" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, February 21, 2016

Emotion Management (၄)

Emotion Management (၄)
====================
(Negative Emotion ကို မြင်အောင်ကြည့်ခြင်း)
===================
အဖြစ်များတာက ခုခေတ်မှာဆိုရင် အစည်းအဝေးတွေ တက်ကြတယ်။
တက္ကသိုလ်ဆိုရင် တက္ကသိုလ်အလျောက်၊ အတန်းကျောင်းဆိုရင် အတန်းကျောင်းအလျောက်၊ ကုမ္ပဏီဆိုရင်လည်း ကုမ္ပဏီအလျောက်၊ ဘာသာရေးအသင်းအဖွဲ့ဆိုရင် ဘာသာရေးအသင်းအဖွဲ့။ လူမှုရေးအသင်းဆိုရင် လူမှုရေးအသင်း။ ဒီလိုပဲ အစည်းအဝေးတွေလုပ်တာ။
★ မြတ်စွာဘုရားကလည်းပဲ ဘာမှာထားတုန်းဆိုတော့ သံဃာတော်တွေကို အစည်းအဝေး မကြာမကြာ လုပ်ကြ။ အစည်းအဝေးတက်ကြ။
★ အစည်းအဝေးမပြီးခင် မလေးမစားနဲ့ ထ သွားတာမျိုး မလုပ်နဲ့တဲ့။
★ တိုင်တိုင်ပင်ပင်ရှိကြဆိုပြီးတော့ မှာထားတယ်။
ဒါ့ကြောင့်မို့လို့လည်းပဲ သာသနာတော်ကြီးက နှစ်ပေါင်း၂၆၀၀၊ ကမ္ဘာပေါ်မှာ တည်ရှိတာ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းပဲ။
ဒီလိုတည်ရှိလာတာ လွယ်လွယ်ကူကူတော့မဟုတ်ဘူး။
အစည်းအဝေးတက်ဖူးတဲ့သူတိုင်း သိတယ်။
★ ဒါက ဘာတုန်းဆိုတော့ အစည်းအဝေးတက်တယ်ဆိုရင် လူတွေ ပြောကြတယ်။ ကိုယ်ပြောတဲ့ အချိန်လည်းရှိတယ်။ သူများပြောတဲ့ အချိန်လည်းရှိတယ်။ သူများပြောလိုက်တဲ့ဟာ ကိုယ်နဲ့သဘောမတူ၊ အမြင်ချင်း မတိုက်ဆိုင်ဘူးဆိုရင် စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။
★ စိတ်ထဲမှာ တင်းမာသွားတယ်။ တင်းမာသွားတယ်။
★ အဲ့ဒီအချိန်မှာ "ငါ့ရဲ့အမြင်၊ သူတို့က လက်မခံဘူး" ဆိုပြီး ကိုယ့်စိတ်က အဲ့လို Auto Reaction ချက်ချင်းဝင်တယ်။ အဲ့လို ၀င်ပြီးရင် ကိုယ်ကိုယ် အဲ့မှာ ထိုင်နေရတာ Insecure ဖြစ်တယ်။ မလုံခြုံဘူး။
"ငါ့ကို လေးစားတဲ့ဟာ၊ သူတို့က မလေးစားတော့ဘူး"။
"ငါပြောတဲ့အတိုင်း အရင်တုန်းက လက်ခံတယ်။ အခုလက်မခံဘူး"။
ဒါမှ မဟုတ်ရင်လည်း "ငါပြောတာ တခါမှ လက်မခံဘူး" ဆိုပြီးတော့ ဒီလို
ကိုယ်ပြောတာ တစ်ခါမှ လက်မခံရဖူးတဲ့သူကလည်းပဲ သူ့ဟာသူ ‪#‎အားငယ်တယ်‬။ ဒါ Inferior Complex ။ Complex Feeling။ ပါဠိလိုဆိုရင် ဟီနမာန်ခေါ်တာပေါ့။ အဲ့ဒီအတွေးတွေဝင်တယ်။ ဒါလည်း Negative Emotion တစ်မျိုးပဲ။
★ ကိုယ်ပြောတဲ့ဟာ အမြဲတမ်း သူများတွေ လက်ခံတယ်။
ဒီတစ်ကြိမ် လက်မခံဘူးဆိုတာနဲ့ အဲ့ဒီဆရာကြီးကလည်း ဒီလိုပဲ စိတ်ထဲမှာ တင်းမာသွားတာပဲ။ အဲ့ဒါကျတော့ဒါ Superior Complex။ Complex Feeling။ သေယျမာန်ခေါ်တယ်။ ဒီဟာတွေက အနာဂါမ်ဖြစ်တဲ့အခါမှ သူက ပယ်နိုင်တာ။ ဒီ ပုထုဇဉ်အနေနဲ့ ရှိနေတုန်းကတော့ ဒီဒုက္ခနည်းအောင်ပဲ လုပ်နိုင်တယ်။ Manage လုပ်ရတာပေါ့။ အမြစ်ပြတ်အောင် မကုနိုင်ဘူး။ ဒါနဲ့ ထိန်းထားနိုင်တယ်။ ဒုက္ခမဖြစ်သင့်တာတွေ မဖြစ်အောင် ထိန်းထားတယ်။
★ ဒါ့ကြောင့် ဒီ နောက်တစ်ကြိမ်လုပ်မယ့် Exercise က ဒါလေးက ဘယ်လိုလုပ်မလဲဆိုတော့
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကုမ္ပဏီထဲမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်နယ်ပယ် လူမှုရေးအသင်းအဖွဲ့ထဲမှာ ဖြစ်ဖြစ်..
★ ★ ကိုယ်နဲ့ အမြင်ချင်းမတူတဲ့တစ်ယောက်က သူ့ရဲ့ အတွေးအမြင်တွေကို ပြောပြတယ်။ သူ့ရဲ့ သူလုပ်ချင်တဲ့ဟာတွေကို ပြောပြတယ်။
အဲ့ဒီအချိန်မှာ မိမိဆီမှာရှိတဲ့ Reaction အဲ့ဒါတွေကို ပြန်စဉ်းစားပါ။
ပြန်စဉ်းစား။ အဲ့ဒါကို ပြန်ပြီးတော့ in touch ပြန်လုပ်ပါ။
Relate လုပ်တယ်ဆိုတာ ပြန်ပြီးတော့ ဆက်သွယ်တာ။
အင်္ဂလိပ်လိုပြောတာက ဆွေမျိုးလောက relate လုပ်တာ။
ပြန်ပြီးတော့ ဆက်စပ်တာ။
ကိုယ့်ရဲ့ emotion ကို ပြန်ပြီးတော့ ဆက်စပ်တာ။
● အဲ့ဒီအချိန်မှာ ဘယ်လို Tense ဖြစ်သွားတယ်။
● ဘယ်လို တင်းမာသွားတယ်။
● တင်းမာသွားပြီးတော့ နေရထိုင်ရတာ ဘယ်လိုဖြစ်တယ်။
● စကားပြောတာ ဘယ်လို တင်းသွားတယ်။
● ဘယ်လို ဒေါသအသံတွေ ပါသွားတယ်။
● နောက်ပြီးတော့ ဆက်ပြီးတော့ လူတွေကို ဘယ်လို Negative မြင်တယ်။ အဲ့ဒါလေး။
★ ကိုယ့်ဘက်က ဒီလိုပဲ။ ကိုယ်ပြောတာကို မကြိုက်တဲ့လူတစ်ယောက်။
အစည်းအဝေးထဲမှာ ကိုယ်ပြောတာကို မကြိုက်တဲ့လူတစ်ယောက်၊
သူလည်းပဲ ကိုယ့်လိုပဲ သူ့ရဲ့ Pain ၊ နာကျင်မှု ရှိတယ်။
မကြိုက်ဘူးဆိုတာနဲ့ ချက်ချင်း နာကျင်မှုဖြစ်တယ်။
မနေ့ကပြောခဲ့တဲ့ emotion အကြီးစား နှစ်ခုပဲ ရှိတယ်။
ကြိုက်တာနဲ့ မကြိုက်တာ။
★★ အခုဟာက မကြိုက်တာကို ပြောနေတာ။
မကြိုက်တာနဲ့ ပတ်သက်ပြီးတော့ နေ့စဉ်တွေ့နေရတယ်။
မကြိုက်တဲ့လူ၊ မကြိုက်တဲ့အသံ၊ မကြိုက်တဲ့အရာ၊ မကြိုက်တဲ့အစားအစာ၊
ဘယ်လောက်ပဲ ရှောင်ရှောင်၊ သူက တွေ့နိုင်ဖို့အလားအလာတွေ အများကြီး ရှိတယ်။ ဒါ့ကြောင့် ဒီ.. တွေ့တဲ့အချိန်မှာ ဒီ emotion က အကုန်လုံးကို လွှမ်းမိုးမသွားအောင်၊ ဘယ်လို manage လုပ်မတုန်း။
‪#‎အဲ့ဒီတော့‬ အစည်းအဝေးအတက်များတဲ့သူဆိုရင်
● အစည်းအဝေးတက်တဲ့နေရာကို စိတ်ကို ပြန်ပို့လိုက်၊
● ပြန်မြင်အောင်ကြည့်။
● နောက်ပြီးတော့ မိမိနဲ့ အမြင်ချင်းမတူတဲ့လူတစ်ယောက်ကို မြင်အောင်ကြည့်။
● သူပြောတဲ့စကား ပြန်ပြီးတော့ ကြားအောင် နားထောင်၊
● နားထောင်ပြီး မိမိရဲ့ စိတ်ထဲမှာ ဘယ်လိုနေတုန်း။
အဲဒါလေး။ မထင်ရှားသေးဘူးဆိုရင် နောက်တစ်ယောက်၊ မထင်ရှားသေးဘူးဆိုရင် နောက်တစ်ယောက်။ ဒီ အစည်းအဝေးမဟုတ်ရင် နောက်အစည်းအဝေးတစ်ခု။ နောက်အစည်းအဝေးတစ်ခု၊ အဲ့ဒီလိုကြည့်။
★ ဒီ emotion, negative emotion ကို manage မလုပ်နိုင်ဘူးဆိုရင်
မိမိမှာ အာဏာရှိလေ၊ အာဏာများလေ အန္တရာယ်များလေပဲ။
★ အာဏာမရှိရင်လည်းပဲ ဒီ negative emotion က ကိုယ့်ကိုယ်ပြန်ပြီးတော့ အန္တရာယ်ပြုနေတာ။
★ ဒါ့ကြောင့် ဒီ emotion တွေ့အောင်ရှာပါ။
● မကြိုက်တဲ့ဟာ။
● စာဖတ်လိုက်လို့ မကြိုက်တာ။
● အစည်းအဝေးထဲမှာ လူတစ်ယောက်ပြောတာကို မကြိုက်လို့ စိတ်ထဲမှာ reaction ဖြစ်တာ။
● ဒေါသဖြစ်တာ။
● အဲ့ဒီဒေါသက ဘယ်လိုဖြစ်တာ။
● အဲ့ဒီ ဒေါသထဲကို ရောက်အောင် ၀င်ကြည့်ပါ။
● ပြန်ဝင်ကြည့်ပါ။ Assess လုပ်တာပေါ့နော်။
★ ဒီလိုလုပ်ထားတယ်။ လေ့ကျင့်ထားတယ်ဆိုရင် အဲ့လို reaction တွေ ပေါ်လာတာနဲ့ ကိုယ်က ချက်ချင်း ဖမ်းမိတယ်။ ဖမ်းမမိဘူး။ သူလွတ်သွားတယ်ဆိုရင် သူ့ဟာသူ ကြီးထွားသွားတယ်။ ဒါက အစည်းအဝေးထဲမှာ။
‪#‎နောက်တစ်ခုက‬ အစားအသောက်၊။
● ကိုယ်မကြိုက်တဲ့ အစားအသောက်တစ်ခု ပြန်ပြီးတော့ စဉ်းစားလိုက်၊
● ဆိုင်မှာ သွားစားလို့ မကြိုက်တာနဲ့၊
● မတန်ဘူးဆိုပြီးတော့ ဖြစ်ခဲ့တဲ့ အကြိမ်တွေရှိတယ်။ ပိုက်ဆံပေးရတာ မတန်ဘူး။ ဘယ်လိုဖြစ်တယ်။
● သူတို့ ဖျော်တဲ့ကော်ဖီက ဘယ်လိုဖြစ်တယ်။
● လက်ဖက်ရည်က ဘယ်လိုဖြစ်တယ်။
အဲ့ဒီဟာတွေကို ပြန်တွေးကြည့်။
★ အဲ့ဒီအချိန်မှာ reaction ဘယ်လိုရှိလဲဆိုတာ အဲ့ဒါလေး ပြန်ပြီးတော့ in touch ဖြစ်အောင်လုပ်။
♡ နံပါတ်တစ်က ပြောတာ။ နားကနေကြားတာကို react လုပ်တာ။
♡ နံပါတ်နှစ်က လျှာ၊ စားတာလေး ကို react လုပ်တာ။
♡ နံပါတ်သုံး မျက်စိ။
● လူတစ်ယောက်ကို ၀တ်ထားတဲ့အရောင်ပဲဖြစ်ဖြစ်၊
● ဒါမှ မဟုတ် သွားပုံ၊ လာပုံပဲဖြစ်ဖြစ်၊
● နေပုံထိုင်ပုံပဲဖြစ်ဖြစ်၊
● ကိုယ် စိတ်ထဲမှာ နည်းနည်း ကန့်လန့်ကန့်လန့့် ဖြစ်နေတဲ့
အဲ့ဒီတစ်ယောက်ကို ပြန်ပြီးတော့ ကြည့်။
★ သူ့ကိုကြည့်တာထက် ကိုယ့်ကိုယ် ကြည့်တာ။
သူ့ကို ကိုယ်က မှန်လုပ်ပြီးတော့ ကိုယ့်ကို ပြန်မြင်အောင်ကြည့်တာ။
သူကမှန်ပဲ။ ကြည့်မှန်။
အဲ့ဒီ ကြည့်မှန်ထဲကို ကြည့်ပြီးတော့ ကိုယ့်မျက်နှာကိုယ်
ပြန်ပြီးတော့ မြင်အောင်ကြည့်တာ။ ပြန်ကြည့်တာ။
အဲ့လို ကြည့်နိုင်တဲ့ အခါကျမှ "အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ" ဆိုတာ ။
ပညာရှိတွေက မိမိကိုယ်ကိုယ် ပြန်ပြီးတော့ မြင်တယ်။ ပြန်ပြီးတော့ ဆုံးမနိုင်တယ်။
ဒါ ကိုယ့်စိတ်ကိုယ် ပြန်ပြီးတော့ ဆုံးမတာ။
ကိုယ့်စိတ်ကိုယ် ပြန်ပြီးတော့ ဆုံးမနိုင်တဲ့ ပုဂ္ဂိုလ်ကျမှ ကျောင်းမှာဆိုရင်လည်း ကျောင်းမှာ။ အိမ်မှာ ဆိုရင်လည်း အိမ်မှာ။ ကုမ္ပဏီဆိုရင်လည်း ကုမ္ပဏီမှာ control လုပ်လို့ရတယ်။
★ အနောက်နိုင်ငံသားတွေက ဒီဟာကို အသုံးပြုနေတယ်။
စာအုပ်အကြီးကြီးရှိတယ်။ emotional intelligence, Daniel Goleman ရေးတာ။ California တက္ကသိုလ် မှာ psychologist Professor၊
ဗုဒ္ဓဘာသာလေ့လာတာ နှစ်သုံးဆယ်လောက်ရှိပြီ။ ဒီ professor ရဲ့ Emotional intelligence ကိုမ္ဘာပေါ်မှာ နာမည်ကြီး corporate တွေ ဒီစာအုပ်ကို Text Book လို အသုံးပြုတယ်။

No comments: