" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (၅)

Emotion Management (၅)
*********************
Emotion Block
************
Steve Jobs တို့ iphone ကို တည်ထောင်လာပြီးမှ မတည့်လို့ ကွဲသွားတယ်။ ကွဲသွားတဲ့အတွက်ကြောင့်မို့ Emotional Damage တွေ အများကြီးဖြစယ်။ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် ဒီ Steve Jobs ဆိုတဲ့ iphone ipad တည်ထောင်တဲ့ ပုဂ္ဂိုလ်ဟာ.. သူက ဗုဒ္ဓဘာသာပဲ (Zen Buddhism) ။ နောက်ပိုင်းကျတော့ သူ့ကိုယ်သူပြန်ပြီးတော့ ဆန်းစစ်တာ။ တစ်ချို့ဟာတွေ၊ တစ်ချို့နေရာတွေမှာ သူ ခွင့်လွှတ်သင့်လျက်နဲ့ ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ဒါတွေဟာ emotion ပြဿနာတွေပဲ။ emotion block ဖြစ်နေတာပေါ့။
★ အဲ့တော့ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ဘယ်နေရာလေးမှာ emotion က block ဖြစ်နေလဲ။
England မှာ ဆရာဝန်ကြီးတွေ၊ consultant တွေ များလာရင်၊ နောက် specialist တွေ များလာရင် သူတို့စည်းဝေးတယ်။ ဒီလူနာတစ်ယောက်ကို ဒီလိုကုချင်တယ်။ တစ်ယောက်က ဒီလို ကုချင်တယ်။ ဟိုတစ်ယောက်က ဒီလိုကုချင်တယ်။
လူတိုင်းက သူ့အကြောင်းနဲ့ အကျိုးတွေ သူ့ဟာသူရှိတယ်။ စာတတ်တဲ့သူတွေချင်း၊ ပညာတတ်တဲ့သူတွေချင်းဆိုတော့လေ ကိုးကားချင်ရင် ကိုးကားလို့ရတယ်။ အကြောင်းပြစရာ အများကြီးရှိတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အကြောင်းပြတာက ဒီ လူနာတစ်ယောက်အတွက် မဟုတ်တော့ဘူး။
★ အဲ့ဒီထဲမှာ ငါ ပါလာတယ်။
ဟုတ်တယ်မလား။
☆ ဒီလူတွေ ငါ ပြောတာ နားမထောင်ဘူး။
☆ ငါ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူးဆိုတာ ငါ ပါလာတယ်။
အဲ့ဒါနဲ့ တစ်ချို့ဆေးရုံတွေမှာ ဘုန်းဘုန်း သိတဲ့ဆရာဝန်ကြီးတွေ ပြောပြတာ။ အစည်းအဝေးတက်တယ်ဆိုရင် မိနစ်နှစ်ဆယ်နဲ့ ပြီးရမယ်။ Course of Action, Course of Treatment ဆိုတာက ဒီ လူနာအတွက် ဘယ်လိုကုသရမယ်ဆိုပြီးတော့ ဆရာဝန်ကြီးတွေ တိုင်ပင်တယ်။ မိနစ်နှစ်ဆယ်လောက်နဲ့ ပြီးရမယ့်ဟာ တစ်ချို့ကလည်း တစ်နာရီ၊ တစ်ချို့ကလည်း နှစ်နာရီကြာတယ်။ နှစ်နာရီပြီးတော့လည်း လိပ်ခဲတည်းလည်းဖြစ်နေတယ်။ ဆုံဖြတ်နှေးတတ်တယ်။ သိပ်ပြီးတော့ collaborate ပူးပေါင်းဆောင်ရွက် မလုပ်ချင်တာတွေ၊ စိတ်ပါလက်ပါ မလုပ်ချင်တာတွေ အများကြီးရှိတတ်တယ်။ ဒါတွေက emotional block ပဲ။
ကလေးအထူးကုဆရာဝန်ကြီးတစ်ယောက်ပြောပြတာ.. ဘုန်းဘုန်းတဲ့ တပည့်တော်တို့ ဘယ်လိုလုပ်ရလဲဆိုတော့ Psychologistကို ခေါ်ရတယ်တဲ့။ အစည်းအဝေးလုပ်ရင် Psychologist ခေါ်တယ်။ အဲ့ဒီ Psychologist က တပည့်တော်တို့ တစ်ဦးချင်းနဲ့စကားပြော၊ အဲ့လိုပေါ့။
☆★ negative emotion က တကယ့်ထိပ်တန်းဆရာဝန်ကြီးတွေမှာတောင် ဒီလိုဖြစ်တယ်။ ကုမ္ပဏီကြီးတွေမှာလည်း ဒီအတိုင်းဖြစ်တယ်။ ဒါ့ကြောင့် ဒီစာအုပ်ကို Emotional Intelligence ဆိုတာ.. အခုဆို သူတို့က EQ ဆိုပြီးတော့ ပြောတယ်။ အရင်တုန်းက IQ ပဲ ပြောတယ်။ အခုဆို EQ။ emotion နဲ့ ပတ်သက်ပြီးတော့ သိရတယ်။ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ့်ကိုယ် သိရတယ်။
အဲ့ဒီထဲမှာ သတိပဋ္ဌာန်တရားတို့၊ နောက်ပြီးတော့ ဗုဒ္ဓဘာသာရဲ့ စိတ္တဗေဒ၊ အဘိဓမ္မာကနေ လာတဲ့ဟာတွေ၊ နောက် သစ္စာလေးပါးထဲကလာတဲ့ ဒီ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေ အဲ့ဒါတွေကို အသုံးပြုတယ်။
သစ္စာလေးပါးက ဘာသင်ပေးတုန်းဆိုတော့... စတာကိုက ဒုက္ခဆိုပြီးတော့ စတယ်
★ ဒုက္ခဆိုတာ ပြဿနာလို့ အဓိပ္ပာယ်ရတယ်။ ဒုက္ခဆိုတာ ပြဿနာ။ Problem ပေါ့။ သစ္စာလေးပါးက ဘာလဲဆိုတော့ Problems base approach. ပြဿနာအခြေခံတဲ့ ချဉ်းကပ်နည်းပဲ။
ဒါဖြင့် အခုဒီမနက် အခုကိုယ့်ရဲ့ ရင်ထဲမှာ Negative emotion နဲ့ ပတ်သက်ပြီးတော့ ဘာပြဿနာတွေ ရှိလဲဆိုတာ ဆယ်မိနစ်လောက် ရှာခိုင်းလိုက်တယ်။ တွေ့တဲ့သူလည်း တွေ့မှာပဲ။
တွေ့တယ်ဆိုရင် diagnosis (ရောဂါရှာဖွေတာ) တော်တော်လေး ပြီးပြည့်နေလို့။ Progress ရတယ်ပေါ့။ ဒုက္ခသစ္စာဆိုတာ Diagnosis လုပ်တာ (ရောဂါရှာဖွေတာ)။ ရောဂါရဲ့လက္ခဏာတွေကို ကြည့်တယ်လေ။ symptoms (ရောဂါလက္ခဏာ) တွေကို ကြည့်တယ်။ ခေါင်းကိုက်လား၊ မူးလား၊ အိပ်ပျော်ရဲ့လား။ အစားအသောက်ဘယ်လိုနေတုန်း။ အဲ့ဒါတွေကြည့်တယ်။ နောက်ပြီးတော့ တခါတည်း CT Scan တွေရိုက်ကြည့်။ ရောဂါတွေရှာတယ်။
ဒီင်္အတိုင်းပါပဲ။ အခုလည်းပဲ သူထိုင်ပြီးတော့.. အရင်ထိုင်ခဲ့တဲ့အစည်းအဝေးထဲမှာ ငါ မကြိုက်တဲ့ စကားကြားလိုက်တာနဲ့၊ ငါမကြိုက်တဲ့ Proposal (အဆိုတင်သွင်း) ကြားလိုက်တာနဲ့ ငါ ဘယ်လို react (တုံ့ပြန်)လဲ။ အဲ့ဒါတွေကို ပြန် တွေးတာ။ ဒါ ကိုယ့်ကိုယ် ပြန်ပြီးတော့ CT Scan ဖတ်နေတာပဲ။ emotion အရ CT scan ဖတ်နေတာပဲ။

No comments: