" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Wednesday, February 24, 2016

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - D)

Emotion Management & Mindful Compassion တရားပွဲသင်တန်း (Part 1 - D)
************************
(စိတ်ဓာတ်ကျခြင်း)
🔯 Depression ဖြစ်တဲ့သူတွေ၊ စိတ်ဓာတ်ကျ ရောဂါရှိတဲ့သူတွေကို Clinical ဆေးပညာအရ၊ ရောဂါရှာတယ်ဆိုရင် အဓိကက ဘယ်လိုတွေးသလဲဆိုရင်... လူပြိန်းအနေနဲ့ ဘုန်းဘုန်းနားလည်တာကတော့
★ "အဲ့ဒီ စိတ်ဓာတ်ကျတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ မကျေနပ်တဲ့ အကြောင်းအရာတစ်ခုကိုပဲ စွဲနေပြီးတော့ အဲ့ဒီအကြောင်းအရာက တ၀ဲလည်လည်ဖြစ်နေတယ်။"
● အဲ့ဒီထဲမှာ ကောင်းတာ၊ သူ့ဘ၀ထဲမှာ ကောင်းတာတွေ ဘယ်လောက်ပဲများများ အဲ့ဒါတွေ သူ မမြင်တော့ဘူး။
● သူ့ရှေ့မှာ ဘယ်လောက်ကြီး ကောင်းတဲ့အစားအစာ လာချထား။ သူမမြင်တော့ဘူး။
● အင်မတန်ကောင်းတဲ့ အိမ်ကြီး၊ ဘီလီယံတန်တဲ့ အိမ်ကြီးပေါ်မှာ သူက နေနေမယ်။ အဲ့ဒီ အိမ်ရဲ့ အရသာ၊ ပစ္စည်းတွေရဲ့ ဇိမ်၊ သူမခံစားရဘူး။ အကျိုးကျေးဇူး သူမခံစားရဘူး။
👉 သူ့စိတ်က ဘယ်ရောက်နေလဲဆိုတော့ unfortunate incident ဆိုတဲ့ ဘ၀ထဲမှာ..
သူမကြိုက်ဘဲနဲ့ ဖြစ်ခဲ့တဲ့၊ ဖြစ်သွားတဲ့၊ ဖြစ်လာတဲ့ အရာလေးတစ်ခု။ အဲ့ဒီ အရာလေးထဲမှာပဲ စိတ်က သွားပြီးတော့ စွဲနေတယ်။
★ အဲ့ဒါကို spinning mind ခေါ်တာ။ စိတ်က အဲ့မှာပဲ spinning ဖြစ်နေတယ်။ တ၀ဲလည်လည် ဖြစ်နေတယ်။
● အဲ့ဒီလိုဖြစ်လာရင်းနဲ့ အဲ့ဒီပုဂ္ဂိုလ်၊
မနက်ဆိုရင် အိပ်ယာသိပ်မထချင်ဘူး။
စိတ်တွေလေးလံနေတယ်။
ခြေလက်တွေ လေးလံနေတယ်။ ကိုယ်လေးလံနေတယ်။
💛 နောက်တစ်ခုက အဲ့ဒီ ပုဂ္ဂိုလ်ဟာ သူ့ရဲ့ အတွေးနဲ့ သူ့ရဲ့ခံစားချက်၊ Thinking & emotion ခွဲလို့မရတော့ဘူး။
ဘယ်ဟာကတော့ဖြင့် အတွေး၊ ဘယ်ဟာကတော့ဖြင့် စိတ်ခံစားမှု၊
သူ ခွဲလို့ မရတော့ဘူး။
☆★ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် emotion က သူ့ကို dominate လုပ်ထားတယ်။ စိတ်ခံစားမှုက သူ့ကိုလုံးဝချုပ်ကိုင်ထားတယ်။ အဲ့ဒီ ချုပ်ကိုင်ထားတဲ့ ခံစားမှုက negative တစ်ခုပဲ။
● အဲ့ဒါကြောင့် ဒေါသဖြစ်တယ်ဆိုရင်
အဲ့ဒီ ဒေါသက တ၀ဲလည်လည်ဖြစ်တယ်။
● ကြောက်စိတ်ဖြစ်တယ်ဆိုရင်လည်း ဒီလိုပဲ spinning လုပ်နေတယ်။ တ၀ဲလည်လည် ဖြစ်နေတယ်။
တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်
auto mind က speed အရမ်းများပြီးတော့ …
အစတုန်းက ကြောက်စိတ် ကြာကြာလေး တစ်ကြိမ်ဖြစ်တယ်။
🔯 နောက် ဆက်တိုက်၊ ဆက်တိုက်ဖြစ်တယ်။
speed အရမ်းကောင်းတယ်။
Force လည်း အရမ်းကောင်းတယ်။
energy လည်း အရမ်းကောင်းတယ်။ အဲ့ဒါမျိုးဖြစ်လာတယ်။
🔯 အဲ့ဒီ ပုဂ္ဂိုလ်တွေကို oxford တက္ကသိုလ်၊ mindfulness center မှာ သူတို့ကို ပြန်သင်ပေးတာက လမ်းလျှောက်တာက ပြန်သင်ပေးတယ်။
♪ ခြံထဲမှာ ထားတဲ့ ကျောက်လေးတွေ ရှိတယ်မလား။ အဲ့ဒီပေါ်မှာ ဖိနပ်ချွတ်ပြီးတော့ လျှောက်ခိုင်းတာ။
အင်္ဂလိပ်က ဖိနပ်ချွတ်ပြီးတော့ လမ်းလျှောက်တာမှ မရှိတာ။ အဲ့ဒါ ဖိနပ်ချွတ်ပြီး လမ်းလျှောက်ခိုင်းတယ်။
● ခြေထောက်နဲ့ သဲနဲ့ တွေ့တယ်၊ ထိတယ်ဆိုရင် ထိမှန်းသိအောင်၊ “ထိတယ်” ဆိုပြီး ပြန်ပြီးတော့ မှတ်ခိုင်းတယ်။ awareness လုပ်ခိုင်းတယ်။ ပြီးရင် mindful ပေါ့။ ဒီက စကားအနေနဲ့ ပြောမယ်ဆိုရင် မှတ်တာပေါ့။ ထိတဲ့အချိန် “ထိတယ်” မှတ်တာပေါ့။ ထိတယ်ဆိုရင် ထိတဲ့အကြောင်းကို သိတာ။
● နောက်.. ထိတဲ့အခါမှာ ကျောက်ခဲက ဘယ်လိုဖြစ်စေတယ်။
ခြေထောက်မှာ ထိတဲ့အခါမှာ စူးသွားသလား။
အေးသွားသလား။
စိမ့်စိမ့်လေး ခံစားမိသလို ခံစားရလား။ အဲ့ဒါမျိုးတွေ ပြန်ပြောခိုင်းတယ်။
အဲ့လို ပြန်ပြောခိုင်းတော့ လူတွေက သူတို့ရဲ့ emotion ကို သူတို့ relate လုပ်လို့ ရသွားတယ်။
ပြန်ပြီးတော့ capture လုပ်လို့ရတယ်။
နောက်သူတို့ အတွေးနဲ့ သူတို့ emotion နောက်ဆုံးကျတော့ ပြန်ပြီး ခွဲလို့ရသွားတယ်။
● ဒီ ရှစ်ပတ်အတွင်းမှာပေါ့ … အဲ့လို ခွဲလို့ရတဲ့သူတွေ.. ၅၀%က ဆေးသောက်ဖို့ မလိုတော့ဘူးတဲ့။ anti-depressant သောက်ဖို့မလိုတော့ဘူးတဲ့။ ကျန်တဲ့ ၄၇% ကလည်းပဲ သူတို့သောက်နေတဲ့ anti-depressant စိတ်ဓာတ်ကျရောဂါဆေး လျော့ပြီးတော့ သောက်လို့ရတယ်တဲ့။
ဒီ oxford center for mindfulness က စိတ်ရောဂါကု Psychiatry department အောက်မှာ ရှိပါတယ်။ သူတို့သုံးတယ်။ ဒါကတော့ auto mind ရဲ့ အန္တရာယ်ကို ပြောပြတာ။
ဆက်ရန်...

No comments: