" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management & Mindful Compassion

Emotion Management & Mindful Compassion တရားပွဲသင်တန်း (အပိုင်း ၁ - ၁)
************************
Emotion ဆိုတာကို Positive နဲ့ Negative နဲ့ ခွဲပြီးတော့ ပြောပြဖို့ ရှိပါတယ်။
ဒီနေ့တော့ Positive Emotion အကြောင်း ပြောပြဖို့ရှိပါတယ်။ Positive emotion အကြောင်းတွေပဲ exercise လုပ်မယ်။ workshop တွေနဲ့ exercise လုပ်မယ်။ လေ့ကျင့်ခန်းလုပ်မယ်။ မနက်ဖန်ဆိုရင်တော့ negative emotion အကြောင်း။
★ ဗုဒ္ဓဆုံးမတာက ရှင်းရှင်းလေးပဲ။
✔ ရှိနေတဲ့ positive emotion ကို တွေ့အောင်ရှာမယ်။
✔ တွေ့ပြီးရင် အားကောင်းအောင် လုပ်ရမယ်တဲ့။
ဒါက ရှိနေတဲ့ positive emotion။
✔ မရှိသေးတဲ့ positive emotion၊ (ကောင်းတဲ့ စိတ်ခံစားမှု)တွေ မရှိသေးရင်လည်း ရှိအောင်လုပ်ရမယ်။
ဒါ positive emotion နဲ့ ပတ်သက်တာ။
★Negative emotion နဲ့ ပတ်သက်တာလည်းပဲ ဒီအတိုင်းပဲ။ ဟောထားတာ အရမ်းရှင်းတယ်။
✔ ရှိနေတဲ့ negative emotion ကို တွေ့အောင်ရှာမယ်။
✔ ရှာပြီးရင် အဲ့ဒီ negative emotion မရှိအောင်၊ နည်းသွားအောင် လုပ်ရမယ်။
✔ မရှိသေးတဲ့ negative emotion ကို မဖြစ်အောင် လုပ်ရမှာပေါ့။
ပြန်ပြောမယ်။
(၁) ရှိနေတဲ့ positive emotion ကိုတွေ့အောင်ရှာပြီးတော့ ၊ များအောင် ၊ အားကောင်းအောင် လုပ်ရမယ်။
(၂) မရှိသေးတဲ့ positive emotion ကို ရှိအောင်လုပ်ရမယ်။
(၃) negative emotion နဲ့ ပတ်သက်ရင် ရှိနေတဲ့ negative emotion ကို တွေ့အောင်၊ သိအောင် လုပ်ရမယ်။
တွေ့တယ်။ သိတယ်ဆိုရင် သူက ပျောက်လာတယ်။
(၄) မရှိသေးတဲ့ negative emotion ကို မရှိအောင် လုပ်ရမယ်။
အဲ့ဒီ လေးခုကို "သမ္မပ္ပဓာန်လေးပါး" ဆိုပြီးတော့ ခေါ်ကြတာပါပဲ။
★ သမ္မပ္ပဓာန်ဆိုတာကတော့ "ကြိုးစားမှု" ကြိုးစားနည်း လေးမျိုးပေါ့။
☆ ကြိုးစားတယ်ဆိုတာ focus မရှိဘဲနဲ့ ဘယ်လိုကြိုးစားမယ်... စူးစိုက်မှုမရှိဘဲနဲ့ ရွေးချယ်မှုမရှိဘဲနဲ့ ဒီအတိုင်းကြိုးစားရင် အရာမရောက်ဘူး။
ခါးတောင်းကျိုက်ပြီးတော့ ငါးဖမ်းမယ်ဆိုပြီးတော့ ရေထဲခုန်ချပြီး တစ်နေကုန်ငါးရှာတယ်။ ငါးက ဘယ်လိုနေရာမျိုးမှာ နေသလဲဆိုတာ မသိဘူး။ ငါးက ဖမ်းမှ ရမယ်ဆိုတာ မသိဘူး။ မသိတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်ကို ငါးဖမ်းတယ်လို့ မခေါ်နိုင်ဘူး။ တံငါသည်လို့ မခေါ်နိုင်ဘူး။
"ရေနောက်အောင် လုပ်တဲ့ ပုဂ္ဂိုလ်" လို့ပဲ ခေါ်နိုင်တယ်
emotion တွေက အဲ့ဒီအချိန်မှာ နောက်နေတယ်။ ရှုပ်ထွေးနေတယ်။
ငါးအကြောင်းသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုနေရာမျိုးမှာ ငါး နေသလဲ
ဘယ်လို အစာမျိုး ကျွေးရင် ငါး လာတတ်သလဲ။
ရေက ရေစီးသန်ရင် ငါးက ဘယ်လို နေရာမျိုးမှာ နေတတ်လဲ။
အဲ့ဒီလို လေ့လာပြီးတော့ ငါးမျှားတဲ့ ပုဂ္ဂိုလ်ကျတော့ အချိန်အများကြီး မသုံးရဘူး။ အဲ့ဒီပုဂ္ဂိုလ်ကိုကျမှ ငါးဖမ်းတယ်လို့ ခေါ်တာ။
★ နောက် ၀ီရိယချင်း၊ သူတို့ရဲ့ reward ချင်း မတူဘူးပေါ့။ ကြိုးစားတာတော့တူတယ်။ ဒါပေမယ့် reward ချင်းမတူဘူးပေါ့။ ဒါလေးပြောပြမယ်။
ဒီနေ့ positive နဲ့ negative emotion အကြောင်း မပြောခင်မှာ အရေးကြီးတဲ့ အခြေခံတစ်ခု ပြောချင်တယ်။
🔯 ဒါကတော့ auto mind (အော်တိုစိတ်) အကြောင်း သိကောင်းစရာ။
★ ကားမောင်းတဲ့အခါ manual gear၊ auto gear ဒီလိုရှိတယ်ဆိုပြီးတော့ ကပ္ပိယတွေ ဘုန်းဘုန်းကို ပြောပြပါတယ်။ ဘုန်းဘုန်းတော့ ကိုယ်တိုင် ကားမမောင်းဖူးပါဘူး။ မောင်းလည်း မမောင်းတတ်ဘူး။ auto gear နဲ့ ဆိုရင် လူသက်သာပါတယ်တဲ့။ လူလည်း သက်သာတယ်။ ခြေထောက်လည်း သိပ် မနင်းရဘူး။ လက်လည်း အမြဲတမ်း gear ကို အပြောင်းအရွှေ့ လုပ်မနေရဘူး။ အော်တိုဂီယာ။
အော်တိုဂီယာနဲ့ မောင်းတဲ့ကားဆိုရင် လမ်းကလည်းကောင်းတယ်၊ ဖြောင့်ဖြူးတယ် ဆိုရင်တော့ ဒါ လူ သက်သာတယ်ပေါ့။
manual gear နဲ့ (auto gear မဟုတ်တဲ့ကား) မောင်းခိုင်းတယ်။ သူ သုံးနာရီလောက် မောင်းလိုက်ရတာ အရမ်းပင်ပန်းသွားတယ်
auto gear နဲ့ မောင်းနေရင် ခြောက်နာရီ လွယ်လွယ်ကူကူမောင်းနိုင်တယ်။ ပိုပြီးတော့ ခရီးတွင်တယ်ပေါ့။ ဒါက auto (အော်တို)တွေ ကောင်းတဲ့နေရာကို ပြောတာ။ အော်တိုဖြစ်ရင် ကောင်းတဲ့နေရာ။
★ အော်တိုဖြစ်ပြီးတော့ မကောင်းတဲ့ နေရာတွေလည်း ရှိတယ်။ ဒါကို တရားသဘောနဲ့ စာသဘောနဲ့ ပြောမယ်ဆိုရင် auto ဖြစ်ပြီးတော့ ကောင်းတာတော့ သောတာပန်ဖြစ်ပြီးတော့.. တရား၊ အဲ့ဒီ အဆင့်အထိ ရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ အထက်ကို တက်ဖို့အတွက်၊ နိဗ္ဗာန်ရဖို့အတွက်၊ သူက အော်တိုလို ဖြစ်သွားတယ်။ အော်တိုဂီယာနဲ့ သွားနေတယ်ပေါ့။ လမ်းလွဲဖို့ မရှိတော့ဘူး။ လမ်းလည်း ဖြောင့်ဖြူးသွားပြီ။
★ ဒီ .. မကောင်းတဲ့ဘက်ကနေ ပြောမယ်ဆိုရင်လည်းပဲ မိခင်ကို သတ်ဖူးတဲ့သူ၊ ဖခင်ကို သတ်ဖူးတဲ့သူ၊ ရဟန္တာကို သတ်ဖူးတဲ့သူ၊ သံဃာသင်းကွဲအောင် လုပ်ဖူးတဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရားကို သွေးစိမ်းကပ်အောင် လုပ်ဖူးတဲ့ပုဂ္ဂိုလ်၊ အဲ့ဒီလို ပဉ္စာနန္တရိယကံကြီး ငါးပါးကျူးလွန်မိတဲ့ ပုဂ္ဂိုလ်ဆိုရင် သူ့ရဲ့ consequences ၊ သူ့ရဲ့ ဆိုးကျိုးက auto ပဲ။ ပါဠိလိုဆိုရင် နိယတလို့ ခေါ်တာပေါ့။
★ ဘုန်းဘုန်းတို့ ပရိတ်သတ်တို့က အင်မတန် ချောမွေ့တဲ့ မော်တော်ကားကို မောင်းနေရတဲ့ အနေအထားမျိုး မဟုတ်သေးဘူး။ ဘ၀ခရီးလမ်းပေါ့နော်။ လမ်းတွေ၊ ချိုင့်ခွက်တွေ bumpy ဖြစ်တယ်ခေါ်တာပေါ့။ ကားမောင်းတာ ခုန်နေတယ်။ အဲ့ဒါကိုပဲ emotional swing ဖြစ်တယ်။ emotion က ဟိုလို ဒီလို swing (လှုပ်ရှား) တယ်ပေါ့။
★ mode swing ဆိုတာ ရှိသေးတယ်။ တက်လိုက် ကျလိုက် emotion။ စိတ်ဓာတ်က တက်သွားလိုက်၊ ကျသွားလိုက်။ တခါအားရှိလိုက်၊ အားတက်လိုက်၊ လုပ်ချင်လိုက်၊ မလုပ်ချင်လိုက်။
★ လူတစ်ယောက်ကို.. ကိုယ့်သူငယ်ချင်းပဲထား။ တခါတခါ စကားပြောချင်တယ်။ တခါတခါ လုံးဝမတွေ့ချင်ဘူး။ အဲ့ဒီလို mode swing တွေရှိတယ်။ ဒါတွေက ဖြောင့်ဖြူးနေတဲ့ မော်တော်ကားနဲ့ မတူသေးဘူး။ ဒီလို ချိုင့်ခွက်တွေနဲ့ ပြည့်နေတယ်။
★ လူအများစု၊ ဘုန်းကြီးတို့၊ ဒကာကြီးတို့၊ ဒကာမကြီးတို့ emotion ခရီးကဒါနဲ့ တူတယ်။ ဒါဖြင့် ဒီလမ်းမှာ ချိုင့်ခွက်တွေ ပေါ်နေတဲ့ emotion လမ်းမှာ ကိုယ့်ဟာကိုယ် ကားမောင်းရမယ်။ ဒရိုင်ဘာ ငှားလို့မရဘူး။ ကိုယ့်ဟာကိုယ် မောင်းရမယ်။
★ ဒ့ါကြောင့် မြတ်စွာဘုရားက "အတ္တာဟိ၊ အတ္တနော နာထော"။ ကိုယ့်ကိုယ် မောင်းရတာ။ ကလေးလည်း ကလေးအလျောက်၊ လူကြီးလည်း လူကြီး။ ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်။ အလုပ်ရှင် သူဌေးလည်း သူဌေးအလျောက်၊ staff လည်း staff အလျောက်။ ဒါ ကိုယ့်ဟာကိုယ်၊ ကိုယ့် emotion ဆိုတဲ့ကား၊ ဒီကားကြီးကို ကိုယ့်ဟာကိုယ် မောင်းရတာ။ သူများလာပြီးတော့ မောင်းပေးလို့ မရဘူး။
★ ဘုန်းဘုန်းပြီးခဲ့တဲ့ ၁၇ နှစ်၊ ၁၈ နစ်တုန်းက.. (အခု အင်္ဂလန်ရောက်တာ အနှစ်နှစ်ဆယ်ရှိသွားပြီ။) အဲ့ဒီ အချိန်တုန်းက ဟိုမှာရှိတဲ့ မြန်မာကလေးတွေကို အိမ်တိုင်ရာရောက်ပေါ့နော် လိုက်ပြီးတော့ ဗုဒ္ဓဘာသာအကြောင်း သင်ပေးတာ။
တစ်နှစ် တစ်နှစ်ကို တစ်အိမ်၊ တစ်အိမ်ကို လေးရက်၊ ငါးရက်၊ တစ်ချို့ဆိုရင် သုံးရက် .. အဲ့လို သူတို့အိမ်မှာ သွားအိပ်ပြီးတော့ သင်ပေးတယ်။ နေ့ခင်းဆိုရင် ကလေးတွေကို သင်ပေး။ ညနေဆိုရင် မိဘတွေကို သင်ပေး။ ကလေးတွေလည်းပဲ မိသားစု လေးငါးဦးလောက် စုပြီးတော့ အဲ့ဒီမှာ .... (ဘုန်းဘုန်းက အခု ဒီဟာပြောနေရင်းနဲ့ emotion driver အကြောင်းပြောနေရင်းနဲ့)ဘာသတိရတုန်းဆိုတော့ ကလေးတွေ ကာယကံ၊ ၀စီကံ၊ မနောကံ နားလည်အောင် ဘုန်းဘုန်းက ပုံဆွဲခိုင်းတာ။ ကိုယ်တိုင်တော့ ပုံမဆွဲတတ်ဘူး။ ကလေးတွေကို idea ပေးတယ်။
★ အဲ့ဒီမှာ ကလေးမလေး တစ်ယောက်က ပုံဆွဲတယ်။ ပုံက ဘယ်လိုပုံဆွဲလဲဆိုတော့ မြင်းလှည်းတစ်ခု ပုံဆွဲတယ်။ ဘီးနှစ်ခု ရှိနေတယ်။ ရှေ့က မြင်းတစ်ကောင်ရှိတယ်။
★ မြင်းလှည်း နှစ်စီး ဆွဲခိုင်းတယ်။
● တစ်စီးက မောင်းတဲ့သူပါတယ်။
● တစ်စီးက မောင်းတဲ့သူ မပါဘူး။
မောင်းတဲ့သူ မပါတဲ့ မြင်းလှည်းကို မြင်းက သူခေါ်ချင်ရာ ခေါ်သွားမယ်။ ပန်းတိုင် ရောက်ချင်မှ ရောက်မယ်။ ဘေး ရောက်ချင်လည်း ရောက်မယ်။ မှောက်ချင်လည်း မှောက်မယ်။
အမောင်းသမား driver ရှိတဲ့ မြင်းလှည်းကျတော့ driver က ထိန်းပေးတဲ့အတွက်ကြောင့်မို့ မြင်းက ဒီ လှည်းရယ်၊ ဒီ ဘီးနှစ်ခု မချော်အောင်၊ ဒီလှည်း လိုရာခရီးပန်းတိုင် destination ရောက်အောင် သယ်သွားပေးတယ်။
အဲ့ဒီ မြင်းလှည်းမောင်းသမားကို mindfulness (သတိ)လို့ခေါ်ပါတယ်။
အဲ့ဒီ ရှေ့က မြင်းကိုတော့ မနောကံ (စိတ်) လို့ ခေါ်ပါတယ်။
ဘေးက ဘီးနှစ်ခုကိုတော့ တစ်ခုက ပါးစပ်ကပြောတဲ့ ၀စီကံပေါ့၊
နောက်တစ်ခုကတော့ ခန္ဓာကိုယ်နဲ့ ခြေနဲ့လက်နဲ့ လုပ်တဲ့ ကာယကံ။
ကလေးတွေကို အဲ့ဒီလိုပြောတယ်။
★ နောက်ပြီးတော့ ဓမ္မပဒထဲမှာ ပထမဆုံး တစ်ဂါထာပေါ့။
ဒီမြင်းက သဘောကောင်းတဲ့ မြင်းဆိုရင် လမ်းအတိုင်း ပုံမှန်သွားတယ်။
အဲ့ဒီလိုမဟုတ်ဘူး။ moody ဖြစ်တဲ့မြင်း။ စိတ်ရှုပ်နေတဲ့မြင်းပေါ့။ ဒီမြင်းက သွားချင်လိုက်၊ မသွားချင်လိုက်။ ဆန္ဒပြလိုက်၊ ပြီးတော့ ဘေးကို ဆွဲခေါ်ရင်လည်း ခေါ်သွားမယ်။ အဲ့ဒီလို လုပ်ရင် destination မရောက်ဘူး။
★ destination က ဘယ်မှာလဲ။
★ ပါမောက္ခချုပ်ဆရာတော်ကြီးက သတိပဋ္ဌာနသုတ်အကျဉ်းချုပ်တရားတော်စာအုပ်ထဲမှာ ဟောထားတာ ငါးပုဒ်ရှိတယ်။
● ပထမတစ်ပုဒ်မှာ ဘာပြောလဲဆိုတော့ လူတွေက Happy birthday. နောက်ပြီးတော့ Happy Anniversary. နောက် Happy day .. Happy အကြောင်းတွေ ပြောတယ်။ ဒါ လူတွေရဲ့ destination.
ပျော်ချင်ကြတယ်။ အဲ့ဒီကို တကယ်ရောက်ရဲ့လား ဆိုတာ ပြန်ပြီးတော့ ကြည့်ဖို့အတွက် ဒီနေ့ ဒီworkshop လုပ်တယ်။ ဒီ workshop ကတော့ အဲ့ဒီကိုရောက်အောင်ဆိုရင် အရာနှစ်ခုကို သိရမယ်။
★ တစ်ခုကတော့ Positive emotion .
★ နောက်တစ်ခုကတော့ Negative emotion.
ဒီနှစ်ခု သိရမယ်။
အဲ့ဒီ နှစ်ခုမသိခင်မှာ auto mind အကြောင်း ပြန်ပြောမယ်။
ဆက်ရန်....
မဟာဗောဓိရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော
အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ,
(Ven. Dr. Dhammasami, Oxford)
ဟောကြားပို့ချတော်မူသည့်
Emotion Management & Mindful Compassion တရားပွဲသင်တန်း
အပိုင်း (၁) အသံဖိုင်မှ စာရိုက်ပူဇော်ပါသည်။
Photo Credit : Mi Soe Paing

No comments: