Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - E)
 ★★★★★★★★★★★★
 🔯 ဒီ auto mind (အော်တို ဖြစ်နေတဲ့စိတ်) ဘယ်လို ကိုင်တွယ်မှာလဲ။ ဘယ်လို manage လုပ်မှာလဲ။
 ★ ဒါကတော့ အင်္ဂလိပ်လိုပြောရင် non-judgmental awareness ။ awareness ဆိုတာ 
သတိပါပဲ။ ဒီ သတိက ဘယ်လိုသတိလဲဆိုရင် non-judgmental. အကောင်းအဆိုး 
မဝေဖန်တဲ့သတိ။ 
 ★ အရာတစ်ခုခုကို သတိဖြစ်လာတယ်၊ ကိုယ့်ရှေ့မှာ လူတစ်ယောက်ယောက် ရှိနေတယ်လို့ သတိဖြစ်လာပါတယ်၊ 
 ●သူကတော့ ဘယ်လိုဝတ်ထားတယ်။
 ● သူကတော့ အထက်နဲ့ အောက် ၀တ်ထားတာ ဘယ်လိုမှန်းလဲ မသိဘူးဆို စိတ်က ချက်ချင်းသွားပြီးတော့ comment  ပေးတဲ့ဟာမျိုးတွေရှိတယ်။ 
 အဲ့ဒါကို judgmental mind လို့ ခေါ်တယ်။ အလိုလိုနေရင်းနဲ့ ဖြစ်တာ။ 
 ★ အဲ့ဒီ judgmental mind က auto mind ပဲ။ ခဏခဏပြောခဲ့တဲ့ အော်တိုစိတ်ပဲ။ 
အဲ့ဒီ စိတ်က အရာရာတိုင်းကို မလိုအပ်ဘဲနဲ့ judge လုပ်တယ်တဲ့။ ဝေဖန်တယ်။ 
 ★တခါတခါ လူကြားထဲရောက်သွားတဲ့အခါမှာ လူတွေကို မကြိုက်တဲ့စိတ်၊ 
ဘယ်အချိန်ပေါ်မှန်း မသိဘူး။ သတိရတဲ့အချိန်မှာ အဲ့ဒီ စိတ်က တော်တော်လေး 
အားကောင်းလာတယ်။ ဒါတွေဟာ judgmental mind ရဲ့ အလုပ်တွေပေါ့။ Function 
တွေပေါ့။ 
 🔯 ဒါ့ကြောင့် non-judgmental awareness ဆိုတာ "အကောင်းအဆိုး မဝေမဖန်နဲ့။" သတိတရားတွေပဲ။
 ● သိရုံပဲသိ။ 
 ● မြင်တယ်ဆိုရင် မြင်တယ်။
 ● ကြားတယ်။ 
 ● စိတ်ထဲမှာ ဒေါသဖြစ်တယ်ဆိုရင် ဒေါသဖြစ်နေတယ်။ 
 ★အဲ့ဒီ ဒေါသကို အကောင်းအဆိုး သွားပြီးတော့ မဝေဖန်နဲ့။ ဒေါသဖြစ်တာ မကောင်းဘူးဆိုပြီး သွားမပြောနဲ့။ 
 ★☆ တရားထိုင်နေရင်းနဲ့ စိတ်ထဲမှာ မျက်စိထဲမှာ ပုံပေါ်လာရင် မြင်တယ်လို့ပဲ မှတ်လိုက်ပါတဲ့။ ကောင်းတယ်ဆိုပြီး မဝေဖန်ပါနဲ့တဲ့။ 
 ဘာဖြစ်လို့တုန်း။ အဲ့ဒီ judgmental mind အကောင်းအဆိုး automatic 
ဝေဖန်နေတဲ့စိတ်ကို သိချင်လို့ သူ့ကို manage လုပ်လို့ရအောင်၊ 
စီမံလို့ရအောင်ဆိုရင် ဘယ်ကနေစရမလဲ ?
 ★ ဒီကနေ စရမယ်။  အကောင်းအဆိုး မဝေဖန်နဲ့။ awareness/ mindfulness သတိတရား။
 ★ သတိပဋ္ဌာန်ထဲမှာ ဝေဒနာနုပဿနာကို
  မြတ်စွာဘုရားဟောတာက သုခဝေဒနာဆိုရင် "သုခဝေဒနာ" လို့ပဲ မှတ်လိုက်၊ သိလိုက်။
  အဲ့လောက်ပဲ သိလိုက်။
 ● ဒုက္ခဝေဒနာဆိုရင် "ဒုက္ခဝေဒနာ"
  အဲ့လောက်ပဲ သိလိုက်။ 
 ★ "ဒုက္ခဝေဒနာ မကောင်းဘူးဟေ့" ဆိုပြီးတော့ "Value Add Judgment" ထပ်ပြီးတော့ အကောင်းအဆိုး၊ တန်ဖိုး ထည့်မပေးပါနဲ့တဲ့။ 
 ★ စိတ္တာနုပဿနာထဲမှာလည်း ဒီအတိုင်းပဲ။ သတိပဋ္ဌာန်ထဲမှာ မြတ်စွာဘုရားက
 ● ဒေါသဖြစ်နေတဲ့စိတ်ဆိုရင်.. 
 ဒီစိတ်က ဒေါသဖြစ်နေတယ်။ 
 အဲ့ဒီဒေါသလေးကိုပဲ သိလိုက်။ 
 ● ဒီစိတ်က ဒေါသမဖြစ်ဘူး။
ေါသမရှိတဲ့စိတ်ကို "ဒေါသမရှိတဲ့စိတ်"
  အဲ့လိုပဲ သိရမယ်
 ● လိုချင်တဲ့စိတ်လည်း "လိုချင်တဲ့စိတ်လေး" ပေါ်နေတယ်လို့ အဲ့လိုလေးသိရမယ်။
 ● လိုချင်တဲ့စိတ် မရှိဘူးဆိုရင် 
 လိုချင်တဲ့စိတ် မရှိဘူးလို့ သိလိုက်။
 ● irritated ဖြစ်နေတယ်။ စိတ်ထဲမှာ မကြိုက်တာတွေဖြစ်နေတယ်။
 ● စိတ်ထဲမှာ အနှောက်အယှက် ဖြစ်နေတယ်ဆိုရင် "အနှောက်အယှက် ဖြစ်နေတယ်" လို့ အဲ့ဒါလေးကို လိုက်ပြီးတော့ သိလိုက်။ 
 ●သတိပဋ္ဌာန်က ဒီလိုသင်ထားတယ်။ 
 ဆက်ရန်...
 
 
No comments:
Post a Comment