" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (၆)

Emotion Management (၆)
*****************
(မျှော်လင့်ချက်)
***********
နောက်ထပ် ဆယ်မိနစ်လောက် တရားထိုင်မယ်။ ဒီထိုင်တဲ့ဟာက visualization လို့ခေါ်ပါတယ်။
visualization- မျက်စိထဲမှာ မြင်အောင် ပြန်ပြီးတော့ ကြည့်တာ။ အရိပ်ပြန်မြင်အောင် ကြည့်တာ။
• လုပ်ဖော်ကိုင်ဖက်နဲ့ ပတ်သက်တာဖြစ်နေဖြစ်နေ၊
• အလုပ်ရှင်နဲ့ ပတ်သက်ရင် ပတ်သက်မယ်၊
• အလုပ်သမားနဲ့ ပတ်သက်ရင် ပတ်သက်မယ်၊
• မိဘ၊ သားသမီးနဲ့ ပတ်သက်ရင် ပတ်သက်မယ်၊
• ဒါမှ မဟုတ်ရင် လင်မယားကြားထဲမှာ "သူကပဲ အမြဲတမ်း အနိုင်ယူနေတာပဲ"။ ဒီလိုစိတ်တွေ ရှိရင်လည်း ရှိမယ်။
★ အဲ့လို စိတ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ "The pain that your experience" အဲ့ဒီ အချိန်မှာ ရင်ထဲမှာ ဖြစ်လာတဲ့ နာကျင်မှု၊ အဲ့ဒီနာကျင်မှုနဲ့ ပြန်ပြီးတော့ ထိတွေ့ပါ
★ အကောင်းအဆိုး မဝေဖန်နဲ့။ ပြန်ပြီးတော့ ထိတွေ့ပါ။ ထိတွေ့ဖို့ အရေးကြီးတယ်။ အဲ့ဒါတစ်ခု။
★ နောက်တစ်ခုက အစားအသောက်။ ကိုယ် မကြိုက်တဲ့အခါ စိတ်က ဘယ်လို ငြီးငွေ့သွားတယ်။ ဘယ်လို ဝေဖန်ချင်တယ်။ အဲ့ဒီဟာ တစ်ခု။
★ တတိယတစ်ခုကျတော့ မျက်စိအမြင်။ မျက်စိအမြင်ထဲမှာ ကန့်လန့် ကန့်လန့် ဖြစ်နေတဲ့အချိန်မှာ စိတ်က ဘယ်လို React တုံပြန်သလဲ။ ဆိုတာ ဒီသုံးခုကို ဆယ်မိနစ်လောက် ပြန်ကြည့်မယ်။
☆★ Negative emotion က သူက အားကောင်းပြီး အတွေးကိုလည်း negative ဖြစ်အောင် ပြောင်းလဲပစ်တယ်။ အမြင်ကိုလည်း negative ဖြစ်အောင်
ပြောင်းလဲပစ်တယ်။
★★ ဘာကြောင့် အဲ့လောက်ထိ အားကောင်းတာလဲဆိုတော့ အချက်တစ်ချက်ကြောင့် သူက အားကောင်းတာ။
★ ဒီဟာကို အင်္ဂလိပ်လို surprised factor လို့ခေါ်တယ်။ ချောင်ခိုတိုက်ခိုက်တဲ့ပုံစံမျိုး။ ရှောင်တခင်ပေါ်လာတဲ့ အခါကျတော့၊ မမျှော်လင့်ဘဲနဲ့ တွေ့ရတဲ့အခါကျတော့ သိစိတ် (conscious mind) က လန့်သွားတယ်။ လန့်သွားလို့ React လုပ်တာ ။ တုံ့ပြန်တာ။
အဲ့ဒီလိုနဲ့ နံပါတ်တစ် emotion က သူရှိတာထက် ပိုပြီးတော့ အားကောင်းလာတယ်။ ပိုပြီးတော့ dominate လုပ်နိုင်တဲ့ အင်အားတွေ ရှိလာတယ်။
★ ဒီနေရာမှာ ဘာပြောတာတုန်းဆိုတော့ သူစိမ်းတစ်ယောက်က ကိုယ့်ကို မကူညီဘူးဆိုတာကိုယ်က မျှော်လင့်ထားတယ်။ မျှော်လင့်ထားတဲ့အတွက်ကြောင့်မို့လို့ လမ်းသွားနေရင်းနဲ့ တကယ်လို့ ကိုယ့်ပစ္စည်းကျသွားလို့ သူစိမ်းတစ်ယောက်က ကောက်မပေးဘူးဆိုရင် စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
★ အိမ်ပြန်လာတယ်။ အိမ်ထဲရောက်ပြီးပြီ။ ပစ္စည်းတစ်ခုခုကျသွားတယ်။ ကိုယ့်အိမ်သားက မြင်လျက်နဲ့ ၀ိုင်းပြီးတော့ ကောက်မပေးဘူးဆိုရင် စိတ်ထဲမှာ အရမ်းထိခိုက်တယ်။ ဘာလို့ ထိခိုက်တုန်းဆိုတော့ ကိုယ့်အိမ်သားဆိုတော့ ဒါကိုယ့်ကို ကူညီမယ်။ ၀ိုင်းပြီးတော့ ကောက်ပေးမယ်လို့ ကိုယ်မျှော်လင့်ထားတာ။
အဲ့ဒီ expectation (မျှော်လင့်ချက်) က မသိစိတ်ထဲမှာ ရှိတယ်။
● မျှော်လင့်ထားတာက ကူညီလိမ့်မယ်လို့ မျှော်လင့်ထားတာ။
● မမျှော်လင့်ထားတာက မကူညီဘူးဆိုပြီးတော့ မမျှော်လင့်ထားတာ။
★ သူစိမ်းတွေတုန်းကတော့ မကူညီဘူးဆိုပြီးတော့ မျှော်လင့်ထားတယ်။ ဒါ့ကြောင့် သူ မကူညီတာ စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။ သူကူညီတဲ့အခါမှာ စိတ်ထဲက surprise ဖြစ်တယ်။
★ ကိုယ့်အိမ်သားက မကူညီဘူးဆိုရင် surprise ဖြစ်ပြီးတော့ upset (စိတ်ပျက်) သွားတာ။
ဒါ့ကြောင့် Negative Emotion Management မှာ ဒီ Surprised Factor ကို နည်းနိုင်သမျှ နည်းအောင်လုပ်တယ်။
ဒါ ဗုဒ္ဓရဲ့ teaching ၊ မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ မျှော်လင့်ချက်နဲ့ ပတ်သက်တာတွေအားလုံးကို ကိုင်တွယ်တတ်အောင် သင်ပေးတာ။
★ လောကကြီးက မမြဲဘူး၊
★ ဘ၀က မမြဲဘူး။
ဒီလိုတွေ အရင်ဆုံး ကိုယ့်ကိုယ် ပြောထား၊
ကိုယ့်ကိုယ် အသိပေးထား၊ မမြဲဘူး။
တစ်နေ့ကျရင်.... surprised factor မရှိတော့ဘူး။ ကောင်းကောင်းလက်ခံနိုင်တယ်။
သူစိမ်းတစ်ယောက်က ကိုယ့်ကို မကူညီတာကို ကိုယ်က ကောင်းကောင်းလက်ခံသလိုမျိုး ကိုယ်က လက်ခံနိုင်တယ်။ အဲ့လိုပဲ လောကကြီးက တရံတခါ စိမ်းတတ်တယ်။ တရံတခါမဟုတ်ပါဘူး။ အမြဲတမ်းလိုလို စိမ်းတတ်တယ်။ အဲ့လို စိမ်းတယ်ဆိုရင် သူ့သဘာဝပဲလို့ လက်ခံလိုက်ပြီဆိုရင် surprised factor မရှိတော့ဘူး။
ဆက်ရန်

No comments: