" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (၇)

Emotion Management (၇)
+++++++++++++++
တရားတစ်ပုဒ်ထဲမှာ ဟောပြီးပါပြီ။ ထပ်ပြီးတော့ ပြောမယ်။
☆ ဟန်ဂေရီမှာ ဘုန်းဘုန်းဆီမှာ နှစ်နှစ်လောက် တရားထိုင်တဲ့ ဒကာတစ်ယောက်။ သူက ကာရာတေး ချန်ပီယံ။ သူ့နိုင်ငံမှာ သူက ချန်ပီယံ။ နိုင်ငံတကာမှာလည်း သူ ဆုရဖူးတယ်။ တစ်နေ့ကျတော့ ပြီးခဲ့တဲ့သုံးနှစ်က ရွာတစ်ရွာမှာ တရားထိုင်နေတုန်း သူလည်း လာထိုင်တယ်။
☆ သူ့လို အားကစားသမား မဟုတ်တဲ့သူတွေက မိနစ်သုံးဆယ်၊ လေးဆယ့်ငါးမိနစ်၊ တစ်နာရီထိုင်တယ်။ သူက ဆယ်မိနစ်လောက်ထိုင်တဲ့အခါ တကိုယ်လုံး နာကျင်လာတယ်။
☆ အဲ့ဒါကို သူ လုံးဝ လက်မခံဘူး။ သူ့ကို စိတ်အကြောင်းတွေပြောပြ၊ စိတ်နဲ့ ဝေဒနာအကြောင်း အဲ့ဒါတွေ ပြောပြတယ်။ အသေးစိတ်တော့ ဒီနေရာမှာ မပြောတော့ဘူး။
☆ ဒုတိယအကြိမ် တရားဝင်တဲ့အချိန်မှာ သူမေးတဲ့ မေးခွန်းလေးက ဘာလဲဆိုတော့ သူ က ဂီတသမားလည်း ဖြစ်တော့ အခု စတူဒီယိုလည်း ဖွင့်ထားတယ်တဲ့၊ တစ်ဖက်မှာလည်း လူငယ်တွေကို ကာရာတေး သင်တန်းပေးတယ်။
★ ကာရာတေးသင်တန်းပေးတဲ့အခါမှာ သဲအိတ်ကို လက်သီးထိုးတော့မယ်ဆိုရင် ထိုးရင် နာမယ်ဆိုတာ သိလျက်နဲ့ ထိုးလိုက်တဲ့အခါမှာ နာလည်းနာတယ်။ အဲ့ဒီ အနာတော့ သူက ခံနိုင်တယ်တဲ့။
★ အရှင်ဘုရားနဲ့ တရားလာထိုင်တဲ့အခါကျတော့ ဆယ်မိနစ်လောက်ထိုင်တဲ့ဟာ နာတာကို တပည့်တော် ဘာလို့ မခံနိုင်တာတုန်းတဲ့။
ဘုန်းဘုန်းက Surprised Factor ကို ပြောပြတယ်။
★☆ သဲအိတ်ကို လက်သီးနဲ့ထိုးမယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ နာမယ်ဆိုပြီးတော့ ကြိုတင်ပြီး မျှော်လင့်ထားတယ်။ ကြိုတင်ပြီး မျှော်လင့်ထားတဲ့ အတွက်ကြောင့်မို့ တကယ်ထိုးတဲ့အခါနာပေမယ့် အဲ့ဒီနာတာကို မျှော်လင့်ထားတော့ နာတဲ့ impact (ဒဏ်)ကို ခံနိုင်တယ်။
★☆ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ရုပ်ရဲ့ဒဏ်၊ လက်သီးနာတဲ့ ဒဏ်ပဲရှိတယ်။ စိတ်ထဲမှာ နာတဲ့ဒဏ် မရှိဘူး။
★ သူတရားထိုင်တဲ့အခါကျတော့ သူ့ကိုယ်သူ ဘယ်လိုမြင်သလဲဆိုတော့ ငါ က အရမ်းကျန်းမာတဲ့သူ။ လူကလည်း ထောင်ထောင်မောင်းမောင်း။ ဘုန်းဘုန်းထက် ခေါင်းတစ်လုံး ပိုမြင့်တယ်။ အရမ်းထောင်ထောင်မောင်းမောင်း။ နှစ် ၂၀ ကျော် ဒီလို အားကစားလုပ်လာတဲ့ပုဂ္ဂိုလ်။ ကျန်းမာရေးဒီလောက်ကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ရဲ့ concept (အယူအဆ) က သူ့ရဲ့ခန္ဓာကိုယ်က အရမ်း ကျန်းမာပြီးတော့ ရောဂါဝေဒနာမရှိဘူး။ နာကျင်မှုမရှိဘူးလို့ သူက ဒီလို ယူဆထားတာ။
● ဒါ့ကြောင့် သူ့ခန္ဓာကိုယ် နည်းနည်းလေး နာလာတာနဲ့ သူက Surprise ဖြစ်တယ်။
နည်းနည်းလေး ထပ်နာရင် surprise ဖြစ်တယ်။
● Surprise ဖြစ်တော့ (လန့်တဲ့အခါကျတော့) စိတ်က react လုပ်တယ်။
● စိတ်က react လုပ်တော့ ရှိနေတဲ့ ရုပ်ဝေဒနာက ကြီးလာတယ်။
● ရုပ်ဝေဒနာပေါ် စိတ်ဝေဒနာ ထပ်ပြီးတော့ ဆင့်လာတယ်။
● စိတ်ဝေဒနာပေါ် ရုပ်ဝေဒနာက ဆင့်လာတယ်။ အဲ့ဒီလိုနဲ့ စိတ်က ရုပ်ကို ရန်ဖြစ်၊ ရုပ်က စိတ်ကို ရန်ဖြစ်။ အဲ့ဒီလိုနဲ့ပဲ သူ ဆယ်မိနစ်ကို ဆယ်နာရီလောက် ကြာတယ်ထင်ရတယ်။
★ နောက်ပြီးတော့ မျက်စိဖွင့်လိုက်တဲ့ အခါကျတော့သူ့လောက် ထောင်ထောင်မောင်းမောင်း မရှိဘူးဆိုတဲ့၊ သူ့လို အားကစားမလုပ်တဲ့ ဘေးကလူတွေက ငြိမ်ငြိမ်လေး ထိုင်နေတာကို သူ လုံးဝမကျေနပ်ဘူး။ အဲ့ဒါလည်းပဲ စိတ်ဝေဒနာကို ပိုပြီးဖြစ်စေတာပဲ။
★ နောက် .. သူမြင်တာက အဲ့ဒီလူတွေက ငြိမ်ငြိမ်လေး ထိုင်နေတာ။ သူတို့မှာ ဝေဒနာမရှိဘူး။ ငါတစ်ယောက်ထဲ ဝေဒနာရှိတယ်။ ငါက ကာရာတေး ချန်ပီယံ။ သူ လုံးဝ လက်မခံဘူး။
★ အဲ့ဒီလက်မခံတာကလည်း နာကျင်တဲ့ဟာကို ပိုပြီး နာစေတယ်။ လက်ခံဖို့က သိပ်အရေးကြီးတယ်။ Acceptance ဆိုတာ တရားမှတ်တယ်ဆိုတာ လက်ခံခိုင်းတာ။
●ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်။
ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ်။ အဲ့ဒါ ဘာလုပ်ခိုင်းတာလဲဆိုတော့ လက်ခံခိုင်းတာ။
● နာတယ်ဆိုရင် နာတာလေးကို ကြည့်ခိုင်းတယ်။ နာနေတယ်။ နာနေတယ်။ အဲ့ဒါ နာတာကို လက်ခံခိုင်းတာ။
● ကြားတယ်ဆိုရင် ကြားတဲ့အသံလေးကို ကြားနေတယ်။ ကြားနေတယ်။ အဲ့ဒါ ဘာလုပ်တာလဲဆိုရင် လက်ခံခိုင်းတာ။
★ ဒုက္ခသစ္စာကို ကိုယ်က လက်ခံလိုက်ရင် ဒီ ဒုက္ခသစ္စာက သူ့ဆီမှာ surprised factor သိပ်မရှိတော့ဘူး။
★ ဒါ့ကြောင့် မြတ်စွာဘုရားက ဒီလောကကြီးဟာ ဒုက္ခတွေနဲ့ ပြည့်နေတယ်။ အလိုမကျတာတွေနဲ့ ပြည့်နေတယ်။ အဲ့လို အမြဲတမ်းတွေးဖို့ပဲ။ တွေးလိုက်တယ်ဆိုရင် လောကကြီးမှာ ဘာ surprised factor မှ မရှိတော့ဘူး။
★☆ ဒီ Negative Emotion ရဲ့ အကြီးဆုံးလက်နက်က ဘာလဲဆိုတော့ ဒီ Surprised factor ပဲ။ ဒါလေးကို ဖြုတ်တာ။
★ ဒ့ါကြောင့်မိမိမှာရှိတဲ့ reaction (တုံ့ပြန်မှု) ၊ ဒီတုံ့ပြန်တဲ့အကျင့်ရှိတယ်။ အဲ့ဒီအကျင့်လေးကို သိအောင်လုပ်ထားတယ်။ မျှော်လင့်ထားတယ်။
★ အလုပ်များရင် စိတ်ဖိစီးမှု ဖြစ်နိုင်တယ်။ stress ဖြစ်နိုင်တယ်။ ဒီလို တုံ့ပြန်တတ်တယ်လို့ ကိုယ့်ကိုယ် သိထားရင် ဒါ Manage လုပ်လို့ရပြီ။
★ ကိုယ်က သိတယ်ဆိုရင် တခြားသူတွေ၊ သူတို့ ပြောဆိုတဲ့အခါမှာ ကိုယ်က စိတ်တိုင်းမကျဘူးဆိုရင် ချက်ချင်းနားလည်နိုင်တယ်။ သူများပြောရင် ချက်ချင်း manage လုပ်နိုင်တယ်။ မဟုတ်ဘူးဆိုရင် အဲ့ဒီ ကိုယ့်ကိုယ် ပြန်ပြီး surprise ဖြစ်။ သူများကို surprise ဖြစ်။ အဲ့ဒါနဲ့ surprise ဖြစ်တာ မဆုံးနိုင်တော့ဘူး။ surprise ဖြစ်တာ မဆုံးနိုင်တော့ဘူးဆိုရင် reaction တွေကလည်း မဆုံးတော့ဘူး။ ဒီ reaction တွေက ပထမဆုံး reaction, နောက် ဒုတိယ၊ နောက် တတိယ၊ နောက်တော့ များလာတဲ့အခါကျတော့ ဘယ်ကနေ စရမှန်း မသိတော့ဘူး။

No comments: