" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

ကိုယ့်ရဲ့ရင်ထဲမှာ ကိုယ့်ရဲ့ နှလုံးထဲမှာရှိတဲ့ ဒီ.. နာကျင်မှုနဲ့ ကိုယ်က ဆက်သွယ်လို့ မရဘူးဆိုရင်

Emotion Management
................................
အလိုမကျတဲ့ဟာတွေ၊ လိုချင်တာ
မရတဲ့ဟာတွေ၊ ဒါတွေ နေ့စဉ်နဲ့အမျှ တွေ့နေရတယ်။ လိုချင်တဲ့အတိုင်း မဖြစ်တဲ့အခါ စိတ်ညစ်တာတို့ Frustration စိတ်တိုတာတို့၊ အဲ့ဒါမျိုးတွေ ဖြစ်တယ်။ အဲ့လို ဖြစ်တဲ့အခါမှာ ဖြစ်ပေါင်းများရင် သူက trauma ဖြစ်သွားတယ်။
ဒီ Frustration သေးသေးလေး များလာရင် Trauma ဖြစ်သွားတယ်။
အဲ့တော့ ဒါဖြင့် ဘယ်လိုလုပ်မှာတုန်း။ သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် ကိုင်တွယ်ပုံ ကိုင်တွယ်နည်းကတော့ မနေ့က ပြောခဲ့တဲ့ Non- judgmental mindfulness အကောင်းအဆိုး မဝေဖန်နဲ့၊ သတိ။ အဲ့ဒီဟာတစ်ခု။
★ စိတ်ညစ်လာပြီဆိုရင် ပထမဆုံး အဲ့ဒီ စိတ်ညစ်တာလေးကို မိအောင် ဖမ်းလိုက်ရမယ်။ Capture လုပ်လိုက်ရမယ်။ စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်တဲ့အတွေ့အကြုံလေးကို သတိနဲ့ မြင်အောင် ကြည့်လိုက်။ သတိနဲ့ မြင်အောင် ဖမ်းထားရမယ်။
★ အဲ့ဒီ စိတ်ညစ်လာပြီဆိုရင် စိတ်ရဲ့ အပြုအမူက နှစ်မျိုးပဲ ရှိတယ်။
● တစ်ခုကတော့ သူများကို အပြစ်တင်တယ်။
● တစ်ခုကတော့ ကိုယ့်ကိုယ် အပြစ်တင်တယ်။
ဒီ နှစ်ခုထဲက တစ်ခုခု။ အဲ့လိုပဲလုပ်တယ်။ အဲ့လိုပဲ လုပ်ကြတယ်။
★ သူများကို အပြစ်တင်တဲ့အခါ စိတ်ထဲမှာ နည်းနည်းလေး သာယာသွားတယ်။ “သူ့ကြောင့် သူက ဒီလိုလုပ်လို့၊ သူက မနေတတ်၊ မထိုင်တတ်လို့၊ သူက မပြောတတ်လို့၊ မလုပ်တတ်လို့၊ အသုံးမကျလို့၊ သူနောက်ကျလို့" ဒီလိုဟာမျိုးပေါ့။ List တွေ အများကြီးပဲ။ အဲ့ဒါကိုပဲ ဘုန်းဘုန်းတို့ သုံးနေကြတာလေ။ အဲ့လိုပြောလိုက်ရင် ရင်ထဲမှာလည်း ပေါ့သွားတယ်။
★ ဒါပေမယ့် ဒီဟာက ပြဿနာ တကယ်ဖြေရှင်းရာ မရောက်ဘူးတဲ့။
★ ပြဿနာ တကယ်ဖြေရှင်းရာ မရောက်ရုံတင်မကဘူး။ သူများကိုအပြစ်တင်ရင် သူက နောက်တစ်ခါ စိတ်ညစ်ဖို့အတွက် သူက အားပေးပါတယ်တဲ့။
★ ကိုယ့်ကိုယ် အပြစ်တင်ရင် ဒီအတိုင်းပဲ။
● ငါအသုံးမကျလို့၊ ငါ ဘယ်လိုဖြစ်လို့ ဆိုတာ အဲ့ဒါလည်း ငါ ပဲ။
● သူများကို သွားပြီးတော့ အပြစ်တင်တာလည် ငါပါပဲ။ ငါ လုပ်လိုက်တာ။
★ သူများကို အပြစ်တင်တယ်။
သူများကို အပြစ်တင်ရင် ငါလုပ်တာမှန်တယ်။
သူလုပ်တာ မှားတယ်ဆိုတဲ့ superior complex မျိုး ပါတယ်။ ငါလုပ်တာဟုတ်တယ်။ သူလုပ်တာ ဒီနေရာလေးမှာ ဘယ်လို ဖြစ်နေတယ်။ ဒီနေရာလေးမှာ ဘယ်လိုမှားနေတယ်ဆိုတာ။
★ ဝေဖန်တာ မကောင်းဘူးလားဆိုတော့ ဝေဖန်တာ လိုအပ်လို့၊ လူ့လောကမှာဆိုရင် ဝေဖန်ကြတယ်လေ။
★ ဒါပေမယ့် မနေ့ကပြောသလို တခါတလေကျတော့ ဝေဖန်တာ auto အော်တိုဖြစ်သွားတယ်။ စိတ်ညစ်တာလည်း အော်တိုဖြစ်သွားတယ်။
☆★ Negative emotion ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့ negative emotion ကို သိဖို့က အဲ့ဒါအရေးကြီးဆုံးပဲ။ ဖြစ်လာပြီဆိုတာ သိလိုက်ပြီဆိုရင် အဲ့ဒါ ရာခိုင်နှုန်း၅၀% ကိုယ်က control ရပြီးသား။ စိတ်ထဲမှာ ဘယ်လို negative emotion မျိုး ဖြစ်နေတာလဲ။ မကျေနပ်တာလား။
★ ပြီးခဲ့တဲ့ ၁၂ နှစ်က .. အဲ့ဒီတုန်းကတော့ ခရီးသွားတယ်ဆိုရင် E ticket တို့ဘာတို့ မရှိသေးဘူးလေ။ အဲ့ဒီအချိန်မှာ Email တွေတော့ ရှိနေပါပြီ။ mobile ဖုန်းတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် Blackberry တို့၊ iphone တို့ မပေါ်သေးဘူး။ အဲ့ဒီအချိန်မှာ နိုင်ငံခြားမှာ အကြာကြီးနေပြီးတော့မှ မြန်မာပြည်ကို ဗုဒ္ဓဘာသာများထိပ်သီးညီလာခံအတွက် သီတဂူဆရာတော်ခေါ်လို့၊ အလုပ်များလို့ လက်ထောက် ဘုန်းကြီး ၄ ပါး ခေါ်လာတယ်။ သီရိလင်္ကာမှာ စာသင်နေတဲ့ တပည့်ဦးဇင်းတွေ၊ လည်လည်ဝယ်ဝယ်လေးတွေပေါ့ .. ခေါ်လာတယ်။ အဲ့ဒါ.. သူတို့ကလည်းပဲ ဒီလို event ကြီးတွေမှာ၊ ဒီလို ပွဲကြီးလမ်းကြီးတွေမှာ secretary လုပ်ရတာမျိုးတွေ အတွေ့အကြုံမရှိသေးဘူး။ အဲ့ဒါနဲ့ သူတို့ဟာသူတို့ ရှုပ်နေတာကို ကိုယ်က အလိုလိုနေရင်းနဲ့ ဘေးနားကနေပြီးတော့ စိတ်တိုတာပေါ့နော်။ ကိုယ်က အလိုလိုနေရင်းနဲ့ စိတ်တိုတယ်။
အဲ့ဒီကြားထဲမှာ ဘာဖြစ်တုန်းဆိုတော့ ဘုန်းဘုန်းရဲ့ လေယာဉ်ပျံလက်မှတ် ပျောက်သွားတယ်။ အင်္ဂလန်ပြန်မယ့် လေယာဉ်ပျံလက်မှတ် ပျောက်သွားတယ်။ ဘုန်းဘုန်းခေါ်ပြီးတော့ ဆူတာလေ ခုထိမှတ်မိသေးတယ်။
★ ဆူခြင်းအားဖြင့် ပြဿနာဘာမှ ဖြေရှင်းရာမရောက်ဘူး။ ဆူတော့ဆူလိုက်တယ်။
★ ဆူလိုက်တဲ့အခါကျတော့ စိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားတယ်။ ကိုယ့်စိတ်ကသာ ပေါ့သွားတာ။ ဟို လေးပါးရဲ့ စိတ်က လေးသွားတယ်။ ဒါပေမယ့် အဲ့ဒါ သတိမထားမိဘူးလေ။
အိမ်မှာနေတဲ့ မိဘတွေလည်း ဒီအတိုင်းပဲ တစ်ခါတစ်ခါဖြစ်မယ်။ အလုပ်ရှင်တွေလည်း ဒီအတိုင်းပဲဖြစ်မယ်။ သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ မြင်နေ၊ ကြားနေမှာ။
★ စိတ်ထဲမှာ ကိုယ်လိုချင်တဲ့ ပုံစံမျိုး မဖြစ်လို့၊ ရေသောက်ချင်တယ်ဆိုရင် တခါတခါ နည်းနည်းနွေးတဲ့ဟာလေး။ တခါတခါ နည်းနည်းအေးတဲ့ဟာလေး၊ တချို့လူတွေကျတော့ ကော်ဖီကို ရေခဲထည့်ပြီးတော့ သောက်တယ်လေ။ တစ်ချို့လူတွေကျတော့ အရမ်းပူနေတဲ့ ကော်ဖီကျမှ သောက်ချင်တယ်။ လူ့အလို ဘယ်လိုက်နိုင်မှာတုန်း။ နတ် မလိုက်နိုင်ဘူး။
★ အဲ့ဒီလိုဟာမျိုးတွေ အမြဲတမ်း Frustration ဖြစ်တယ်။ အဲ့ဒါတွေကို တရားထိုင်တဲ့အခါမှာ ဘုန်းဘုန်းက ပြန်ပြီးတော့ စဉ်းစားတယ်။ ပြန်စဉ်းစား။
★ စဉ်းစားပြီးရင် .. ကိုယ်စိတ်တိုတဲ့အခါမှာ၊ ကိုယ် Frustration ဖြစ်တဲ့အခါမှာ ကိုယ့်ရင်ထဲမှာ ဖြစ်တဲ့ ဒီ နာကျင်မှု၊ ဝေဒနာ၊ ဒုက္ခ၊ Pain ခေါ်တာပေါ့။ အဲ့ဒါကို ပြန်ပြီးတော့ in touch ဖြစ်အောင် လုပ်ရတယ်။ keep in touch.
★☆ You have to be in touch with the pain in your heart.
ဒီ.. ကိုယ့်ရဲ့ရင်ထဲမှာ ကိုယ့်ရဲ့ နှလုံးထဲမှာရှိတဲ့ ဒီ.. နာကျင်မှုနဲ့ ကိုယ်က ဆက်သွယ်လို့ မရဘူးဆိုရင် ကိုယ်က တလောကလုံးနဲ့ ဆက်ပြီးတော့ ရန်ဖြစ်တော့တာပဲ။ တလောကလုံး ဘယ်ဟာမှ အလိုမကျနိုင်ဘူး။
အဲ့လို လုပ်တဲ့ဟာတွေ ဘုန်းဘုန်းရဲ့ ဆရာသမားဆီမှာ တွေ့ရတယ်။ ကိုယ်တိုင်လည်း အကြိမ်ကြိမ်လုပ်ဖူးတယ်။ ကိုယ်နဲ့နီးစပ်တဲ့သူတွေ အကြိမ်ကြိမ်တွေ့ဖူးတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ လူတိုင်းပဲ ဆိုပါစို့။
မဟာဗောဓိရုပ်သံလိုင်းမှ ထုတ်လွှင့်သည့်
Oxford ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ

No comments: