေါသပဲ။
အကောင်းအဆိုးမဝေဖန်နဲ့။ အကြည့်နဲ့ ကြည့်ပေးပေါ့။
အကြည့်နဲ့ ကြည့်ပေး။ ဒီလို Negative Emotion တွေ အရေးကြီးတယ်။
ဆက်ရန် ...

No comments: