" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (8)

Emotion Management (8)
-------------------------------
Team work မဂ္ဂဇင်းထဲမှာ ကဗျာတစ်ပုဒ်ဖတ်ဖူးတယ်။ အခုတော့ Team work မရှိတော့ဘူး။ ဘောလုံးကွင်းထဲမှာ အပြေးပြိုင်တဲ့သူ နှစ်ယောက်ပြေးတယ်။ လူတစ်ယောက် ပထမဆုံး ၀င်လာတယ်။ ပြေးတယ်။ ဘောလုံးကွင်းကို ပတ်ပြီးတော့ ပြေးတယ်။ နောက် ဒုတိယတစ်ယောက်ဝင်လာတယ်။ ပြေးတယ်။ ဘောလုံးကွင်းထဲမှာ လည်နေတဲ့အခါကျတော့ သူတို့ နှစ်ယောက်၊ နောက်မှ ရောက်လာတဲ့ ပွဲကြည့်တဲ့သူက(အပြေးသမား နှစ်ယောက်ထက် နောက်ကျပြီးတော့ ဘောလုံးကွင်းထဲ ရောက်လာပြီး သူတို့ပြေးတာ လာကြည့်တဲ့သူ) က အဲ့ဒီနှစ်ယောက်မှာ ဘယ်သူကရှေ့၊ ဘယ်သူက နောက်ဆိုတာ မသိတော့ဘူး။
★ Emotion က အဲ့လို ဖြစ်သွားတယ်။ ကိုယ့်ဆီကစတာလား၊ သူ့ဆီက စတာလားဆိုတာ မသိတော့ဘူး။
★ ကိုယ်က အတ္တနဲ့ဆိုတော့ ကိုယ်က အချိန်နဲ့ပြောတယ်လေ။ "၂၀၀၅ ခုနှစ်တုန်းက နင်က ငါ့ကို ဘာပြောတယ်" ဆိုပြီး အဲ့ဒီကနေသွားစတာ။ ဒါ အတိတ်ကို ပြောတာ။ ဒါပေမယ့် ဒုက္ခအနေနဲ့ ပြောမယ်ဆိုရင် သူလည်း ဒုက္ခ။ ကိုယ်လည်း ဒုက္ခပဲ။ ဒုက္ခ ဘယ်ကနေစလဲဆိုရင် အစ မရှိတော့ဘူး။ ဗုဒ္ဓက အဲ့ဒါကို ပြောတာ။ အနမတဂ္ဂ သံသာရ။
★ ဒီလို motion က repeated (အဖန်ဖန် အထပ်ထပ်) ဖြစ်လာတယ်။ သံသရာခရီးဖြစ်လာတယ်ဆိုရင် အစ မထင်တော့ဘူးတဲ့။ အဲ့ဒါကိုပဲ "အနမတဂ္ဂ သံသာရ" ခေါ်တယ်
★ ဒါပေမယ့် ဒီ တုပ်နှောင်ထားတဲ့ negative emotion ဆိုတဲ့ ကြိုး အကြိမ်ပေါင်း တစ်ရာ တုပ်နှောင်ထားတယ်ဆိုရင် အကြိမ်ပေါင်းတစ်ရာ ဖြေဖို့ မလိုအပ်ပါဘူး။
☆★ ပညာဆိုတဲ့ အသိဥာဏ်က အရမ်းထက်မြက်တယ်။ တစ်ခါ တစ်ချက်ခုတ်ရုံနဲ့ တစ်ရာလုံးပြတ်သွားတာမျိုးလည်း ရှိတယ်။
★ ကွန်ပျူတာမှာ ဆိုရင်တော့ ကိုယ်ရိုက်တာ အကြိမ် ဆယ်ကြိမ် မှားတယ်ဆိုရင undo ဆယ်ကြိမ်ပြန်လုပ်တယ်။ ဆယ်ကြိမ် click လုပ်ရတယ်။
★ အဲ့လောက်အထိ မလုပ်ရပါဘူးတဲ့။ အားမငယ်နဲ့။ ဆယ်နှစ်ဒေါသဖြစ်လာတယ်။ အဲ့ဒီ ဆယ်နှစ်ဒေါသကို တစ်ရက်နဲ့ ဖြေရှင်းလို့ ရချင်လည်း ရနိုင်တယ်။ ဒါပညာရဲ့ အင်အား။ အသိဥာဏ်ရဲ့ အင်အား။
★ အဲ့ဒါကြောင့် emotional intelligence ဆိုတဲ့ intelligence ဆိုတာ ပညာကို ပြောတာ။ အသိဥာဏ်ကိုပြောတာ။ emotion နဲ့ ပတ်သက်တဲ့ အသိဥာဏ်။
★ မဖြစ်သေးတဲ့ အသိကို ဖြစ်တတ်တယ်လို့
မျှော်လင့်ထားရင်..
★ လူဆိုတာ ဒီလို မှားတတ်တယ်လို့
ကိုယ့်ကိုယ် ဒီလို မကြာမကြာသတိပေးထားရင်
★ ကိုယ်မှားတဲ့အခါ ကိုယ့်ကိုယ် ချက်ချင်း ခွင့်လွှတ်နိုင်တယ်။
မဟုတ်ရင် ကိုယ့်ကိုယ်ခွင့်မလွှတ်နိုင်တာနဲ့ အဲ့ဒီလူ တင်းမာပြီးတော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ ရာနှုန်းပြည့် အားမစိုက်နိုင်ဘူး။ အဲ့ဒီ tension ကိုယ့်ကိုယ် ခွင့်မလွှတ်နိုင်တာက အင်အားတွေကို အများကြီး ယူသုံးနေလို့။
★ဒါ့ကြောင့်ဒီမနက်ပြောတဲ့ဟာ၊ လေ့ကျင့်တဲ့ဟာက surprised factor၊ မမျှော်လင့်ဘဲနဲ့ ထိတ်လန့်တကြားဖြစ်သွားတဲ့ဟာမျိုး၊ မဖြစ်အောင်
• ပထမဆုံး မိမိရဲ့ reaction တွေ ပြန်ပြီးတော့ in touch ဖြစ်အောင် လုပ်တယ်။ ပြန်ပြီးတော့ ဆက်သွယ်တယ်။ ဆွေဟောင်းမျိုးဟောင်းတွေ ပြန်ဆက်သွယ်သလို မျိုး ပြန်ဆက်သွယ်တယ်။
• ကိုယ်နဲ့ ပတ်သက်တဲ့ emotional reaction တွေကိုပြန်ပြီး ဆက်သွယ်တယ်။ အဲ့လို relate ပြန်ပြီး ဆက်သွယ်တယ်ဆိုရင် ဒီထဲမှာ အနည်ထိုင်တယ်လို့ ထင်ထားတဲ့ဟာ တကယ် အနည်မထိုင်ဘူး။
• ဒီ အမှောင်ထဲနေ remote control နဲ့ control လုပ်နေတဲ့ ဒီ negative emotion တွေ အများကြီးရှိနေတယ်ဆိုတာ တွေ့ရတယ်။
• တွေ့လာရင် မီးဖွင့်လိုက်။ ဒါ မီးဖွင့်တာနဲ့ တူတူပဲ။
မီးဖွင့်လိုက်ပြီဆိုရင် မြင်ရရင် ဘာမှ ကြောက်စရာမရှိတော့ဘူး။
မမြင်ရရင်တော့ ၀ါယာကြိုးလား မြွေလားလို့ မသိတဲ့အခါကျတော့ ကြောက်နေတယ်။ အလိုလိုနေရင်း လန့်နေတယ်။
မသိလို့ ကြောက်တာ။
မသိလို့ surprise ဖြစ်တာ။
မသိလို့ reactလုပ်တာ။
မသိတာ အ၀ိဇ္ဇာ၊
react လုပ်တာ သင်္ခါရ၊
အ၀ိဇ္ဇာပစ္စယာ သင်္ခါရ။
ပထမပိုင်းပြီး၏။

No comments: